http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရန်ကုန်မြစ်အတွင်း ကားတင်သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိ

Monday, 29 April 2013
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ အချင်းချင်းတိုက်မိပြီး မြန်အောင်သင်္ဘောမှာ လုံးဝနစ်မြုပ် သွားခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင် သင်္ဘောသည် စက်သုံးဆီများအား မော်လမြိုင် ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာခဲ့ရာ ဧပြီ ၂၈ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မှော်ဝန်းမီးပြဗော်ယာသို့ ကွေ့လာချိန်တွင် သီလ၀ါ MIPL ဆိပ်ကမ်း၌ မော်တော်ကားများချပြီး ရန်ကုန်မြစ်ဝသို့ ပြန်လည်ထွက်ခွာလာသော Malacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင် သင်္ဘော၏ ၀ဲဘက်အလယ်ပိုင်းတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် မြန်အောင်သင်္ဘောမှာ တစ်ဖက်သို့ တိမ်းစောင်းခဲ့ကာ ရေများဝင်ရောက်၍ မျောပါသွားခဲ့ပြီး Chokey shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ်ကမ်း အနီးတွင်) လုံးဝနစ်မြုပ်သွားခဲ့ခြင်း
ဖြစ်သည်။

နစ်မြုပ်ခဲ့သည့် မြန်အောင် ရေယာဉ်တွင် သင်္ဘောသား ၁၇ ဦး ပါဝင်ပြီး၊ ယင်းသင်္ဘောသားများအား တပ်မတော်(ရေ)မှစစ်သင်္ဘောနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရေယာဉ်တို့မှ အသီးသီး ကယ်တင်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင်သင်္ဘောအား ရေယာဉ်မှူး ဦးစံတင်မောင်းနှင်ခဲ့ပြီး၊ Malacca Highway သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး(Pilot 39)တို့ အသီးသီး မောင်းနှင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ မြန်အောင်ရေနံတင် သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းရင်းအား ရေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှူးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အခြားတာဝန်ရှိ အဖွဲ့အစည်း အသီးသီး ပါဝင်သောအထူး စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားခဲ့သည်။

''သင်္ဘောတိုက်မိခဲ့ပြီးချိန်မှာပဲ တပ်မတော်(ရေ)နဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရေယာဉ်တွေက ချက်ချင်းကယ်တင်နိုင်ခဲ့လို့ လူအသေ အပျောက်မရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သင်္ဘောလုံးဝ နစ်မြုပ်သွားတဲ့ နေရာက သင်္ဘောတွေ သွားလာနေတဲ့ ရေလမ်းကြောင်းနဲ့လည်း လွတ်ကင်းမှုရှိလို့ သင်္ဘောတွေ သွားလာမှုကို ထိခိုက်မှုမရှိပါဘူး။ ရေနံတင် သင်္ဘောကလည်း စက်သုံးဆီတွေကို မော်လမြိုင်ဆိပ်ကမ်းမှာ ချထားခဲ့ပြီးဖြစ် တဲ့အတွက် မြစ်ရေပြင်ညစ်ညမ်းမှု ဖြစ်စဉ်အတွက် စိုးရိမ်စရာမရှိပါဘူး။ အခုဖြစ်စဉ်ကို အထူးစုံစမ်းစစ်ဆေး ရေးခုံရုံးဖွဲ့ပြီး စစ်ဆေးသွားမှာပါ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်း မောင်က ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြစ်ကြောင်းအတွင်း မြန်အောင်သင်္ဘော နစ်မြုပ်ခဲ့သည့်နေရာ၌ အချက်ပြ မီးဗော်ယာတစ်လုံးချထားပြီး ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောသည် အလျား ၆၃ ဒသမ ၅ မီတာ၊ အနံ ၁၃ မီတာ၊ ရေစူး ၃ မီတာနှင့် တန်ချိန် ၁၁၂၅ တန်ရှိပြီး၊ Malacca Highway သင်္ဘောမှာ တန်ချိန် ၁၇၀၀၀ ရှိကြောင်း သိရသည်။

Malacca Highway သင်္ဘောအား လက်ရှိတွင် ထွက်ခွာခွင့်မပြုဘဲ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားထားကြောင်း သတင်းရရှိပါသည်။ နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောအား မြန်မာ့ရေန ဓာတုလုပ်ငန်းမှ အမြန်ဆုံးပြန် လည်ဆယ်ယူ သွားမည်ဖြစ်ကြောင်းလည်း သတင်း ရရှိပါသည်။
eleven media group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com