http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တာမွေ ရာပြည့်ဈေး တိုးချဲ့ဆောက်လုပ်ရာ၌ လက်ရှိဈေးသူဈေးသားများ နေရာပြန်မရမည်ကို စိုးရိမ်

ရန်ကုန်၊ ဧပြီ ၂၆။
လာမည့် မေလ ၄ရက်နေ့မှစတင်၍ တာမွေမြို့နယ်ရှိ ရာပြည့်ဈေးအား ၁၂ထပ်တိုက်ဆောက်လုပ်မှုကြောင့်
ယင်းကန်ထရိုက် ဆောက်လုပ်ပြီးစီးသွားပါက နေရာ ပုံမှန်ပြန်မရမည်ကို စိုးရိမ်နေကြကြောင်း ယင်းဈေးတွင်နှစ်ပေါင်း ၂၀ကျော်ကြာရောင်းချလျက်ရှိကြသည့် သားငါးတန်းမှ ဈေးရောင်းသူအချို့၏
ပြောကြားချက်အရ သိရသည်။

“အခုက ဈေးဝန်ထမ်းတွေက ၅လပိုင်း ၁ရက်နေ့ ဈေးပြောင်းရွှေ့ရမယ်ဆိုပြီး ဒီလ ၇ရက်နေ့က
သတိပေးစာလာကပ်သွားတယ်။ ဘာမှ သေ သေချာချာလည်းမပြောဘူး။ ဘယ်ကုမ္ပဏီမှန်းလည်း မပြောတော့။ ဈေးသည်တွေက သဘောမတူဘူးဖြစ်နေတယ်။ ပိုဆိုးတာက ဒီဈေးကို ၁၂ ထပ် တိုက်ဆောက်ပြီး မြေညီထပ်မှာ ပေးမယ်လို့ ပြောထားပေမယ့် တကယ်လက်မှတ်ထိုးပြီး တရားဝင်လုပ်ပေးတာမျိုးမရှိတော့ အားလုံးက ပုံမှန်နေရာပြန်မရမှာ စိုးရိမ်နေကြတယ်”ဟု အဆိုပါဈေးတွင် တစ်ဆိုင်တည်းရှိသည့် အမဲသားရောင်းချနေသူ ဒေါ်လှဝင်းက ပြောကြားသည်။

ထို့ပြင် ယင်းသို့ အဆင့်မြင့်ဆောက်လုပ်မည်ဖြစ်သည့်အတွက် ပြန်လည်နေရာချထားပေးခြင်းများအား
အာမခံတရားဝင်စာချုပ်သဘောမျိုးဖြင့် မပေးပါက ယင်းနေ့တွင် ဖယ်ရှားပေးမည်မဟုတ်ကြောင်းနှင့်
၁၂ထပ်တိုက် ဆောက်လုပ်သည့်အချိန်၌လည်း ယခင်က ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင်
ပြောင်းရွှေ့ရောင်းချရန် စီစဉ်ပေးမည်ဆိုသော်လည်း ယခုတွင် တာမွေအခွန်လွတ်ဈေး၌
နေရာချထားပေးခြင်းမှာ အဆင်မပြေ မှုများ ရှိနေကြောင်း သားငါးတန်း၌ ဝက်သားရောင်းချသူ
ဒေါ်ချိုချိုမြင့်က ဆိုသည်။
ယင်းသို့ စိုးရိမ်မှုများရှိနေခြင်းနှင့် စပ်လျဉ်း၍ အောင်ကောင်းကျော်ကုမ္ပဏီ၏ CEO ဖြစ်သူ
ဦးအေးစိုးမှ ယင်းရာပြည့်ဈေးအား ၁၂ထပ်တိုက် အဖြစ် ပြန်လည်ပြုပြင်ဆောက်လုပ်ရာတွင်
နှစ်နှစ်ခန့်အချိန်ယူဆောက်လုပ်မည်ဖြစ်ကြောင်းနှင့် လက်ရှိရောင်းချနေသည့် ဈေးသည်များ အတွက်လည်း
မြေညီထပ်ဆောက်လုပ်ပြီးစီးပါက ပြန်လည်နေရာချပေးသွားရန် သက်ဆိုင်ရာများနှင့် အာမခံထားပြီးကြောင်း ဧပြီလ ၂၆ရက် နေ့တွင် အဆိုပါဈေး အား လေ့လာကြည့်ရှုစဉ် ဈေးသူဈေး သားများနှင့်တွေ့ဆုံ၍ ပြောကြားချက်မှ သိရသည်။

“ပထမတော့ ဗဟန်းက ဗိုလ်စိန်မှန်ကွင်းမှာ ရောင်းချဖို့ စီစဉ်ပေးသေးပါတယ်။ ဒါပေမယ့် ဗဟန်းကလူတွေက တာမွေကလူတွေကို လက်မခံ ဘူး။ ပြီးတော့ အဲဒီကွင်းကိုသွားကြည့်တဲ့ ကျွန်တော်တို့ကုမ္ပဏီကဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးထားလို့ သွားထုတ်ပေးရတာတွေ ရှိတယ်။ ဘယ်လိုမှညှိလို့မဆင်မပြေဘူး။ အဲဒါကြောင့် ယာယီအနေနဲ့ ဒီဈေးရဲ့ ကိုက် ၁၀၀ပတ်လည်မှာရှိတဲ့ အခွန်လွတ်ဈေးမှာ နေရာချပေးရတာ ဖြစ် ပါတယ်။ ဒီတိုက်ဆောက်တဲ့အခါမှာ မြေညီထပ်ပြီး တာနဲ့ သူတို့ကို နေရာပြန်ပေးမှာပါ”ဟု ၎င်းက သတင်းမီဒီယာများသို့ ပြောကြားသည်။

အဆိုပါ ရာပြည့်ဈေး၌ လက်ရှိရောင်းချနေသည့် ဈေးဆိုင်ခန်းပေါင်း ၅၀၀နီးပါးခန့်ရှိကြောင်း
သိရှိရပြီး ယင်းဆောက်လုပ်မှုပြီးစီးပါကလည်း သင်္ကန်းကျွန်းဈေးထက် သာအောင်
အဆင့်မြင့်ပြုလုပ်သွားမည်ဖြစ်ကာ ဈေးဆိုင်များ၏ လုံခြုံရေးများအတွက်လည်း
လုံခြုံရေးကင်မရာများနှင့် မီးအချက်ပေးစနစ်များ တပ်ဆင်ပေးသွားရန် စီစဉ်ထားကြောင်း ထပ်မံသိရသည်။
TMA
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com