http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နေရာ အခက်အခဲကြောင့် ယာဉ်လုပ်သားများ အငြင်းပွားမှုများ ရှိနေ

ရန်ကုန်၊ ဧပြီ ၂၈။
ဒလမြို့နယ် ယာဉ်လိုင်ပေါင်းစုံ ယာဉ်ရပ်နားစခန်းများတွင် ယာဉ်ရပ်နားရန် နေရာအခက်အခဲကြောင့်
အနှေးယာဉ် လုပ်သားများ၊ ဆိုင်ကယ် အငှားမောင်းသူများနှင့် မော်တော်ယာဉ် မောင်းသူ များတွင်
နေရာအခက်အခဲကြောင့် အငြင်းပွားမှုများ ဖြစ်နေကြကြောင်း သိရသည်။

“ကျွန်တော်တို့ တရားဝင်ချထားပေးတဲ့ နေရာမှာတောင် ကျွန်တော်တို့ မရောက်ခင် ဆိုင်ကယ်တွေ
ဆိုက်ကားတွေ ပြည့်နေတယ်။ ကျွန်တော်တို့ ယာဉ်ရပ်ဖို့ သွားပြောရင် အဆင်မပြေပါ ဘူး။
ပြဿနာတက်နိုင်တယ်”ဟု မ.ထ.သ မှ ကြည်ကြပ်ရေးမှူး ဦးဆန်းဦးက ပြောကြားသည်။

ထို့အပြင် ကားများလည်း စည်းကမ်းရှိရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများမှလည်း
စည်းကမ်းတင်းကျပ်စေလိုကြောင်းနှင့် အရင်က လူကြီးလမ်းကြောင်းရှိလျှင် ယင်းနေရာများသည် ရှင်းလင်း၍ သရဲခြောက်မည်ပင် စိုးရကြောင်း ဦးဆန်းဦးက ဆက်လက် ပြောကြားသည်။

“ကျွန်တော့်ကားဝင်းက ကျဉ်းတယ်ဆိုပေမဲ့ ကားတွေချည်းသာဆို အဆင်ပြေပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်တွေရော
ဆိုက္ကားတွေရော အောက်အထိ ဆင်လားတော့ လမ်းတွေပိတ်ပြီး သွားလာရတာ ခက်ခဲလာရော။
ဆိုင်ကယ်ဆိုက္ကားတွေကို ရာဇသင်္ကြန်လမ်းကစပြီး မဝင်ရလို့ ရေးထားပေမဲ့ ဝင်နေကြတာပဲ”ဟု ဖျာပုံမြို့
(ကက) အမြန်ယာဉ်မောင်း ဦးဇော်လင်းက ပြောကြားသည်။

ထို့အပြင် အငှားဆိုင်ကယ်များနှင့် အနှေးယာဉ် လုပ်သားများ အနေနှင့် ၎င်းတို့စီးပွားရေးအရ
လုပ်နေကြခြင်းဖြစ်ကြောင်း၊ မိမိတို့ကြောင့်ချည်းသာ မဟုတ်ဘဲ မ.ထ.သယာဉ်လိုင်းမှ ကားများ
ထပ်မံတိုးချဲ့ခြင်းနှင့် ယင်းနေရာတွင် အခြားမြို့နယ်များမှ ဆိုင်ကယ်များစွာလည်း ရှိနေသောကြောင့်
ယာဉ်ရပ်နားစခန်း ကြပ်နေခြင်းဖြစ်ကြောင်း ငှားဆိုင်ကယ်မောင်းသူ ကိုရန်နိုင်ထွန်း က ပြောကြားသည်။

“ဒီကိစ္စနဲ ပတ်သက်ပြီး လွှတ်တော်ဥက္ကဌလာတော့ တင်ပြထားပါတယ်။ အဆင်ပြေရင် ဒလယာဉ်ရပ်နား နေရာကို အဆင့်မြင့်တင်ဖို့ ရှိပါတယ်။”ဟု ဒလမြို့နယ်အုပ်ချုပ်ရေးမှု ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

အဆိုပါ ဒလမြို့နယ် ယာဉ်လိုင်ပေါင်းစုံ ယာဉ်ရပ်နားစခန်းတွင် မြို့နယ်ပေါင်း(၆)မြို့နယ်မှ
ယာဉ်လိုင်များ ပြေးဆွဲလျက်ရှိပြီး အနှေးယာဉ်များ ၅၀ခန့်နှင့် အငှားဆိုင်ကယ်များမှာ
၂၀၀ခန့်ရှိကြောင်း သိရသည်။
ပိုင်လေး
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com