http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နွေဦးတိုက်ခိုက်မှုကို အရာရှိသုံးဦးသေဆုံးမှုဖြင့် စတင်၊ နောက်ထပ်တိုက်ခိုက်မှုများလာမည်ဟု တာလီဘန်တို့ပြောကြား

Afghanistan
ကဘူးလ်၊ ဧပြီ ၂၈။
တာလီဘန်တို့သည် နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် နိုင်ငံခြားတပ်စခန်းများ ၊ အစိုးရအအရာရှိများနှင့်
အာဖဂန်ရဲတပ်ဖွဲ့ကို ဦးတည်လုပ်ဆောင် သည့် အကြမ်းဖက်မှုများ ပါဝင်မည့်
နွေဦးအကြမ်းဖက်မှုများစတင်ပြီဖြစ်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင်
ပြောကြားသည်။

တနင်္ဂနွေနေ့နံနက်ပိုင်းတွင် အာဖဂန်နိုင်ငံဂန်ဇီပြည်နယ်တွင် လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး
ရဲအရာရှိသုံးဦးသေဆုံးခဲ့ကြောင်း ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ နာဘီဂျန်ကပြောကြားသည်။

ဂန်ဇီ ဒုရဲတပ်ချုပ်သည်လည်း၎င်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင်ပါဝင်ပြီး ကျန်အရာရှိနှစ်ဦးသည်
ဒဏ်ရာရရှိကြောင်း ဂျန်က ပြော ကြားသည်။

တာလီဘန်တို့က ၎င်းတို့တိုက်ခိုက်ကြောင်းပြောကြားပြီး ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“ဒီနေ့မှာ ကျွန်တော်တို့တွေရဲ့တိုက်ခိုက်မှုသစ်တွေထဲက ပထမဆုံးပါ၊ ဂန်ဇီနယ်၊ ကယ်ပီဆာနယ်နဲ့
နန်ဂါဟာနယ်အပါအဝင် နယ်အများအပြား မှာ တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်” ဟု
တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာ မူဂျာဟီက စီအန်အန်ကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေဟာနိုင်ငံခြားတပ်တွေအာဖဂန်ကထွက်ခွာရေးကို ဖိအားပေးဖို့အတွက် တိုက်ခိုက်မှုတွေကို
ပိုပြီး လုပ်ဆောင်ဖို့ စီစဉ်ဖို့ မျှော် လင့်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမေရိကန်အကူအညီပေးအားထုတ်မှုဖြင့် အစွန်းရောက်များနှင့် အာဖဂန်အစိုးရတို့ကြား
စေ့စပ်ညှိနှိုင်းမှုများလုပ်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အစွန်းရောက်များ၏ ယခုနှစ်နွေဦးတိုက်ခိုက်မှုသည် ၂၀၁၄အကုန်တွင် အမေရိကန်တပ်များနှင့်
အခြားနိုင်ငံခြားတပ်များ ရုတ်သိမ်းရန် ပြင်ဆင်ထားမှုများနှင့် နိုင်ငံ၏ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတော်
အာဏာရရှိရေးကို ရည်ရွယ်လုပ်ဆောင်ကြောင်း သိရသည်။

ဧပြီလသည် ယခုနှစ်အတွက် တိုက်ခိုက်မှုကြောင့် သေဆုံးမှုတွင် အဆိုးဝါးဆုံးလလည်းဖြစ်ခဲ့သည်။

အေပီ၏ စစ်တမ်းအရ နိုင်ငံတစ်ဝှမ်းတိုက်ခိုက်မှုများအတွင်း အာဖဂန်လုံခြုံရေးတပ်များ၊ အရပ်သားများနှင့်
နိုင်ငံခြားသားတပ်များမှ သေဆုံးသူ စုစုပေါင်း ၂၅၇ ဦးရှိကြောင်း သိရသည်။ အစွန်းရောက်ဘက်မှလည်း လူ
၂၁၇ ဦးသေဆုံးခဲ့သည်။

လွန်ခဲ့သည့် နှစ် ဧပြီလကလည်း အရပ်သားများ၊နိုင်ငံခြားတပ်သားများနှင့် အာဖဂန်လုံခြုံရေးတပ်သား
စုစုပေါင်း ၁၇၉ ဦးသေဆုံးခဲ့ပြီး အစွန်း ရောက် တပ်သား ၂၆၈ ဦးသေဆုံးခဲ့သည်။

သို့သော်လည်း ကဘူးလ်ရှိ အမေရိကန်ထိပ်တန်းဗိုလ်မှူးကြီးက နိုင်ငံတစ်ဝှမ်း
လုံခြုံရေးအခြေအနေတိုးတက်လာကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
Ref:CNN
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com