http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အခန်းပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်

TH29.4.13(1)
ရန်ကုန်၊ ဧပြီ ၂၉။
အမှတ် ၆၇၂/၆၈၀၊ ကုန်သည်လမ်းနှင့် ၂၈ လမ်းထိပ်တွင် နေထိုင်ကြသော မိသားစုများမှ
အခန်းပြန်လည်ရရှိရေး ဆန္ဒထုတ်ဖေါ်မှုကို ယနေ့နံနက် (၉း၀၀) နာရီတွင် ယင်းနေရာ၌ ပြုလုပ်သည်။

“ ဒီအဆောက်အအုံက အရင်တုန်းက နှစ်ထပ်တိုက်ပါ။ အန်တီတို့က မြေညီထပ်မှာ နေထိုင်ကြတာ၊ အခန်း ၅
ခန်းရှိတယ်။ မိသားစုက ၄ စုရှိတယ်။ အပေါ်ထပ်မှာက အ.မ.က (၁) ပန်းဘဲတန်း ကျောင်းရှိတယ်။
၂၀၀၉ခုနှစ် နိုဝင်ဘာ ၂၈ရက်မှာ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် မြို့တော်စည်ပင်က သတ်မှတ်ခဲ့ပြီးတော့၂၀၁၀ မတ်လ ၂၁ရက်မှာ အခန်းကနေဖယ်ပြီး အခန်းသော့တွေကို အိုးအိမ်ကို အပ်ခဲ့ရတယ်။ ဘာအခွင့်အရေးမှမရပါဘူး။ အန်တီတို့နေတဲ့ မြေညီထပ်က ပြည်သူပိုင် အခန်းတွေဆိုတော့ အိုးအိမ်ကို အခန်းလခတွေ သွင်းရပါတယ်။

အန်တီတို့ ဖက်ကလည်း (Up to Date) အခန်းခတွေ ပေးသွင်းထားတာပါ။ အခန်းချထားပေးတဲ့
စာရွက်စာတမ်း အထောက်အထားတွေလည်း ရှိပါတယ်။ အန်တီတို့က သူများနေရာ ကျူးကျော်နေ ထိုင်ကြတာ မဟုတ်ပါဘူး။ အခု (၃)နှစ်ကျော်လာပြီ။ အဆောက်အအုံကို လည်း ပြန်ဆောက်နေကြပါပြီ။ ဒါပေမယ့်မြေညီထပ်မှာ နေထိုင်ခဲ့ကြတဲ့ မူလနေထိုင်သူ အန်တီတို့ကိုတော့ ဘာမှအသိပေးတာ မရှိဘူး။ အကြောင်းကြားတာမရှိဘူး။ သက်ဆိုင်ရာ ပညာရေး ၀န်ကြီးဌာနကို အကြိမ်ကြိမ် စာတင်တာလည်း အကြောင်း မပြန်ဘူး။

အဲ့ဒါကြောင့် အန်တီတို့ဘက်က ဆန္ဒဖေါ်ထုတ်ကြတာပါ။ အန်တီတို့ ဆန္ဒကတော့ ကိုယ့်အခန်း ကိုယ် ပြန်ရဖို့ပါပဲ။ ကိုယ့်အခန်းကို ပြန်လိုချင်ပါတယ်” ဟု အခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်သိန်း သိန်းက ပြောကြားသည်။

အဆိုပါ ဆန္ဒပြသူများသည် နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံနေကြရသည်ဟု ထင်မြင်မိကြကြောင်း၊ ယခုကဲ့သို့ဆန္ဒပြမှုအား သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနမှ အရေးတယူပြုလုပ်ခြင်း မရှိပါက  ဆက်လက်
ဆန္ဒပြသွားကြမည်ဖြစ်ကြောင်း ယင်းဆန္ဒပြသူများက ပြောကြသည်။

မိမိကိုယ်ပိုင်အခန်းများ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖေါ်ရာတွင် အခန်းပြန်လည်ရရှိရေး ဒို့အရေး၊
နိုင်ငံသား နစ်နာမှု အရေးယူပေး၊ အဆောက်အအုံ ဆောက်လုပ်နေမှုရပ်တန့်ပေးစသည့် ကြွေးကြော်သံများ
ကြွေးကြော်ကြပြီး လူဦးရေ ၂၀ခန့် ပါဝင်ဆန္ဒပြခဲ့ကြသည်။
သီဟ
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com