http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၂၀၁၅ အာဆီယံ ညီညွတ်ရေးအိမ်မက် အကောင်အထည် မပေါ်

့0422-myanmar-human-rights_full_600(1)
ဘန်ဒါဆရီဘက်ဂဝန်၊ ဧပြီ၂၅။
အာဆီယံအဖွဲ့ကြီး၏ ယခုနှစ် ပထမဆုံးသော နိုင်ငံခေါင်းဆောင်းများအစည်းအဝေးတွင်
လက်ရှိအကောင်အထည်ဖော်မည့် အာဆီယံ စီးပွား ရေး အသိုင်းအဝိုင်းဖြစ်ရေး ရည်ရွယ်ချက်ကို ၂၀၁၅အကုန်တွင်
စတင်မည့်ယခင်ရည်ရွယ်ချက်အစား ၎င်းနှစ်ကို နောက်လာမည့်နှစ်များတွင် အကောင်အထည်ဖော်နိုင်ရန်ကြိုးပမ်းမည့်
အမှတ်အသားနှစ်အဖြစ် ခေါ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

အဖွဲ့ဝင်နိုင်ငံများသည် ဆယ်နိုင်ငံအတွင်း မတူကွဲပြားသော လူဦးရေသန်း ၆၀၀ မှ အလုပ်သမားများ
နိုင်ငံအချင်းချင်း အဆီးအတားမဲ့ သွား လာ လုပ်ကိုင်နိုင်ရေး အခက်အခဲကို လျှော့ချရာတွင်လည်းကောင်း၊
နိုင်ငံအချင်းချင်း  အခွန်လွတ်ကုန်သွယ်နိုင်ရေးစသည့် နိုင်ငံရေးရည်မှန်းချက်များတွင် နောင်တရစရာ
အဖြစ်နှင့် နှေးကွေးသောတိုးတက်မှုတို့ကြောင့် ယခုကဲ့သို့ပြောဆိုကြခြင်းဖြစ်သည်။

နဂိုက ရည်မှန်းခဲ့သော ၂၀၂၀မှ ရှေ့တိုးရည်မှန်းသော ၂၀၁၅ရည်မှန်းချက်
ရောက်ရှိရေးနှောင့်နှေးမှုသည် တရုတ်နှင့် လက်ရှိကြုံနေရသည့် ရေပိုင်နက် အငြင်းပွားမှုကိစ္စတွင်
ကွဲပြားသောအမြင်များနှင့်ရင်ဆိုင်ရချိန်တွင်လည်း အာဆီယံ၏ တည်ရှိမှုကိုလည်း သက်ရောက်မှုများ ရှိနေ
မည်ဖြစ်သည်။

“၂၀၁၅မိုင်တိုင်နှစ်လွန်မြောက်တဲ့အချိန်မှာလည်း အာဆီယံနိုင်ငံအသိုင်းအဝိုင်းကြီးတည်ထောင်ရေးဟာလည်း
ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်” ဟု ဘရူနိုင်းဝန်ကြီးချုပ်နှင့် ဆူလတန် ဟက်ဆာနယ် ဘိုလ်ကီယည
ကကြာသပတေးနေ့တွင် ကျင်းပခဲ့သည့် ဆွေး နွေးပွဲအပြီးသတ် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

နိုင်ငံအချင်းချင်းကြားက မတူညီသောတိုးတက်မှုအဆင့်ကြောင့် စိန်ခေါ်မှုများရှိနေကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။

ဆွေးနွေးပွဲနောက်ဆုံးအဆင့်အထိ ၂၀၁၅ ပန်းတိုင်အတွက် တိကျသောထုတ်ပြန်ချက်များမရရှိခဲ့ဘဲ
အာဆီယံနိုင်ငံခေါင်းဆောင်များက အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းကို
တည်ထောင်ရေးအတွက်ရင်းနှီးမြှပ်နှံရေးသဘောတူညီရမည် ဟု ပြောကြားချက်သာရှိခဲ့ကြောင်း သိရသည်။

နိုင်ငံများအကြားအဆီးအတားမရှိသောပုံစံသည် နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်ရည်ရွယ်သည်ဟု
ပုံစံမြင်နေသူများနှင့် ဆုံးဖြတ်ချက်ချ ခြင်း မစောစေခြင်းဖြင့် ချမ်းသာသောနိုင်ငံများနှင့်
ဆင်းရဲသောနိုင်ငံများကြားကွာဟချက်ကို ချိတ်ဆက်နိုင်မည်ဟု ထင်သူများကြား ကွဲလွဲချက် များရှိနေကြောင်း
သိရသည်။

“တချို့တွေ တော်တော်ကို ပြတ်ကျန်ခဲ့ပြီ” ဟု မနီလာရှိ အာရှဖွံ့ဖြိုးရေးဘဏ်မှ
အကြီးတမ်းစီးပွားရေးပညာရှင် ဂျာယန့်မက်နွန်က မဲခေါင်ဒေ သ နိုင်ငံများကို ရည်ညွှန်းပြောကြားသည်။

ရင်းနှီးမြှပ်နှံသူများနှင့် နိုင်ငံများစွာမှ စီးပွားရေးလုပ်ငန်းရှင်များသည် အာဆီယံအဖွဲ့ကြီးကို
စုပေါင်းရေးကို ပိုမိုလိုလားကြသည်။

ချမ်းသာသောနိုင်ငံ ခြောက်နိုင်ငံတွင် တင်သွင်းကုန်အားလုံးနီးပါးတွင် ကုန်စည်ကြပ်ခွန်ကို
လုံးဝမရှိသည်အထိလျှော့ချပြီး လွတ်လပ်စွာ ကုန် သွယ်မှုပြုလုပ်သည်အထိ တိုးတက်မှုအများအပြားလည်း
အာဆီယံနိုင်ငံတစ်ချို့တွင် ရှိနေသည်။

အာဆီယံအဖွဲ့သည် ၁၉၆၇ စစ်အေးကာလ ပဋိပက္ခများ ၊စစ်တပ်အာဏာသိမ်းမှုများဖြစ်ပေါ်နေချိန်တွင်
စတင်ဖွဲ့စည်းခဲ့ပြီး ပဋိပက္ခများ၊ ကုန် သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံရေးဆောင်ရွက်ရာာတွင်
အောင်မြင်သောအုပ်စုတစ်စုဖြစ်သည်။

Ref:Reuters

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com