http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရေခမ်းခြောက်မှု ၀ိုင်းဝန်း ကူညီသော်လည်း ဒေသခံများ ပူပန်ရဆဲဖြစ်

ကံမ၊ ဧပြီ ၂၉။
ယခုဧပြီလ အစောပိုင်းမှစ၍ မကွေးတိုင်း၊ ကံမမြို့နယ် အနီးရှိကျေးရွာများတွင် အပူရှိန်ကြောင့်
မြေဆီလွှာပျက်စီး ပြုန်းတီးမှု ဖြစ်ပွားခဲ့ကာ မြစ်ချောင်း အင်းအိုင်များတွင် ရေခမ်းခြောက်ပြီး
သောက်/သုံးရေပြတ်လတ်မှုများ ဖြစ်ပေါ်သဖြင့်အဖွဲ့အစည်းအသီးသီးမှ လှူဒါန်းမှုများ
ဆောင်ရွက်နေကြသော်လည်း ပူပန်နေကြရဆဲဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

ကံမမြို့နယ်အတွင်း ရေပြတ်လတ်နေသော ကျေးရွာ(၁၁)ရွာရှိပြီး ပင်ကျ၊ ပြောင်ကျ၊ သစ်မယ်ဇလီ၊
သက်ကယ်မြောင် ကျေးရွာများတွင် အဆိုးရွားဆုံးဖြစ်ကြောင်း၊ လက်ရှိအဖွဲ့အစည်းအသီးသီးမှ
ရေလှူဒါန်းမှုများဆောင်ရွက်နေသော်လည်း နှစ်စဉ် ရေအရင်းအမြစ်ပြတ်တောက်မှုနှင့် အပူပိုင်းကာလ
နှစ်လတာ ကျန်ရှိနေသေးမှု တို့အတွက် စိုးရိမ်ထိတ်လန့်နေကြကြောင်း ကျေးရွာသားများက ပြောကြသည်။

“အရင်က လှည်းတွေနဲ့ ရေလှောင်ကန်တွေကနေ ရေသွားသယ်တယ်။ ချောင်းတွေက ပက်ကြားအက်ပြီး
ရေတွင်းလည်း တူးမရတော့ဘူး။ နွားတွေ ဗွက်ထဲမှာလဲပြီး ရေမရှိတော့သေတယ်”ဟု ပင်ကျကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ပြောကြားသည်။

ပင်ကျကျေးရွာတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သော ကျောက်ပွက်ချောင်းရှိပြီး
ယခုနှစ်နွေရာသီတွင် ရေခမ်းခြောက်ခဲ့ကြောင်း စက်ရေတွင်းပေ(၅၀၀)ခန့်တူး လျှင်ရေရနိုင်ကြောင်း၊
ရွာသူ/သားများမှ မိုးရေကန်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းရာ ကံမမြို့ပေါ်ရှိ ကုန်သည်များမှ
ငွေကျပ်၂၇၀၀၀၀လာရောက် လှူဒါန်းကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“နောက်နှစ်တွေမှာ ဒီလိုမိုးခေါင်သွားရင်လို့ တွေးတောင် မတွေးရဲဘူး။ ရေကရှားမှာဘဲ။ ကန်ဆိုတာလည်း
မိုးရွာမှရေရမှာ။ အဲဒီအတွက်စက်ရေတွင်း လိုချင်တယ်။ တွင်းတူးဖို့ မတတ်နိုင်တဲ့အတွက်
အလှူရှင်တွေလိုအပ်တယ်။ ဖိတ်လည်းဖိတ်ခေါ်ပါတယ်”ဟု ကြူပင်ကျကျေးရွာမှ ဒေါ်ခင်လေးက ပြောကြားသည်။

ဧပြီလ(၂၈)ရက်နေ့တွင် ပြည်မြို့ မြန်မာမူစလင်များအဖွဲ့မှရေဂါလံ ၁၅၀၀နှစ်ခေါက်၊ ပြည်တက္ကသိုလ်
ဆရာမများအဖွဲ့မှ ရေဂါလံ ၁၀၀၀၊ ကံမမြို့နယ် အဖွဲ့အစည်း၊ ကံမမြို့(NLD)စသည
့်အဖွဲ့အစည်းများမှ ကုန်ကား၊ မီးသတ်ကား၊ ဆီဘောက်ဇာများဖြင့် ကျေးရွာငယ်လေးများသို့
ကိုယ်တိုင်သွားရောက်ကာ ရေလှူဒါန်းမှု များ ပြုလုပ်နေကြကြောင်းလည်း ၎င်းအဖွဲ့အစည်းများထံမှ သိရပါသည်။

မိုးရေကန်များဖြင့် ရေသိုလှောင်ပါက ရာသီဥတုပြောင်းလဲချိန် ကန်အက်ကွဲခြင်း၊ ရေခမ်းခြောက်ခြင်း၊
ဝမ်းနှင့် အခြားရောဂါများ ရေမှတဆင့် ကူးဆက်ဖြစ်ပွားနိုင်ခြင်းတို့ ဖြစ်နိုင်ကြောင်း၊
စက်ရေတွင်းတူး၍ တစ်ကောင်အား ရေမြုပ်ပန့်ကို တတ်ဆင်အသုံးပြုမည်ဆိုပါက(၁)နာရီ ရေ(၁၇၀၀)ဂါလံ
ရရှိမည်ဖြစ်ပြီး လိုအပ်သည့်အချိန် မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရေအလှူရှင်တစ်ဦးဖြစ်သူက
ပြာကြားသည်။
မောင်ရေခဲ
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com