http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

န၀ဒေးတံတားအနီး လူသတ်မှုအား ပြည်မြို့ခံလူထု၏ သဘောထား

ရန်ကုန် ဧပြီလ၂၈ရက်
ဧပြီလ၂၈ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ သစ်ဆိပ်ပင်ကျေးရွာမှ ကျေးရွာသား သုံးဦးအား
ပြည်မြို့ န၀ဒေးတံတားအနီး လူသတ်မှု ဖြစ်စဉ် ကာလ ဖြတ်သန်းသွားလာ ခဲ့သည်ဟု ထင်မြင်ယူဆသဖြင့်
ခေါ်ယူစစ်ဆေးပြီး နောက်နံနက်ရှစ်နာရီခန့်တွင် ပြန်လွှတ်လိုက်ပြီး ယခုလက်ရှိ အမှုကို စစ်စုံစမ်းရေးအဖွဲ့မှ
စစ်ဆေးနေပြီဖြစ်ကြောင်း မြို့မရဲစခန်းစခန်းမှူး ဦးဝင်းခိုင်၏ ပြောကြားချက်အရ သိရသည်။

“ကျူးလွန်သူဟု ယူဆရသူတွေဟာ တပ်မတော်သားတွေ ဖြစ်နေတာကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကို သာမက နိုင်ငံတကာ ငြိမ်းချမ်းရေးကိုပါ ထိခိုက် စေနိုင်တယ်။ အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်ဖို့ လုပ်ရမယ်။ ဒါမှလူထုဘ၀ လုံခြုံမှုရပြီး နစ်နာသူတွေကိုလည်း ပြန်လည်ကုစားနိုင်မယ်”ဟု ကိုဇော်ထွန်း(HRTP) လူ့အခွင့် အရေး မြှင့်တင်သူများကွန်ယက် ပဲခူးတိုင်းဒေသကြီး တာဝန်ခံက ပြောကြားသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၀၂)တွင် ပြစ်မှုကျူးလွန်သူ မည်သူမဆိုဟု ပါရှိကြောင်း၊ ၎င်းအမှုကို
အရပ်ဖက်တရားရုံးသို့ လွှဲပြောင်းပေးပါက အမှန်တရားပေါ်ပေါက်ရေး အတွက် အစိုးရရှေ့နေနှင့်တွဲ၍
တရားလိုဖက်မှ ဦးမြင့်အေးက မေတ္တာဖြင့်လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“စစ်စုံစမ်းစစ်ဆေးရေး ကော်မရှင်ကစစ်မှာ။ အများမြင်သာတဲ့ တရားရုံးမှာ စစ်မှာမဟုတ်ဘူး။
ဒီကောင်တွေ သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းနေတယ်ကြားတယ်။ မဟုတ်ဘူးဆိုပြီး သံသယရှိတဲ့လူတွေကို လွှတ်ပစ်မှာစိုးရိမ်မိတယ်။ ပြီးတော့တပ်ပြောင်း ပစ်လိမ့်မယ်”ဟု ရှေ့နေ များကွန်ယက်မှ ဦးမြင့်အေးက ၎င်း၏ထင်မြင်ချက်ကို ပြောကြားသည်။

ဧပြီလ၂၅ရက်နေ့ ကိုဇော်မင်းဦး၏ ဇာပနအခမ်းအနား၌ ပြည်မြို့ခံလူထုမှ “အမှန်တရားကို
ဖော်ထုတ်ပေးပါ”ဟု ပါရှိသော စာရွက်များ ကိုင်ဆောင် ၍ တောင်းဆိုခဲ့ကြောင်း၊ ဧပြီ(၂၆)ရက်နေ့က
ပြည်ခရိုင်ရှေ့နေများကွန်ယက်မှ အချက်(၇)ချက်ပါ ကြေငြာချက်၊ ပြည်မြို့ဘာသာရေး
အထိကရိုဏ်းဆန့်ကျင် တားဆီးရေးကွန်ယက်မှ အချက်(၅)ချက်ပါ ကြေငြာချက်များ
အသီးသီးထုတ်ပြန်ကြေငြာခဲ့ကြောင်း ပြည်မြို့သူ/သားများထံမှ သိရသည်။
မောင်ရေခဲ(ပြည်)
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com