http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မိတ္ထီလာ ပုဒ်မ ၁၄၄ အား ယခုလကုန် ရုပ်သိမ်းမည် လှုံ့ဆော်သူအချို့ ဖမ်းဆီးရန်ကျန်ရှိ

Monday, 29 April 2013
မိတ္ထီလာမြို့တွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ယခုလကုန်တွင် ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးမှ ဥပဒေရေးရာဝန်ကြီး ဦးရဲအောင်မြင့်က ပြောသည်။

ထို့ပြင် မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်အတွင်း လှုံ့ဆော်ရန် ပါဝင်ခဲ့သူ အချို့ကို လည်း ဖမ်းဆီးရန် ကျန်ရှိနေကြောင်း မန္တလေးတိုင်း ဒေသကြီးနယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

မိတ္ထီလာဈေးကြီးရှိ နယူးဝိန့်စိန်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှစ၍ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာက မတ် ၂၀ ရက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းခဲ့ရပြီး လက်ရှိတွင် အချိန်တစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ဥပဒေ ရေးရာဝန်ကြီး ဦးရဲအောင်မြင့်က ''လက်ရှိမှာ တည်ငြိမ်အေးချမ်းမှုတွေ အပြည့်အ၀ ရရှိလာပြီ ဖြစ်ပါတယ်။ ပုဒ်မ ၁၄၄ ကို မေလအတွင်း ရုပ်သိမ်းသွားမှာ ဖြစ်ပေမယ့် ညမထွက်ရ အမိန့်ကိုတော့ ဆက်ထားသွားမှာပါ'' ဟု ဆိုသည်။

ထိုသို့ ၂၀၁၃ ခုနှစ်၊ မတ် ၂၀ ရက် ဖွဲ့စည်းခဲ့သော စုံစမ်းရေး ကော်မရှင်၏နှစ်ပတ်ကျော်ကြာ စစ်ဆေးချက်များအရ ပြည်တွင်းအဖွဲ့အစည်း အချို့မှ ဤဖြစ်စဉ်ကို ဖန်တီးခဲ့သည်ဟု ယူဆနေကြပြီး လက်ရှိအချိန်ထိ ၎င်းအဖွဲ့အစည်းတွင် ပါဝင်သူဟု ယူဆသူ ဦးရေ ၅၀ နီးပါးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''ကွင်းဆက်တွေတော့ ကျန်သေးတယ်။ အဲဒီအတွက်ကြောင့် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင် နေပါတယ်။ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာတော့ ဖမ်းဆီးမှုတွေ အလုံးစုံ ပြီးသွားရင်တော့ အသိပေးသွားမှာပါ'' ဟု မန္တလေးတိုင်း ဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးကပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်အပင်ခံ တစ်ဦးကမူ မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် ဗကသသြဇာခံများ ပါဝင်လှုံဆော်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်းပြည်တွင်းမီဒီယာတစ်ခုမှ ဖော်ပြခဲ့သည်။

လူမျိုးရေး အသွင်ဆောင် မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်မှာ သုံးရက်သာ ကြာမြင့်ခဲ့သော်လည်း သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းဖြစ်စဉ်အတွင်း မီးရှို့ဖျက်ဆီးခံရသော အိမ်အလုံးရေ ၁၆၀၀ နီးပါး၊ ဘာသာရေး အဆောက်အအုံများ ပျက်စီးခဲ့ပြီး ဒုက္ခသည်ဦးရေ ၁၀၀၀ ခန့်ရှိခဲ့ကြောင်း သိရသည်။
အမေ့အိမ်, eleven media group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com