http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဟိုတယ်လုပ်ငန်းများ ပဋိဥာဉ်ချိုးဖောက်မှုကို ခရီးသွားလုပ်ငန်းရှင်များက နိုင်ငံတော်သမ္မတထံသို့စာတင်

ရန်ကုန်၊ ဧပြီ ၂၉။
ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များ နှစ်ဖက်ချုပ်ဆိုရသောစာချုပ်များတွင် ဟိုတယ်လုပ်ငန်းရှင်များဖက်မှ ပဋိဥာဉ်စာချုပ်များ ချိုးဖောက်နေမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များ အခက်အခဲဖြစ်လျက်ရှိပြီး ထိုကိစ္စကို နိုင်ငံတော် သမ္မတထံ စာတင်လိုက်ပြီဖြစ်ကြောင်း Nature Dream ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဟိုတယ်တွေဖက်က ဟိုတယ်တစ်ခုကိုပေါ်လစီတစ်ခုနဲ့ ခရီးသွားလုပ်ငန်းရှင်တွေဖက်က စာချုပ်တွေချုပ်ပေးရတယ်။ ဒါပေမယ့် စာချုပ်တွေက တစ်ဖက်သတ် ဆွဲထားတဲ့ စာချုပ်တွေ ပြီးရင်လည်းစာချုပ်ပါ အချက်တွေကို သူတို့တွေဖက်က ချိုးဖောက်ကြတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတဆီကိုဖြေရှင်းပေးနိုင်ဖို့ စာတင် လိုက်တာပါ။” ဟု Nature Dream ခရီးသွားလုပ်ငန်းမှ ဒေါ်စံပယ်အောင်ကပြောကြားသည်။

ဟိုတယ်များဖက်မှ ရှေ့ လများအတွက် ကြိုတင်ဘိုကင်မပေးခြင်း၊ ဘိုကင်ပေးပါကလည်း ပြန်မအမ်းသော
deposit ကိုချက်ချင်း (သို့) ရက်အနည်းငယ် အတွင်း ပေးဆောင်စေခြင်း၊ ဘိုကင်တင်ရာတွင် အခန်းတိုးပါက
လက်ခံပြီး၊ အခန်းလျှော့ပါက cancel fees ကောက်ခံခြင်း၊ ရက် ၉၀ (သို့) ရက် ၆၀ (သို့) ၄၅ရက်
အလိုကတည်းက cancellation ကောက်ခံခြင်း စသောအချက်များကို ပြုလုပ်နေသဖြင့် ခရီးသွားလုပ်ငန်းရှင်များမှာ နိုင်ငံခြားသား ဧည့်သည်များ တည်းခိုရန် ဟိုတယ်များနှင့် ချိတ်ဆက်ပေးရန်
အခက်အခဲများ ဖြစ်လျက်ရှိကြောင်း သိရသည်။

ဟိုတယ်လုပ်ငန်းများဖက်မှ နိုင်ငံခြားသား ဧည့်သည်များအတွက် ဟိုတယ်ဘိုကင်ပေးချိန်တွင် ဟိုတယ်အခန်းခကို ဈေးတစ်မျိုးဖြင့်ပေးကာ နိုင်ငံခြားသားဧည့်သည်များ အမှန်တကယ်လာရောက်ချိန်တွင် ဈေးနှုန်းများ
တိုးကာတောင်းဆိုမှုများ ရှိပြီး ဈေးတိုးမပေးပါက အခန်းတွင်းသို့ ပေးမ၀င်ခြင်းတို့ကြောင့် နိုင်ငံခြားသား ဧည့်သည်များနှင့် မျက်နှာမပျက်စေရန် ခရီးသွားလုပ်ငန်းရှင်များမှ တိုး၍ကောက်ခံသော ငွေကြေးကို စိုက်ထုတ်ပေးနေရကြောင်းလည်း သိရသည်။

“အခုက နိုင်ငံခြားသားဧည့်သည်တွေက ဒီနိုင်ငံကိုလာဖို့ ဟိုတယ်အဆင်မပြေလို့ အရင်လို မလာတော့ဘူး။
အရင်ဒီအချိန်ဆိုရင် ဒီဇင်ဘာလအထိကိုTourတွေ ရက်ချိန်းပြည့်နေပြီ။ အခုဘိုကင် လုပ်တဲ့လူတွေ အရမ်းနည်းနေပြီ”ဟု ခရီးသွားလုပ်ငန်း ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမောင်မောင်က ပြောကြားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဟိုတယ်များအတွက် ချမှတ်ထားသော စည်းကမ်းချက်များရှိသော်လည်း ဟိုတယ်များမှာ ထိုပေါ်လစီကို မကျင့်သုံးဘဲ ဟိုတယ်တစ်ခုလျှင် ကိုယ်ပိုင်ပေါ်လစီတစ်ခုဖြင့် ကျင့်သုံးနေကြောင်း ၊ ၀န်ကြီးဌာနဖက်မှလည်း အရေးယူမှု အားနည်းကြောင်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနဖက်မှ ဟိုတယ်များအတွက် ကြယ်အဆင့် သတ်မှတ်ချက် တစ်ခုဆီအတွက်စာချုပ်စည်းကမ်း တစ်မျိုးဆီကို တစ်ပြေးညီ ထုတ်ပြန်ပေးစေလိုကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။
ဆုဝေ
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com