http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကေအိုင်အေ တပ်သားသစ် ဆက်တိုက်စုဆောင်း

ရန်ကုန်၊ ဧပြီ ၂၈
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ညှိနှိုင်းနေသည့်ကာလတွင် တိုက်ပွဲများ ငြိမ်သက်သွားပြီ ဖြစ်သော်လည်း ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေက မိုးညှင်းခရိုင်တွင် တပ်သားသစ် စုဆောင်းရေး ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက The Voice သို့ ဆက်သွယ် ပြောကြားသည်။

မိုးညှင်းခရိုင် ဟိုပင်မြို့နယ်ခွဲ နန့်ရင်း ကျေးရွာတွင် ဧပြီလ၂၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ရွာသားငါးဦး တောင်ယာ လုပ် နေစဉ် ကေအိုင်အေတပ်ဖွဲ့ဝင် ခုနစ်ဦးက လာရောက်ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ယင်းမြို့နယ်ရဲစခန်း၏ ကနဦး သတင်းပေးပို့ ချက်များအရ သိရသည်။

ဧပြီလ၂၃ ရက်နေ့ကလည်း မိုးညှင်း မြို့နယ် မော်ဟန်ကျေးရွာ အနီးရှိ ကျောက်စိမ်း နှင့် ရွှေထွက်ရှိရာ နန့်မချီ မှော်တွင် ရွှေလုပ်သား တစ်ရာကျော်ကို ဖမ်းဆီးခဲ့၍ လုပ်သားအချို့ ကို တစ်ဦးလျှင် ငွေကျပ်တစ်သောင်း၊ ငါးထောင် သို့မဟုတ် ကျပ်နှစ်သောင်းဖြင့် ရွေးထုတ်ခဲ့ရပြီး ကျန်လုပ်သားများကို တပ်သားသစ် စုဆောင်းရေးအဖြစ် ခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများ၏ အဆိုအရသိရသည်။

မိုးညှင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးက "အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တိုးတက်လာလို့ ဒေသခံတွေက ဝမ်းသာနေတာ။ ဒီလိုအချိန်မှာ စုဆောင်းရေး ဆွဲတော့ စစ်ရေးပြင်ဆင် တာလား ဆိုပြီး စိုးရိမ်နေကြပြန်ပြီ" ဟု ဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း ဟိုပင်မြို့နယ် နန်းရင်းကျေးရွာမှ ရွာသားနှစ်ဦးနှင့် ကြာကြီးကွင်း ကျေးရွာမှ ရွာသားနှစ်ဦး ကို တပ်သားစုဆောင်းရေး အဖြစ် ဖမ်းခေါ်သွားသည့် အပြင် အင်းတော်ကြီးဒေသရှိ မပျဉ်၊ ပန်းလား၊ ချောင်းဝကျေးရွာ တို့တွင် တပ်သားစုဆောင်းမည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားထားကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့သည် ဧပြီလ ဆန်းပိုင်းတွင် ငြိမ်းချမ်းရေး ဆွေးနွေး ရန် စီစဉ်ထားကြောင်း ငြိမ်းချမ်းရေးအကျိုး တော်ဆောင်များထံမှ သိရသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com