http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မန်ယူ ရန်ပုံငွေပွဲမှ ရရှိငွေနှင့် ဒေါ်လာ သုံးသောင်း သုံးနေရာလှူမည်

IMG_0442
ရန်ကုန်၊ ဧပြီ ၂၆။
လာမည့် မေလ (၉)ရက်နေ့တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည့် မန်ယူ ကစားသမားဟောင်းများနှင့်
မြန်မာအသင်းတို့၏ ရန်ပုံငွေ ခြေစမ်းပွဲစဉ်မှ ရရှိသော ကွင်းဝင်ကြေးငွေကို နေရာ သုံးနေရာသို့
ခွဲဝေ လှူဒါန်းမည် ဖြစ်ပြီး ဧရာဝတီဖောင်ဒေးရှင်းမှလည်း ဒေါ်လာ သုံးသောင်း လှူဒါန်းမည်
ဖြစ်ကြောင်း သိရသည်။

ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က “ ဒီပွဲစဉ်ကရတဲ့ ကွင်းဝင်းကြေးနဲ့ စပွန်စာရတဲ့
ငွေကြေးတွေကို နေရာသုံးနေရာခွဲဝေ လှူဒါန်းသွားမှာပါ၊ လောလောဆယ်တော့
ဧရာဝတီဖောင်ဒေးရှင်းက အဲဒီ သုံးနေရာအတွက် ဒေါ်လာ တစ်သောင်းစီ သုံးသောင်း လှူဖို့
စီစဉ်ထားပါတယ်”ဟု ယနေ့ ညနေ ၄ နာရီခွဲက Park Royal Hotel ၌  ပြုလုပ်သော စာနယ်ဇင်း
ရှင်းလင်းပ္ပွဲ္ပ္ပတွင် ပြောကြားသည်။

အဆိုပါ ပွဲစဉ်ကို ဧရာဝတီ ဖောင်ဒေးရှင်း၊ CEA Myanmar နှင့် Park Royal Hotel
တို့ကစီစဉ်ခြင်းဖြစ်ပြီး ရရှိမည့် ကွင်းဝင်ကြေးငွေများ ကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊
ဆေးရုံနှင့် HIV ပြန်လည်ထူထောင်ရေး လုပ်ငန်းများသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် မန်ယူ ကစားသမားဟောင်းများသည်  မြန်မာနိုင်ငံ
ဘောလုံးအားကစားနည်း ပြန့်ပွားအောင် ကူညီလိုသည့်အပြင် လူမှုရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လိုသည်ဟု သိရကြောင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဆက်လက် ပြောကြားသည်။

၁၉၉၉ ခုနှစ်က မန်ချက်စတာ ယူနိုက်တက် အသင်းနှင့်အတူ ဆုဖလား သုံးလုံး ရရှိခဲ့သော အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင် တို့အပါအဝင် မန်ယူ ကစားသမားဟောင်း များ ဖြစ်ကြသည့် လီရှပ်နှင့် ဘလက်မိုးတို့လည်း ပါဝင်လာမည် ဖြစ်ပြီး မြန်မာအသင်းဘက်မှ လက်ရွေးစင် စီနီယာ ကစားသမားများ၊ မြန်မာနေရှင်နယ်လိဂ် မှ နိုင်ငံခြားသား ကစားသမားများ ပါဝင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။

ကွင်းဝင်ကြေးကိုလည်း ပုံမှန် နှုန်းထားအတိုင်း (၁ဝဝဝ)ကျပ်နှင့် (၅ဝဝ)ကျပ်သာ သတ်မှတ် ထားကြောင်း
သိရပြီး ပွဲမစမီ ဖျော်ဖြေရေးများနှင့်လည်း တင်ဆက်သွားမည် ဟု သိရသည်။
ထက်နောင်နောင်
The Myanmar Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com