http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာပြည်တွင် ကမ္ဘာ့အသိဉာဏ် ပစ္စည်းနေ့ အခမ်းအနား ပထမဆုံးအကြိမ်ကျင်းပ

ရန်ကုန်၊ ဧပြီ ၂၆။
ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ အခမ်းအနားကို ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ မြန်မာ့သိပ္ပံနှင့် နည်းပညာ
သုတေသန ဦးစီးဌာန၌ ဧပြီလ ၂၆ ရက်တွင် “တီထွင်ဖန်တီးချက် မျိုးဆက်သစ်အတွက်” ဟူသော ဆောင်ပုဒ်ဖြင့် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Wipo Convention ကို ၁၉၇၀ ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံသည် ၂၀၀၁ ခုနှစ်တွင် Wipo ၏
၇၆ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာကြောင်း၊ သို့သော် ယခုမှ ယင်းပွဲကို ပထမဆုံးအကြိမ်
စတင်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

“အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဟာ လူသားအားလုံးနဲ့ သက်ဆိုင်တယ်။ မူပိုင်ခွင့်ဟာ Intellectual Property
ကို ကာကွယ်ပေးတာ မရှိဘူးဆိုရင် အသစ်အသစ်တွေကို သွားနိုင်မှာ မဟုတ်ဘူး။ လူသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှု
စွမ်းရည်ဟာ ကန့်သတ်လို့ မရတဲ့အတွက် ဒီအရင်းအမြစ်တွေကို အသုံးချပြီး စီးပွားရေး၊ လူမှုရေးနဲ့
သိပ္ပံနည်းပညာတွေကို တိုးတက်အောင် လုပ်ရမယ်” ဟု မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသန ဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးက ပြောကြားသည်။

ယနေ့ ပြုလုပ်သော ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ အခမ်းအနားသည် မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ဗဟုသုတ
ဖွံဖြိုးတိုးတက်ရန် အတွက်သာ မဟုတ်ဘဲ လူထုကြားတွင် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို
ထိရောက်စွာ အသုံးပြုနိုင်ခွင့်အပြင် စီးပွားရေး၊ လူမှုရေး ကဏ္ဍများပါ ပိုမိုတိုးတက်လာစေရန်
ရည်ရွယ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“၂၀၀၆ မှာ private centre အနေနဲ့ ကျင်းပခဲ့တယ်။ ၂၀၀၉ လောက်ကစပြီး Intellectual
Property နဲ့ ပတ်သတ်လို့ ဂုဏ်ပြုဆု ပေးတာမျိုးတွေ ရှိခဲ့ပေမယ့် ဝန်ကြီးဌာန အနေနဲ့တော့ ဒါ
ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးက ပြောသည်။

ကမ္ဘာ့ အသိဉာဏ်ပစ္စည်း ဆိုင်ရာ အဖွဲ့အစည်း  Wipo က  Wipo Convention ကို ၁၉၇၀ ခုနှစ်မှစ၍
ကျင်းပခဲ့ပြီး ကမ္ဘာ့အသိဉာဏ် ပစ္စည်းနေ့ကို ဗဟုသုတများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်ဖန်တီးနိုင်မှု
စွမ်းအား မြှင့်တင်နိုင်စေရန်၊ အဖွဲ့ဝင်နိုင်ငံများအတွင်း အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ
မျှဝေနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၀၁ ခုနှစ်တွင် Wipo ၏ ၇၆
ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာကြောင်း၊ သို့သော် ယခုမှ ကမ္ဘာ့အသိဉာဏ် ပစ္စည်းနေ့ အခမ်းအနားကို
ပထမဆုံးအကြိမ် စတင်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ရည်မွန်
The Myanmar Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com