http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နောင်ချိုတွင် မူးယစ်ဆေးများ ဖမ်းဆီးရမိ

Wednesday, April 3, 2013
နောင်ချို၊ ဧပြီ ၃။
လားရှိုး မူးယစ်အထူးအဖွဲ့ (နောင်ချိုလှုပ်ရှား) မှ မူးယစ်ဆေးတစ်မျိုးဖြစ်သည့် မက်သာဖက်တမင်း ICE ပုံဆောင်ခဲ သယ်ဆောင်လာသူကို ယနေ့နံနက် ၂နာရီ အချိန်ခန့်တွင် နောင်ချိုမြို့ အ၀င် မိုင်တိုင်အမှတ် ၇၈ အနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဧရာရွှေလီ ခရီးသည် ကားနှင့် လိုက်ပါလာသော ခရီးသည် ကိုဆိုင်နပ်၏ ဘောင်းဘီအိတ်ကပ်အတွင်းမှ ပြီးခဲ့သည့် မတ်လ ၂၅ ရက် နေ့စွဲဖြင့် မသင်ကာဖွယ် ပစ္စည်းပါဆယ် လက်ခံပြေစာ တစ်စောင်ကို တွေ့ရပြီး ဆက်လက်ရှာဖွေရာ ၎င်းသယ်လာသော အသားကင်စက် ၀ဲဘက်နှင့် ယာဘက်အံဝှက်တွင် ကျွတ်ကျွတ်အိတ်ဖြင့်ထည့်ထားသောမူးယစ်ဆေး မက်သာဖက်တမင်း ICE ပုံဆောင်ခဲ အထုပ်နှစ်ထုပ်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အထုပ် တစ်ထုပ်လျှင် ၉၅၀ ဂရမ်ပါရှိပြီး နှစ်ထုပ်ပေါင်း ၁.၉ကီလိုဂရမ်ရှိကြောင်း စုစုပေါင်း ငွေတန်ဘိုးအားဖြင့် သိန်းသုံးရာ့ရှစ်ဆယ်ခန့်ရှိမည်ဖြစ်ကြောင်း လားရှိုး မူးရစ် အထူးအဖွဲ့မှ သိရသည်။ ဖမ်းဆီးရမိသူအား ကွင်းစက် စစ်ဆေးမှုများပြုလုပ်ချက်အရ သားသားနှင့် ကျော်မင်းဆိုသူ ရှိနေသေး ကြောင်း၊ သားသားမှာ ICEပုံဆောင်ခဲများ သယ်ဆောင်ခိုင်းနေသူ အသက်(၃၀)အရွယ် လူငယ်တစ်ဦး ဖြစ်ကြောင်း၊ ကျော်မင်းဆိုသူမှာ ရန်ကုန်တွင်ရှိပြီး မက်သာဖက်တမင်း ICE များကို လက်ခံပေး နေသူဖြစ်ကြောင်း ၎င်း၏ ထွက်ဆိုချက်အရ သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ကိုဆိုင်နပ်နှင့် အတူကွင်းစက်တရားခံ တို့ကို နောင်ချိုရဲစခန်းမှ မယ(ပ)၉/၂၀၁၃၊ မူးစိတ်ပုဒ်မ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကိုထွန်းထွန်း, မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com