http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆန္ဒပြချီတက်သူများ ရဲတပ်ဖွဲ့၏ ပိတ်ဆို့မှုအပေါ် မည်သို့ ဆောင်ရွက်မည်ကို ဆက်လက်ဆွေးနွေး

ဆားလင်းကြီး၊ ဧပြီ ၂၆။
ဧပြီလ ၂၅ ရက်က ဖမ်းဆီးခံခဲ့ရသော ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင် ကိုအောင်စိုးနှင့်
ဆည်တဲရွာသားနှစ်ဦး ပြန်လွှတ်ပေးရန် ဆန္ဒပြ တောင်းဆိုမှုကို ယနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ရာ ၀က်မှေးရွာသစ်ရှေ့ အရောက်တွင် ရဲတပ်ဖွဲ့ဝင်များက စည်းသုံးစီးတား၍ စည်းများအား မကျော်ရန်နှင့် ကျော်လွန်ပါက အရေးယူ ရှင်းလင်းမည်ဟု အသိပေး တားမြစ်ခဲ့သည့် အတွက် မည်သို့ ဆက်လက် လုပ်ကိုင်သွားမည်ကို
ဝက်မှေးရွာသစ်တွင် ဆွေးနွေးတိုင်ပင်လျက် ရှိကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ဝက်မှေးရွာသစ်ရှေ့တည့်တည့်မှာ လုံထိန်းအင်အား ၂၀၀ လောက်နဲ့ ပိတ်ထားတယ်။ လုံးဝ လမ်းမဖွင့်ပေးတဲ့
အတွက်ကြောင့် ဒေသခံတွေ အနေနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ ဖြစ်လာတဲ့ အခါကျ ကျွန်တော်တို့ အနေနဲ့ မဖြစ်သင့်တာတွေ မဖြစ်ရအောင် ငြိမ်းငြိမ်ချမ်းချမ်နဲ့ နောက်ပြန်ဆုတ်ပေးခဲ့ပါတယ်”ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုစန်းမောင်က ပြောကြားသည်။

ဧပြီ ၂၅ ရက်နေ့တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ထားသည့် မြေပေါ်တွင် ထွန်ယက်ကြသောကြောင့် ကိုအောင်စိုး၊
ဦးမောင်ဆန်းနှင့် ကိုစိုးသူတို့ကို ရိုက်နှက် ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့နောက် ဒေသခံပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သောကြောင့် နှစ်ဖက်ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြကြောင်းလည်း သိရသည်။

ထို့သို့ အကြမ်းဖက် ဖမ်းဆီးအရေးယူမှုကြောင့် ယနေ့နံနက်၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ
ဝက်မှေး၊ ဆည်တဲ၊ ကံတောရွာသစ်တို့မှ လူအင်အား ၅၀၀ ခန့်ဖြင့် ဖမ်းဆီး အရေးယူထားသူများအား လွှတ်ပေးရေး၊ မိမိလယ်ယာမြေပေါ်တွင် ထွန်ယက်လုပ်ကိုင်ခွင့် ရရှိရေး စသည်တို့ကို တောင်းဆိုပြီး ညောင်ပင်ကြီး ရဲစခန်းရှေ့သို့ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ချီတက်လာသည့်အပေါ် ရဲတပ်ဖွဲ့မှစည်းသုံးစည်းတား၍ ပိတ်ဆို့ထားခဲ့ကြောင်း၊ ထိုစည်းသုံးစည်းတွင် တတိယစည်းကို ကျော်လာပါက ပစ်ခတ်နှိမ်နင်းမည်ဟု သတိပေး ပြောဆိုကြောင်း၊ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်သည့်အတွက် မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို ဆွေးနွေးနေကြ ဖြစ်ကြောင်း ကိုစန်းမောင်က ဆက်လက်ပြောကြားသည်။

ယခုအချိန်တွင် ရဲတပ်ဖွဲ့ဝင်များမှ အင်အား ၃၀၀ ခန့်ဖြင့် ပိတ်ဆို့ထားသည့်အတွက် ဆက်လက် ထွက်ခွာရန်
မဖြစ်နိုင်သေးကြောင်း၊ မိမိတို့ဘက်မှ မည်သို့ ဆက်လက်လုပ်ကိုင်မည်ကို ဆွေးနွေးညှိနှိုင်းပြီး အချိန်ထိ စောင့်ကြည့်မည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များဘက်မှ အကြမ်းဖက်မှုများ လုပ်ဆောင်လာပါက တုံ့ပြန် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ ရင်ဆိုင်ရန်လည်း အသင့်ပြင်ဆင်ထားကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။
ဝေယံ
The Myanmar Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com