http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဗင်နီဇွဲလားသမ္မတ မဒူရို ကျူးဘားနှင့် ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဟု ပြောကြား

ဟာဗားနား၊ ဧပြီ-၂၈။
ဗင်နီဇွဲလားသမ္မတမဒူရိုသည် သမ္မတသက်တမ်းပထမဆုံးခရီးစဉ်အဖြစ် ကျူးဘားနိုင်ငံသို့ရောက်ရှိပြီး စနေနေ့က လုပ်ငန်း၅၁ ခုကို နှစ်နိုင်ငံ လက်တွဲလုပ်ဆောင်မည့် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

သမ္မတမဒူရိုက ယခုနှစ်တွင် လူမှုဘဝတိုးတက်ရေး အတွက် အမေရိကန်ဒေါ်လာ နှစ် ဘီလျံကို
နှစ်နိုင်ငံအတူတကွသုံးစွဲမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပြီး ၎င်းငွေကို လုပ်ငန်း ၅၁ ခုအတွက် သုံးရန် သို့မဟုတ် အခြားလုပ်ငန်းများအတွက်သုံးရန်ရည်ရွယ်မရွယ်ဆိုသည့် အချက်ကို မရှင်းလင်း ပေ။

ယခုလာရောက်လည်ပတ်မှုသည် မဟာမိတ်ဟောင်း ဟူဂိုချားဗက်ကွယ်လွန်ပြီးနောက် ကျူးဘားအနေနှင့် ၎င်းတို့၏ အကြီးဆုံးမဟာမိတ်နှင့် စီးပွားဖက်ဖြစ်သည့် ရေနံကြွယ်ဝသည့် နိုင်ငံ ဗင်နီဇွဲလားနှင့် ဆက်ဆံရေးအပေါ်စိုးရိမ်မှုများရှိနေခြင်းကို သက်သာစေခြင်းဖြစ်သည်။ ဗင်နီဇွဲ လားမှ ဆီများနှင့် ငွေများသည် ကျူးဘားနိုင်ငံ၏ စီးပွားရေးအကြပ်အတည်းကို သက်သာစေပြီး နှစ်နိုင်ငံအစိုးရသည် နှစ်ဦးသဘောတူလုပ် ကိုင်သောလုပ်ငန်း ၃၀ ခန့်ရှိပြီး အများစုသည် ဗင်နီဇွဲလားတွင် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဒီကိုလာရောက်တာဟာ ကျူးဘားပြည်သူတွေ၊ ဗင်နီဇွဲလားပြည်သူတွေနဲ့ လက်တင်အမေရိကက ပြည်သူတွေအကုန်လုံးဟာ လက်တွဲလုပ်ဆောင်သွားမယ်ဆိုတာပြောဖို့ဖြစ်တယ်၊ အချိန်အကန့်အသတ်မရှိတဲ့ မဟာဗျူဟာကျ သမိုင်းဝင်မဟာမိတ်ဖြစ်မှုကို တရားဝင်ဖြစ် အောင်လာတာဖြစ်တယ်၊ အဲဒါဟာ မဟာမိတ်ဆိုတာထက် ညီနောင်သားချင်း သဘောပိုဆန်ပါတယ်” ဟု ဟာဗာနာမြို့၊ ကွန်ဗင်းရှင်းစင်တာ တွင် ကျင်းပသော
သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲတွင် သမ္မတ မဒူရိုက ပြောကြားခဲ့သည်။

မကြာသေးမီက ရွေးကောက်ခံရသော သမ္မတမဒူရိုက ၎င်းသည် ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်ကယ်စထရိုနှင့် ငါးနာရီကြာတွေ့ဆုံခဲ့ ကြောင်း၊ သမ္မတဟောင်းချက်ဗက်စ်ကို သတိရကြောင်း၊ ၎င်းခေါင်းဆောင်နှစ်ဦး၏ နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်ခဲ့ပုံကို အမှတ်ရကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

မစ္စတာမဒူရိုသည် ဧပြီ ၁၄ ရွေးကောက်ပွဲတွင် ပွတ်ကာသီကာအနိုင်ရကာ ကွယ်လွန်သူ သမ္မတဟောင်း
ချက်ဗက်နေရာတွင် ဆက်ခံနိုင်ခဲ့ ကြောင်း သိရသည်။

အတိုက်အခံသေမ္မတလောင်းက ကျူးဘားနှင့် ပတ်သက်သော ဆက်ဆံရေးအပေါ် ဗင်နီဇွဲလား ရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲနှင့် နိုင်ငံရေးအချက်အလက်များနှင့် ချိန်ဆပြီး ပြစ်တင်ပြောကြားမှုများရှိခဲ့သောကြောင့် ကျူးဘားနိုင်ငံသားများသည် ၎င်းတို့၏ စီးပွားရေး အတွက် စိုးရိမ်မှုများရှိခဲ့သည်။

ကျူးဘားနိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံမှ တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၁၀၀၀၀ကို ငွေကြေးနှင့်
ဗင်နီဇွဲလားနိုင်ငံအတွင်း ဆေးဖက်ဆိုင်ရာ ဝန်ထမ်း အပါအဝင် ကျူးဘား၄၄၀၀၀တို့၏ လုပ်အားဖြင့်
လဲလှယ်ကြောင်း သိရသည်။

၂၀၀၀ပြည့်နှစ်တွင် နှစ်နိုင်ငံသည် အစိုးရချင်းတွေ့ဆုံပြီးကျမ်းမာရေး၊ ပညာရေး၊ယဉ်ကျေးမှုနှင့်
စီးပွားရေးနယ်ပယ်အပါအဝင် နယ်ပယ်များစွာ ရှိ လုပ်ငန်းများစွာအတွက် နှစ်စဉ်ဆွေးနွေးသည့်
အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့သည်။

သဘောတူစာချုပ်လက်မှတ်ထိုးပွဲတွင် ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုက လုပ်ငန်း ၅၁ခုအပြင် တိုးတက်ရေးနှင့် နောင်လာမည့် ငါးနှစ်အတွက် နှစ်နိုင်ငံစီးပွားရေးပရိုဂရမ်အတွက် နားလည်မှုသဝဏ်လွှာကိုလည်း သဘောတူညီခဲ့ကြကြောင်းပြောကြားခဲ့သည်။
Ref:Reuters
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com