http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားစေနိုင်

ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆုကို လက်ခံရယူဖို့ မွန်ဂိုလီးယားကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ပုံ
photo: Community of Democracies
2013-04-29
အကျင့်ပျက်ခြစားမှုဟာ ဒီမိုကရေစီကို ပျက်သုန်းစေတဲ့ အရာဖြစ်တယ်လို့ မွန်ဂိုလီးယားနိုင်ငံရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက် ပါတယ်။ လူလန်ဘာတာမြို့တော်မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံမှာ အဲဒီလိုပြောကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားသမ္မတက ဖိတ်ကြားတဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တော်တစ်ဦး အဖြစ် ညီလာခံမှာ တက်ရောက်ဆွေးနွေးတာဖြစ်ပြီး၊ ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆုကိုလည်း လက်ခံရယူဖို့ရှိပါတယ်။ ဒီဆုဟာ ပိုလန်နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်သူတစ်ဦးဖြစ်ပြီး ကမ္ဘာတ၀န်းဒီမိုကရေစီထွန်းကားရေး ဆောင်ရွက်တဲ့ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ထူထောင်သူတွေထဲ ပါဝင်တဲ့ ပါမောက္ခ Bronisław Geremek ကို ဂုဏ်ပြုချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယား သမ္မတအိမ်တော်မှာ  “မွန်ဂိုလီးယားနဲ့ မြန်မာလွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရှေးရှုရာလမ်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သမ္မတနဲ့အတူ မနက်ဖြန်ဟောပြောမှာဖြစ်ပြီး သတင်းစာဆရာတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ရည်ရွယ်ကျင်းပတယ်လို့ ဆိုပါတယ်။
RFA

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com