http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

FDI Law အတွင်းပါ အချက်များကို အချိန်အတိုင်းတာတစ်ခုထိသာ ခွင့်ပြုပေးသင့်

ရန်ကုန်၊ဧပြီ ၃၀
ပြည်တွင်းလုပ်ငန်းရှင်များအပေါ် အကာကွယ်ပေးထားသည့် နိုင်ငံခြား ရင်းနှီုးမြှပ်နှံမှု ဥပဒေပါ အချက်လက်များကို အချိန်ကာလ အတိုင်းအတာ တစ်ခုထိသာ သတ်မှတ်၍ ခွင့်ပြုပေးသင့်သည် ဟု မြန်မာနိုင်ငံတွင်း သုတေသနနှင့် အကြံပေးများ ပြုလုပ်လျက်ရှိသည့် Thura Swiss ကုမ္မဏီမှ အမှုဆောင် အရာရှိချုပ် ဒေါ်က်တာ အောင်သူရက ပြောကြားလိုက်သည်။

နိုင်ငံခြားရင်းနှီုးမြှပ်နှံမှုဥပဒေနှင့် နည်းဥပဒေပါ အချက်လက်များအရ ပြည်တွင်းလုပ်ငန်းရှင်များအပေါ် အလေးပေးထုတ်ပြန်ထားသည့် နိုင်ငံခြားရင်းနှီးမြှပ်နှုံမှုဥပဒေအပေါ်ကို ပြည်ပမှ့လုပ်ငန်းရှင်များကထောက်ပြပြောဆိုမှုများရှိလာသည့်အတွက်ကြောင့် ဖြစ်သည်။

“အခုထုတ်ပြန်ထားတဲ့ ဥပဒေက ပြည်တွင်းကလုပ်ငန်းရှင်တွေအတွက် ကိုက်ညီမှုရှိအောင် လုပ်ထားတာဖြစ်တယ်။ ကာကွယ်ရမယ့် ကဏ္ဍတွေကို ကာကွယ်နိင်အောင်နဲ့ ကိုယ်နိုင်ငံသားတွေ အကျိုးရှိအောင်အတွက်ကို ထည့်သွင်းစဉ်းစားပြီး ထုတ်ပြန်ထားတာဖြစ်တယ်”ဟု ထွက်ရှိပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု
ဥပဒေနှုင့် ပတ်သက်၍ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်က ရှင်းပြသည်။

ထုတ်ပြန်လိုက်သည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပါ အချက်များအရ ပြည်ပလုပ်ငန်းရှင်များ အတွက်အခွင့်ရေးများမှာ သိသိသာသာ အနေထားအရ အခွန်ကင်း လွတ်ခွင့်တစ်မျိုးထဲသာ အကျိုးခံစားခွင့်ပါဝင်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ အတွက်ကိုသာ အလေးပေး ရေးဆွဲထုတ်ပြန်ထားသည့် ဥပဒေတစ်ရပ်အဖြစ်သာ ပြည်ပလုပ်ငန်းရှင်များက အသိမှတ်ပြုထားကြကြောင်း သတင်းရရှိသည်။

“FDI Law ဆိုတာက ပြည်ပက လုပ်ငန်းရှင်တွေ ပြည်တွင်းကိုလာပြီး ရင်းနှီးမြှပ်နှံချင်အောင် ဆွဲဆောင်ရမယ့် ဥပဒေ တစ်ရပ်ဖြစ်တယ်။ အဲဒါမှ သူတို့က လာရင်းနှီးရင် နိုင်ငံအတွက်ကော ပြည်သူတွေအတွက်ပါ အကျိုးရှိမှာဖြစ်တယ်။ အဲလိုမှ မဟုတ်ဘဲ ပြည်တွင်းကိုပဲ အလေးပေးပြီး ပြည်ပ ကလုပ်ငန်းရှင်တွေကို ကန့်ထားမယ် ဆိုရင်တော့ ဥပဒေတွေလည်း ထုတ်စရာမလိုသလို ပြည်တွင်းကိုလာပြီးရင်းနှီးမြှပ်နှံဖို့ အတွက်ကိုလည်း ဖိတ်ခေါ်နေစရာတောင် မလိုပါဘူး “ဟု စီးပွားရေးပညာရှင် တစ်ဦးကထောက်ပြပြောဆိုသည်။

ထိုသို့သော အခြေနေများကြောင့် သက်ဆိုင်ရာ အစိုးရနေဖြင့် ပြည်တွင်းလုပ်ငန်းရှင်များအပေါ် အလေးပေး
ထုတ်ပြန်ထားသည့် အခြေနေများ အပေါ် တိကျသည့် အချိန်အတိုင်းတာ တစ်ခုသတ်မှတ်ကာ နိုင်ငံခြား
ရင်းနှီးမြှပ်နှံ သူများအတွက် တဖြေးဖြေး ဖြေလျှော့ပေးမှုများ ပြုလုပ်ပေးရ မည် ဖြစ်သလို ပြည်တွင်းလုပ်ငန်းရှင်များအပေါ် အကာကွယ်ပေး ထားသည့်အချိန်တွင်လည်း အစိုးရအနေဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ အရည်သွေးနှင့် အရည်ချင်းပိုင်းဆိုင်ရာများ တိုးတက်မြင့်မားရေး အတွက်ကို ဖိအားပေးကာ စေခိုင်းမှုများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

“သူတို့ကို အကာကွယ် ပေးတာက တိုင်းပြည် တစ်ခုလုံးနစ်နာတဲ့ အနေထားထိတော့ ကာကွယ်ဖို့ မသင့်ဘူး။
ဒါကြောင့်မို့ သူတို့ကို အချိန်အတိုင်း တာ တစ်ခုထိကာကွယ် ပေးပြီးတော့ အဲဒီမှာမှ မလုပ်နိုင်ရင် ကာကွယ်ဖို့မသင့်တော့ပါဘူး”ဟု  ဒေါက်တာအောင်သူရက ပြောကြားသည်။

လက်ရှိတွင်ပြည်တွင်းမှ လုပ်ငန်းရှင်များအနေဖြင့် ရှိရင်းစွဲလုပ်ငန်းများ မပျက်စီးမပျောက်ကွယ်ရေးအတွက်ကိုသာ အလေးထားလျှက်ရှိနေကြပြီး နိုင်ငံတကာ၏လုပ်ငန်းများနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရေးအတွက်ကို ကြိုတင်ပြင်ဆင်မှု ပိုင်းများ၌ အားနည်းလျှက် ရှိနေသေးကြောင်း သိရသည်။
ကျော်ကြီး
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com