http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လယ်ယာလုပ်ငန်းခွင် နှင့် ဓါတုဗေဒဆေးအန္တရာယ်

ပြောင်းလဲလာသောခေတ်နှင့်အညီ လယ်ယာလုပ်ငန်းခွင်သည်လည်း တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စသည့် လယ်ယာသုံး ဓါတုဗေဒဆေးများကို ယခင်ကထက်ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ဒါကြောင့်လဲ လယ်ယာသုံး ဓါတုဗေဒဆေးများကြောင့် တောင်သူလယ်သမားများနှင့် သူတို့ရဲ့မိသားစုဝင်တွေ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ၊ အသက်ဆုံးရှုံးမှုတွေကို မကြာခဏဆိုသလို ဖြစ်ပွါးလာပါတယ်။ တောသူတောင်သားတွေအနေနှင့်လည်း မိမိပတ်ဝန်းကျင်မှာ လယ်ယာသုံး ဓါတုဗေဒဆေးတွေ ပိုးသတ်ဆေးတွေကြောင့် ဒုက္ခရောက်ကြတာတွေကို သိရှိကြမှာပါ။ ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေ ဓာတ်မြေသြဇာတွေအလွန်အကျွံသုံးဆွဲမှုက သီးနှံတွေအပေါ်မှာ ဆေးကြွင်းအာနိသင်တွေ ရှိသင့်တာထက် ပိုမိုပါဝင်လာလို့ စားသုံးသူတွေလဲ ဘေးထွက်ဆိုးကျိုးကို ခံစားရပါတယ်။

လယ်ယာသုံး ဓါတုဗေဒဆေးတွေ ပိုးသတ်ဆေးတွေဟာ ချက်ခြင်းလက်ငင်း အန္တရယ်ပေးနိုင်သလို၊ တဖြည်းဖြည်းခြင်းနှစ်တွေကြာမှလည်း အန္တရယ်ပေးနိုင်ပါတယ်။ ( ဥပမာ - ကင်ဆာရောဂါ၊ အဆုပ်၊ အသဲ၊ ကျောက်ကပ် ရောဂါများ )။ ဒီလို ဓါတုဗေဒဆေးဝါးဘေးအန္တရာယ်(Chemical Hazard)တွေ ဖြစ်လာရတာဟာ အသုံးပြုသူ တောင်သူလယ်သမားတွေအနေနှင့် လယ်ယာသုံး ဓါတုဗေဒဆေးတွေကို ဘယ်လို ဘေးအန္တရာယ် ကင်းကင်းရှင်းရှင်း အသုံးပြုရမယ်ဆိုတာ သိရှိနားလည်သဘောပေါက်မှု အားနဲတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
လယ်ယာသုံး ဓါတုဗေဒဆေးတွေကို မဆင်မခြင် ပေါ့ဆစွာ သုံးစွဲမှုတွေကြောင့် အောက်ပါ ဘေးထွက်ဆိုးကြိုးတွေ ဖြစ်လာနိုင်ပါတယ်။
- အဆိပ်သင့်ခြင်း
- ပျို့အန်ခြင်း
- ခေါင်းကိုက်ခဲခြင်း
- အရေပြား လောင်ခြင်း
- အဆုပ်၊ အသဲ၊ ကျောက်ကပ် ရောဂါများ ဖြစ်ပွါးခြင်း
- သန္ဓေသား ထိခိုက်ခြင်း
- ကင်ဆာ ရောဂါ နှင့်
- အာရုံကြောဆိုင်ရာ ဝေဒနာများ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် တောင်သူလယ်သမားများအနေနှင့် လယ်ယာသုံး ဓါတုဗေဒဆေးတွေကို ဘယ်လိုစနစ်တကျ သိုလှောင်ရမယ်၊ အသုံးပြုရမယ်၊ စွန့်ပစ်ရမယ် ဆိုတာတွေကို သိနားလည်ထားသင့်ပါတယ်။

MSDS( Material Safety Data Sheet)
လယ်ယာသုံး ဓါတုဗေဒဆေးတွေကို အသုံးပြုတော့မယ်ဆိုရင် ဦးစွာ ဆေးအညွှန်းကိုသေချာစွာဖတ်ရှုရပါမယ်။ MSDS( Material Safety Data Sheet) လို့ခေါ်တဲ့ ပစ္စည်းတစ်ခုရဲ့ အန္တရာယ်ကင်းရေးဆိုင်ရာ အချက်အလက်များကိုလဲ နားလည်သဘောပေါက်အောင် ဖတ်ရှုရပါမယ်။ သက်ဆိုင်ရာ ဆေးထုပ်လုပ် ဖြန့်ဖြူးသူတွေအနေနဲ့လည်း ၀ယ်ယူအသုံးပြုတဲ့ တောင်သူတွေကို နားလည်သဘောပေါက်အောင် ရှင်းပြဖို့လိုပါတယ်။ ပြည်တွင်းမှာအသုံးပြုတဲ့ ဆေးတိုင်းကိုလည်း MSDS ကို မြန်မာဘာသာနှင့်ရေသားစေဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနက စီစဉ်ဆောင်ရွက်သင့်ပါတယ်။ ဒါမှလည်း မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်တားဆီးနိုင်မှာပါ။
MSDS( Material Safety Data Sheet) လို့ခေါ်တဲ့ ပစ္စည်းတစ်ခုရဲ့ အန္တရာယ်ကင်းရေးဆိုင်ရာ အချက်အလက်များဟာ အလွန်အဖိုးတန်တဲ့ အချက်အလက်တွေကိုပေးပါတယ်။ MSDS ထဲမှာ
- ဆေး အမည်
- ဓါတုဗေဒ အမည်
- မီးလောင်ပေါက်ကွဲနိုင်သည့် အန္တရာယ်
- ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်
- ဘယ်လို အန္တရာယ်ကင်းအောင်း အသုံးပြုပုံ
- အရေးပေါ် ရှေးဦးသူနာပြုစုနည်း
- ဤMSDSကို ထုတ်ပြန်တဲ့နေ့စွဲနှင့် ပြန်လည်မွန်းမံလျှင် နောက်ဆုံးပြင်ဆင်ခဲ့သော ရက်စွဲ စတာတွေပါဝင်ပါတယ်။

သိုလှောင်ပုံ
လယ်ယာသုံး ဓါတုဗေဒဆေးတွေကို သိုလှောင်ရာမှာ နည်းစနစ်တကျ အန္တရာယ်ကင်းအောင် ထားဖို့လိုပါတယ်။
- ကလေးများနဲ့ လက်လှန်းမမှီနိုင်တဲ့နေရာမှာ ထားပါ၊
- မီးနဲ့ဝေးရာမှာ ထားပါ၊
- အစားအသောက်တွေနှင့် ရောမထားပါနှင့်၊
- ဆေးများကို မူလပုလင်းများ၊ ဗူးများထဲမှာသာ သိမ်းဆည်းထားပါ၊ အခြား ပုလင်း၊ ဗူး၊ ခွက်တွေထဲ မထည့်ထားပါနှင့်၊
- ဆေးဗူး၊ ပုလင်းတွေက တံဆိပ်တွေ၊ အညွှန်းတွေကို မခွါပစ်ပါနှင့် စတဲ့ အခြေခံအချက်တွေကို အနိမ့်ဆုံး လိုက်နာသင့်ပါတယ်။

အသုံးပြုပုံ
လယ်ယာသုံး ဓါတုဗေဒဆေးတွေဟာ ခန္ဓာကိုယ်ထဲကို ပါးစပ်မှတဆင့်၊ အရေပြားမှတဆင့်၊ အသက်ရှုလမ်းကြောင်းမှတဆင့် ၀င်ရောက်နိုင်ပါတယ်။ ဒါကြောင့် အသုံးပြုနေစဉ်မှာ ဆေးအညွှန်းမှာပါတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာရပါမယ်။ အခြေခံလိုအပ်တဲ့ တကိုယ်ရေသုံး ဘေးအန္တရာယ်အကာအကွယ် ကရိယာ (Personal Protective Equipment PPE) တွေကို အသုံးပြု ၀တ်ဆင်ပါ။ ( ဥပမာ- အန္တရာယ်ကင်း မျက်မှန်၊ လက်အိပ်၊ အသက်ရှုအကူကရိယာ၊ ရာဘာဖိနပ်)။ အသုံးပြုပုံကို နားလည်သဘောပေါက်မှ အသုံးပြုပါ။ နားမလည်လျှင်၊ မရှင်းလျှင် နားလည်တက်ကျွမ်းသူကို မေးမြန်းပြီးမှ အသုံးပြုသင့်ပါတယ်။
( PPE ပုံ )

ရောဂါလက္ခဏာ
လယ်ယာသုံး ဓါတုဗေဒဆေးတွေ ပိုးသတ်ဆေးတွေ အဆိပ်သင့်မှုကြောင့် ဖြစ်တက်တဲ့ ရောဂါလက္ခဏာတွေကတော့ မူးဝေခေါင်းကိုက်ခြင်း၊ ချွေးစေးပြန်ခြင်း၊ အော့အန်ခြင်း၊ ကြွက်တက်ခြင်း စတာတွေဖြစ်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကတော့ အသက်ရှုခက်ခဲလာခြင်း၊ မျက်စေ့သူငယ်အိမ် အလွန်ကျဉ်းလာခြင်း၊ သွားရည် နှာရည်များစီးကျလာခြင်း၊ သတိလစ်မေ့မျောခြင်းတို့ ဖြစ်ပါတယ်။
အရေးပေါ် ကယ်ဆယ်ရေး
လယ်ယာသုံး ဓါတုဗေဒဆေးတွေ ပိုးသတ်ဆေးတွေကြောင့် အဆိပ်သင့်လျှင် အောက်ပါအတိုင်း အလျှင်အမြန်ဆောင်ရွက်သင့်ပါတယ်။
- လူနာကို ဆေးဖြန်းသည့်နေရာမှ ဝေးရာသို့ အမြန်ဆုံး သယ်သွားပါ၊
- ဆေးဖြန်းနေစဉ်ဝတ်ထားသည့် အ၀တ်အစားများကို အမြန်ဆုံးလဲပေးပါ၊
- ခြေလက်များကို ရေဖြင့်ဆေးကြောပေးပါ၊
- လူနာထနိုင်လျှင် ခေါင်းမှစပြီး ရေများများလောင်းပေးပါ၊
- ပါးစပ်ထဲဝင်လျှင် လူနာကို သောက်နိုင်သမျှ ရေများများတိုက်ပါ၊
- မျက်လုံးထဲဝင်လျှင် မျက်လုံးကိုဖြဲ၍ ရေများများဖြင့် အနဲဆုံး ၁၅ မိနစ်ခန့် ဆေးကြောပေးပါ၊
- လူနာကို နီးစပ်ရာ ဆေးရုံ ဆေးခန်းပို့ရန်စီစဉ်ပါ။

စွန့်ပစ်ပုံ
အသုံးပြုပြီးသား ဆေးကြွင်းဆေးကျန်များကို လက်လွတ်စပယ် စွန့်ပစ်ခြင်းဟာ မိမိနေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ လယ်ထဲ ချောင်းထဲ စွန့်ပစ်ပါက ပတ်ဝန်းကျင်ညစ်ညမ်းမှုအပြင် သတ္တ၀ါများကိုသေကြေပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆေးအကြွင်းအကျန်တွေကို စနစ်တကျ စွန့်ပစ်သင့်ပါတယ်။ ဆေးများကိုလည်း လိုသလောက်သာ အသုံးပြုသင့်ပါတယ်။

ပညာပေးရေး
သက်ဆိုင်ရာ ၀န်ကြီးဌာနအနေဖြင့်လည်း တောင်သူလယ်သမားများ ဘေးအန္တရယ်ကင်းရှင်းရေးအတွက် ၊သတင်းစာ၊ ရေဒီယို/ရုပ်မြင်သံကြား စတဲ့ မီဒီယာများမှတဆင့် အခါအားလျှော်စွာ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကွင်းဆင်းပညာပေးဟောပြောခြင်များပြုလုပ်သင့်ပါတယ်။ ဆေးထုတ်လုပ်ဖြန့်ဖြူးသူတွေအနေဖြင့်လည်း ဆေးညွှန်းများကို ရှင်းလင်းစွာ ရေးသားဖော်ပြပေးခြင်း၊ သုံးဆွဲသူတောင်သူလယ်သမားများကို ဆေးအသုံးပြုပုံကို နားလည်သဘောပေါက်အောင်ရှင်းပြခြင်း၊ အခြေခံလိုအပ်တဲ့ တကိုယ်ရေသုံး ဘေးအန္တရာယ်အကာအကွယ် ကရိယာ (Personal Protective Equipment ,PPE) များကို ပံ့ပိုးပေးခြင်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

စကားစပ်မိ၍ ပြောရပါအုံးမယ်။ ရုပ်မြင်သံကြား ကြေညာတွေမှာ တွှေတွေ့နေရတာက မင်းသားမင်းသမီးများ ပိုးသတ်ဆေးများကို ကခုန်ပြီး ဘာအကာအကွယ်မှမပါ ပတ်ဖြန်းပြနေတာ ဟာ တကယ်ကိုဆိုးပါတယ်။ ဒါတွေကိုကြည့်ပြီး မသိနားမလည်တဲ့ တောသူတောင်သားများဟာ မှားယွင်းတဲ့ အသိတွေ ၀င်လာနိုင်ပါတယ်။ တောင်သူလယ်သမားများအနေနှင့်လည်း မိမိအန္တရာယ် ကင်းရှင်းရေး၊ ပတ်ဝန်းကျင် အန္တရာယ် ကင်းရှင်းရေးအတွက် လယ်ယာသုံး ဓါတုဗေဒဆေးတွေ၊ ပိုးသတ်ဆေးတွေကို ဂရုတစိုက် အသုံးပြုသင့်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် တောင်သူလယ်သမားများရဲ့ ဘေးအန္တရယ်ကင်းရှင်းရေးဟာလည်း တိုင်းပြည်အတွက် အရေးကြီးပါတယ်။ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်မှာ ဘေးအန္တရယ် ကင်းရှင်းကြပါစေ။
ဇေလတ်။ ပဲခူး သတင်းစဉ်
ကိုးကား-
-အေးငြိမ်း(လေးမျက်နှာ) - လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး
-Better Health Channel - Farm Safety ( Handling Agrichemicals )

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com