http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လက်ပံတောင်းတောင်ဒေသအရေးကူညီဆောင်ရွက်နေသူ ၈ ဦးကိုအမှုပေါင်း ၆၆ မှုဖွင့်ထား


April 30, 2013
လက်ပံတောင်းကြေးနီစီမံကိန်းကို ကန့်ကွက်နေသော ကျေး ရွာများကို ကူညီဆောင်ရွက်ပေး နေသူ ၈ဦးကို အမှုပေါင်း ၆၆ မှု ဖွင့်လှစ်ထားကြောင်း စစ်ကိုင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ကြေညာချက်အရ သိရပါသည်။
အမှုဖွင့်လှစ်ခံထားရသူများမှာ ကိုအောင်စိုး(ရန်ကုန်ပြည်သူ့ အကျိုး ဆောင်ကွန်ရက်)အား ၁၄ မှု၊ ကိုဟန်ဝင်းအောင်(နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးကွန်ရက်)အား ၅မှု၊ ကိုဗတူး၊ (ရန်ကုန်ပြည်သူ့အကျိုး ဆောင်ကွန်ရက်)အား ၉မှု၊ ကိုသောင်းထိုက်ဦး(ရန်ကုန်ဝိဇ္ဇာ သိပံ္ပတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့)အား ၁၈မှု၊ ကိုသားကြီး (ရန်ကုန်ပြည်သူ့အကျိုး ဆောင်ကွန်ရက်)အား ၆မှု၊ ကိုလတ်(ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်) အား ၈မှု၊ ကိုသော်ဇင် (ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်)အား ၅ မှုနှင့်ကိုသူ (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်)အား ၁မှုတို့ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖွင့်လှစ်ထားသည့်အမှု  ၆၆ မှုမှာ မည်သည့်ပုဒ်မများဖြင့် ဖွင့်လှစ် ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားခြင်းမရှိဘဲ လက်ပံတောင်းဝန်း ကျင်ရှိ ကျေးရွာ ၂၆ ရွာမှ ရိုးသားဖြူစင်သော ဒေသများကို  လက်ပံတောင်း ကြေးနီ စီမံကိန်းရုပ်သိမ်းရေး အကြောင်းပြကာ ဒေသတည် ငြိမ်ရေးနှင့် အေးချမ်းသာယာရေးကို ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်နေသူများကို ယင်းသို့ အမှုဖွင့်အရေးယူထားကြောင်းသာ အဆိုပါကြေညာချက်တွင် ဖော် ပြထားကြောင်း သိရသည်။

ထို့ပြင် ကြေညာချက်တွင် ပြစ်မှုကျူးလွန်သူများကို သတင်းပေးရန် ပျက်ကွက်သူများနှင့် လက်ခံထားသူများကို အရေးယူ နိုင်သည့်ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၇၆ နှင့် ၂၁၂ တို့ကိုလည်း အကျယ်တ၀င့်ဖော်ပြထားကြောင်း သိရသည်။

ကြေညာချက်၏ ထူးခြားမှု မှာ ဒေသခံများက သွေးထိုးလှုံ့ ဆော်သူများ ကို ၎င်းတို့ဆန္ဒ မပါဘဲ  နေ့စဉ်ဆီဖြည့်ထားသော ဆိုင်ကယ် ၆ စီး စီစဉ် ပေးရခြင်း၊ နေ့စဉ်အလှည့်ကျ ထမင်းချိုင့်ပို့ ရခြင်း၊ ဖုန်းငွေဖြည့်ကတ်ပေးရခြင်း၊ လမ်းစရိတ်ပေးရခြင်း၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာများ ကျခံပေး ရခြင်းများ အတင်းအကျပ် စေခိုင်းလျက်ရှိကြောင်း ဖော်ပြထားပြီး ဒေသခံများ ၀န်ထုပ်ဝန်ပိုးဖြစ်နေသဖြင့် ထိုသို့လုပ်ပေးရန် မလိုကြောင်းဖော်ပြထားကြောင်း သိရသည်။

လက်ပံတောင်းအရေးကူညီ ဆောင်ရွက်ပေးနေသူ ကိုဗထူးက ကြေညာ ချက်တွင် ဖော်ပြချက်များ မဟုတ်မှန်ကြောင်း၊ တရားဥပဒေနှင့်အညီ လုပ်ထုံး လုပ်နည်းနှင့်မညီဘဲ ထုတ်ပြန်ထားသဖြင့် ဒေသခံများက ကြေညာချက် ထုတ်ပြန်သောတာဝန်ရှိသူကို ပြန်လည်တရားစွဲရန်  စီစဉ်နေကြောင်း၊ ၎င်းတို့ အနေဖြင့် လုပ်စရာရှိတာ ဆက်လုပ်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဒေသခံများကိုထမင်းတစ်နပ်၊ ရေတစ်မှုတ်၊ ကွမ်းတစ်ယာလာကျွေးရန်မခေါ်ဖူး ကြောင်း၊ ဒေသခံများက ၎င်းတို့ စေတနာအလျောက်ပြုလုပ်ပေး ကြခြင်းသာ ဖြစ်ကြောင်း၊ ဒေသခံ များကိုအချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ကြေညာ ချက်နှင့်ပတ်သက်၍ံHotNews၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေ ကြားခဲ့သည်။
လူထုမျိုးမြင့်၊ ပြည်သူ့ညီညီအောင်
The Hot News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com