http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၂၀၁၅ အတွက်နေရာလိုချင်၍မဟုတ်ကြောင်း ဦးဌေးဦးပြော

April 30, 2013
အစိုးရသစ်တက်လာပြီးသည့် နောက်ပိုင်းနိုင်ငံရေးစိန်ခေါ်မှုများ စွာဖြင့် ရင်ဆိုင်ခဲ့ရပြီး ယင်းသို့ပြည်  တွင်း၌ ဖြစ်ပွားသော အခင်းကြီး  ငယ်ပြဿနာ၊ ပဋိပက္ခများ၏ နောက်ပိုင်းပြည်သူလူထုနစ်နာမှု များနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်များအနေဖြင့် ကိုယ်ပိုင်ထည့်ဝင်အလှူငွေများဖြင့်  လည်းကောင်း၊ အလှူရှင်များဖိတ် ခေါ်ပူးပေါင်း၍လည်းကောင်းရပ်တည် ကူညီမှုများပြုလုပ်ခဲ့ပြီး ထိုသို့ပြု လုပ်ခြင်းမှာလည်းလာမည့် ၂၀၁၅   အထွေထွေရွေးကောက်ပွဲကြီး၌ အနိုင်လိုချင်၍ နေရာလိုချင်၍ မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးဒုဥက္ကဋ္ဌ  ဦးဌေးဦးကပြောသည်။

“တိုင်းပြည်တွင်းမှာဖြစ်နေတဲ့ ဘယ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် ပြည်သူ  လူထုနစ်နာတယ်ဆိုရင် ကျွန်တော်  တို့ကိုယ်တိုင်လုပ်တာလည်းရှိတယ်။  အစိုးရအဖွဲ့လိုလုပ်နိုင်အောင် ပြည်သူအတွက်လုပ်ပေးနိုင်အောင်   တိုက်တွန်းတာလည်းရှိတယ်။ အဲဒီမှာ လွှတ်တော်ကနေတစ်ဆင့် တိုက်တွန်းတာလည်းပါမယ်။ တိုက်ရိုက်အားဖြင့်လည်းပါမယ်။ လက်တလောပြည်တွင်းမှာ ပဋိပက္ခ  တွေဖြစ်တယ်။ ကျွန်တော်တို့က အဲဒီပဋိပက္ခဆိုတာကို ဆန့်ကျင် တယ်။ ပဋိပက္ခရဲ့နောက်ဆက်တွဲ  နစ်နာရရှာတဲ့ပြည်သူလူထုဘက် ကရပ်တည်တယ်ကူညီတယ်ဆို တာနာမည်ကြီးချင်းလို့လည်းမဟုတ် ဘူး။ တကယ့်ရင်ထဲက စေတနာ  အပြည့်နဲ့ ဒါတွေဟာပြည်သူအတွက်  တကယ်လိုအပ်တယ်။ ရပ်တည် ပေးရမယ်ဆိုတဲ့ အသိစိတ်နဲ့ကို ရပ်တည်ကူညီနေတာပါ။ ဥပမာ အနေနဲ့ မိတ်္ထီလာကိစ္စဆိုကျွန်တော်  လည်းလှူတယ်။ ပါတီကလည်း  လှူတယ်။ နောက်ပြီးတော့ ပူးပေါင်းပါဝင်လှူဒါန်းတဲ့ စေတနာ  ရှင်တွေရဲ့ လှူဒါန်းမှုတွေလည်း ပါတယ်။ ဒီလိုလုပ်နေတာတွေ ဟာ ပြည်သူရဲ့ နစ်နာမှုကိုကိုယ် ချင်းစာပြီး ပြည်သူ့အတွက်အကျိုး မဲ့စေတာတွေကို ဆန့်ကျင်မယ်ဆို တဲ့ အသိစိတ်နဲ့ပါ ကျန်တာဘာမှ မပါပါဘူး”ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဦးဌေးဦးကပြောကြားသွား ခဲ့သည်။

ပြည်တွင်း၌လက်တလော ဖြစ်ပွားခဲ့ပြီးသော ပဋိပက္ခအချို့ အပြီးဒေသခံပြည်သူများအိုးမဲ့ အိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်နေခြင်း   အား ပြည်ခိုင်ဖြိုးခေါင်းဆောင်ပိုင်း  အချို့ပြည်ခိုင်ဖြိုးပါတီနှင့် အလှူ ရှင်များမှ ပူးပေါင်းလှူဒါန်းကူညီကာ  ယင်းမှာ ၂၀၁၅ အတွက် ပြည်ခိုင် ဖြိုး၏ကြိုတင်မံဆွယ်မှုတစ်ခုဟု ဝေဖန်မှုအချို့ထွက်ပေါ်ခဲ့ပြီး ယင်း သတင်းမှာ လုံးဝမဟုတ်မှန်ကြောင်း ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ဦးဖြစ်  သူဦးဌေးဦးကရှင်းလင်းပြောကြား လိုက်ခြင်းဖြစ်သည်။
ခန့်ခန့်(ဒဿနိက)
The Hot News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com