http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၂ နှစ်သက်တမ်း အရွေ့ နှင့် အပြောင်း

(ဧပြီလ ၃၀ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြပါရှိသော Editorial)
၂ဝ၁၀ပြည့်နှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်အရပ်ရပ် ဖွဲ့စည်းပေါ်ပေါက်လာ ပြီးနောက် ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် ၂ နှစ်သက်တမ်း ကျော်လွန်လာပြီဖြစ်သည်။

၂ နှစ်သက်တမ်းအတွင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက အရေးကြီးသည့် နိုင်ငံရေးနယ်ပယ်တွင် ဒေါ်ဆောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင် စေရန် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ပေးခြင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ပြုလုပ်ရရှိခြင်း၊ ပြည်ပရောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသားများကို ပြည်တော်ဝင်ခွင့် ပြုခြင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသား ပညာရှင်များကို ဖိတ်ခေါ်ခြင်း၊ လက်တွေ့အလုပ် တာဝန်ပေးခြင်း၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား လစာငွေများ တိုးမြှင့်ပေးခြင်း၊ မော်တော်ယာဉ် တင်သွင်းသည့် မူဝါဒများ ပြောင်းလဲခြင်း၊ စက်သုံးဆီများ ပုဂ္ဂလိကအချို့ လွတ်လပ်စွာ တင်သွင်း၊ ရောင်းချခွင့်ပြုခြင်း၊ အခွန်စနစ်ပြုပြင်ခြင်း၊ မိုဘိုင်းလ် တယ်လီဖုန်းများ ပြည်သူအများစု လက်လှမ်းမီနိုင်သော ဈေးနှုန်းသို့ တဖြည်းဖြည်း လျှော့ချပေးခြင်း၊ နိုင်ငံပိုင်လုပ်ငန်းနှင့် အဆောက်အအုံများကို ပုဂ္ဂလိက လူနည်းစုလက်သို့ လွှဲပြောင်းပေးခြင်း၊ သတင်းလွတ်လပ်ခွင့် အတွက် စာပေစိစစ်ရေး ဖျက်သိမ်းခြင်း၊ ပုဂ္ဂလိကလက်သို့ နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုခြင်း၊ အစိုးရ အဖွဲ့အတွင်း စွမ်းဆောင်ရည် အားနည်းသော ဝန်ကြီးအဆင့်နှင့် ထိပ်ပိုင်း အရာထမ်းများ ပြောင်းရွှေ့နေရာချထား၊ အငြိမ်းစားပေးခြင်း၊ ပြည်သူလူထု မလိုလားသော စီမံကိန်းအချို့ ရပ်နားခြင်း၊ ပြည်သူလူထု ကန့်ကွက်သော စီမံကိန်းများ စနစ်တကျ ကော်မရှင်ဖွဲ့ စစ်ဆေးကာ ပြည်သူလူထုကို ရှင်းလင်းတင်ပြခြင်း၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် အကန့်အသတ်ဖြင့် ခွင့်ပြုခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဥပဒေ တစ်ရပ်ပြဋ္ဌာန်း ဖိတ်ခေါ်ခြင်း၊ အလုပ်သမား အခွင့်အရေးများ အလေးထားဆောင်ရွက်ပေးခြင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသား အနှိမ်ခံ ရွှေ့ပြောင်းလုပ်သားများ အရေးကို ဂရုတစိုက် ဖြေရှင်းပေးလာခြင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် သမ္မတကိုယ်တိုင် တွေ့ဆုံ၊ စကားပြော အကြံဉာဏ်ရယူခြင်း စသည့် ဒီမိုကရေစီ စနစ်နှင့် ဆီလျော်သည့် ရေခံ၊ မြေခံ အခြေအနေများ ပြုပြင်ပြောင်းလဲပေးခဲ့ သည်ကို တွေ့ရသည်။

ဆိုခဲ့ပါ အခြေအနေ၊ အပြောင်းအလဲ များသည် ကုန်ခဲ့သည့် နှစ် ၅၀ က နိုင်ငံတကာတွင် များစွာ ညှိုးနွမ်းနေခဲ့သော မြန်မာနိုင်ငံ၏ ပုံရိပ်ကို ၂ နှစ်သက်တမ်း အတွင်း ကောင်းစွာ ဆယ်မနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် နှစ်ပေါင်းများစွာ စနစ်ဆိုးဖြင့် နေသားကျလာခဲ့သည့် အပြင် တစ်သွေး၊ တစ်သံ၊ တစ်မိန့် အုပ်ချုပ်သော အဖွဲ့အစည်းမှ အရာရှိများကို သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အလိုက် ကျွမ်းကျင်မှုမရှိဘဲ ထိပ်ပိုင်း ရာထူးများတွင် တိုက်ရိုက် ခန့်ထားခြင်းတို့ကြောင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုများ လက်တွေ့ ဆောင်ရွက် ရမည့် ဗျူရိုကရေစီ ယန္တရား၏ စွမ်းဆောင်ရည် နိမ့်ကျနေမှု များ၊ အစိုးရအဖွဲ့ ဝန်ကြီးဌာနအချို့၏ စနစ်ဆိုးအတိုင်း စီမံခန့်ခွဲမှု များက အစိုးရ၏ ကောင်းမွန်သော ဖွံ့ဖြိုးရေးမူဝါဒ လမ်းစဉ်များ အကောင်အထည် ဖော်နိုင်ရေးကို များစွာ နှေးကွေးလေးလံ စေနိုင်ပေသည်။

သို့ဆိုလျှင် နိုင်ငံတော်သမ္မတ ဦးဆောင်သော အစိုးရအဖွဲ့ သွားနေသော လမ်းကြောင်းကို ဖီလာပြုသည့်သဘော သက်ရောက် သွားနိုင်သည်ကို အထူးသတိချပ်ရမည် ဖြစ်ပါကြောင်း။
အယ်ဒီတာ (၂၉-၄-၂၀၁၃)
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com