http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အသက်ဆုံးရှုံးခဲ့ရသည့် ပဋိပက္ခအပြီး သံသယရှိသူများကို ထပ်မံဖမ်းဆီးထားကြောင်း တရုတ်အစိုးရပြောကြား


ဘေဂျင်း၊ ဧပြီ၂၉။
တရုတ်နိုင်ငံအနောက်ပိုင်း ကျင်ဂျင်းပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် လူ၂၁ ဦးထိသေဆုံးစေခဲ့သော အာဏာပိုင်များနှင့်
တိုက်ခိုက်သူများကြား ပဋိပက္ခနှင့် ဆက်နွယ်သော သံသယရှိသူများကို ထပ်မံဖမ်းဆီးကြောင်း
တရုတ်နိုင်ငံပိုင်သတင်းမီဒီယာတွင် ယနေ့ပါရှိသည်။

လွန်ခဲ့သည့် ရက်သတ္တပတ် အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် ၎င်းပဋိပက္ခတွင် ရဲအရာရှိ ၁၅ ဦး သေဆုံးပြီး
အရပ်သားတိုက်ခိုက်သူဘက်မှ လူ ၆ ဦးသေဆုံးခဲ့ရာ လူ ၈ ဦးကို ဖမ်းဆီးထားပြီးဖြစ်သည်။

အာဏာပိုင်များက ၎င်းအုပ်စုကို အကြမ်းဖက်သူများဟု ဖော်ပြထားခဲ့သည်။

ယခုလ သေဆုံးမှုသည် ၎င်းနယ်တွင် လွန်ခဲ့သည့် လများအတွင်း အဖြစ်အပျက်တစ်ခုတည်းတွင် သေဆုံးမှု
အမြင့်မားဆုံးဖြစ်ခဲ့ပြီး ဒေသခံ အာ ဏာပိုင်များ၊ ဟန်တရုတ်တို့နှင့် အူဂါလုမျိုးစုများအကြား ပဋိပက္ခ
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တရုတ်ဗဟိုရုပ်သံ(စီစီတီဗီ)တွင် အခြားသံသယရှိသူများကိုလည်း ဖမ်းဆီးထားပြီး စစ်ဆေးနေကြောင်း
တနင်္လာနေ့က ထုတ်ပြန်ခဲ့သော်လည်း အရေအတွက်ကို မထုတ်ပြန်ခဲ့ပေ။

ဖောက်ခွဲရေးပစ္စည်းများလည်းမိထားကြောင်း ပါရှိပြီး အကြမ်းဖက်ဆန့်ကျင်ရေးရုံးနှင့်
ပြည်သူ့လုံခြုံရေးဝန်ကြီး မန်ဟောင်ဝေ၏ ပြောကြားချက် များကိုလည်း ကိုးကားတင်ပြချက်များဖြင့်
ထုတ်လွှင့်ခဲ့သည်။

စီစီတီဗီတွင် သေဆုံးခဲ့ရသူရဲများနှင့် အရာရှိများအတွက်ဝမ်းနည်းအထိမ်းအမှတ်ပွဲ၏ ပုံရိပ်များကိုလည်း ထုတ်လွှင့်ခဲ့သည်။

၎င်းပွဲသို့ မစ္စတာမန် အပါအဝင် ဒေသခံပါတီနှင့် အစိုးရရုံးများမှ လူပေါင်းတစ်ထောင်ကျော်
တက်ရောက်ကြောင်း သိရသည်။

အူဂါအရေးဦးဆောင်တက်ကြွလှုပ်ရှားသူတစ်ဦးက အဖြစ်အပျက်၏ တရားဝင်ထုတ်ပြန်ချက်ကို မေးခွန်းထုတ်ခဲ့ရာ
ဒေသခံများပြောကြားချက် အရ ရဲများက အိမ်များအတွင်း တရားမဝင်ရှာဖွေရာတွင် အူဂါလူငယ်တစ်ဦးကို
ရဲများပစ်ခတ်ရာမှ စတင်ဖြစ်ပွားသည်ဟု သိရကြောင်း ဂျာမန် အခြေစိုက် ကမ္ဘာ့အူဂါကွန်ဂရက် မှ
ပြောရေးဆိုခွင့် ရှိသူ ဒီလ်ကျက် ရာကျစ် ပြောကြားသည်။

အာဏာပိုင်များက အစိုးရဖက်မှ သေဆုံးသူများတွင် ၁၀ ဦးသည် အူဂါများဖြစ်ကြောင်း၊ နှစ်ဦးသည်
ဟန်တရုတ်ဖြစ်ကြောင်း ကျန်နှစ်ဦးသည် မွန်ဂိုးလီးယားများဖြစ်ကြောင်း အူဂါလူမျိုးနှစ်ဦးသည်
ဒဏ်ရာရရှိကြောင်း အစောပိုင်းက ကြေညာချက်ထုတ်ခဲ့သည်။

တိုက်ခိုက်သူများ၏ လူမျိုးနွယ်စုအမည်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ကျန်ဂျင်းပြည်နယ်သည် အာရှအလယ်ပိုင်း၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နယ်စပ်များနှင့်
နီးစပ်သောနယ်ဖြစ်ပြီး အူဂါလူမျိုးသန်းပေါင်းများစွာ နေထိုင်ကာ ဘာသာရေးနှင့်
ယဉ်ကျေးမှုနယ်ပယ်တွင် ဘေဂျင်းအစိုးရ၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု ပြောဆိုမှုများ
ရှိ ကြောင်း သိရသည်။

ဟန်လူမျိုးများကို ဦးစားပေးသော ဥပဒေအောက်တွင်နေထိုင်ရကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

တရုတ်အာဏာပိုင်များက လူနည်းစုများကို မျှတစွာဆက်ဆံကြောင်း လူနည်းစုနေရာများတွင်
နေထိုင်မှုဘဝများမြှင့်တင်ရေး အတွက် ဒေါ်လာဘီလျံနှင့်ချီ ကုန်ကျခံသုံးစွဲကြောင်း ပြောကြားထားသည်။
Ref:AP
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com