http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရခိုင် အစီရင်ခံစာ မှာ လုံခြုံရေး နှစ်ဆ တိုးဖို့ အကြံပြု

ရခိုင် ပဋိ ပက္ခကြောင့် လူ တစ်သိန်းကျော် အိုးအိမ် ပစ် ပြေးခဲ့ ကြရ
29 ဧပြီလ 2013
ရခိုင် ပြည်နယ် အတွင်းမှာ ပြီးခဲ့တဲ့ နှစ်က ပဋိ ပက္ခ ဖြစ်ပွား ခဲ့တဲ့ နှစ်ဘက် အသိုင်း အဝိုင်း ကြားမှာ နောက်ထပ် ပြဿနာ မဖြစ် ဖို့ ပထမ ဦးစားပေး လုပ်ဆောင် ရမယ်လို့ တနင်္လ࿿ာနေ့က ထွက်ရှိ တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာ မှာ အကြံပြု ထားပါတယ်။

အတူ ထားလို့ မရသူ တွေကို သီးခြားစီ ခွဲခြား ထားရာ မှာလည်း လုံခြုံရေးတွေ ပိုမို ချထားတဲ့ အပြင် အရေးပေါ် အခြေ အနေ အတွက်ပါ ပြင်ဆင် ထားဖို့ အကြံပြု ထားတယ်လို့ စုံစမ်းစစ် ဆေးရေး ကော်မရှင် အဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဦးကိုကိုကြီးက ပြော ပါတယ်။

စာမျက်နှာ ၁၈၀ ကျော် ပါတဲ့ အဲဒီ အစီရင် ခံစာမှာ ၁၉၈၂ နိုင်ငံသား ဥပဒေ အတိုင်း နိုင်ငံသား စိစစ် သင့်ကြောင်းနဲ့ နိုင်ငံသား မဖြစ် နိုင်တဲ့ သူတွေ ကိုလည်း လူအခွင့် အရေး ရှုထောင့် အရ နိုင်ငံ တကာ ကွန်ဗန်းရှင်း တွေ အတိုင်း လုပ်ကိုင် သွား ဖို့ အကြံပြု ထားပါတယ်။

လူ့ အဖွဲ့ အစည်း နှစ်ခု ကြားမှာ အငြင်းပွား နေတဲ့ စိတ်ခံစား ထိရှ လွယ် တဲ့ အသုံးအနှုန်း ဖြစ်တဲ့ ဘင်္ဂ࿿ါလီ၊ ရိုဟင်ဂျာ စတဲ့ အခေါ် အဝေါ် ပြသနာ နဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ အစီရင် ခံစာမှာ ဘင်္ဂ࿿ါလီ လို့ဘဲ သုံးနှုန်း ခဲ့ပြီး ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း ကို ပြဿနာ ဖြေရှင်းဖို့ အခက် အခဲ ရှိတဲ့ အတွက် ဆိုပြီး ချန်လှပ်ခဲ့ ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာ မှာ ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ အစ္စလာမ် အများစု ပါဝင်တဲ့ နိုင်ငံရေး ပါတီ တချို့က ကန့် ကွက် ခဲ့ကြ တယ်လို့ အဲဒီကို ကိုယ်တိုင် သွားပြီး သတင်း ရယူခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကော်မရှင်ရဲ့ အစီရင် ခံစာပါ နှစ်နိုင်ငံ နယ်စပ်မှာ လုံခြုံရေး တပ်တွေ တိုးချဖို့ အကြံပြုချက်နဲ့ ပတ်သက်လို့တော့ ဘင်္ဂ္လားဒေ့ရှ် နိုင်ငံနဲ့ မြန်မာ နိုင်ငံ နယ်စပ်မှာ ရေမြေ သဘာဝ အနေ အထား အရ မိုင် ၂၀ဝ နီးပါး ရှည်လျားတဲ့ ကမ်းရိုးတန်း တလျှောက် လက်ရှိ လုံခြုံရေး နဲ့တင် မလုံ လောက်တဲ့ အတွက် အခုလို ပြောရတာ ဖြစ်တယ်လို့ ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် လူပေါင်း ၁၉၀ ကျော် အသက် ဆုံးခဲ့ရပြီး လူပေါင်း ၁ သိန်းကျော် အိုးအိမ်တွေ စွန့်ခွား ထွက်ပြေးခဲ့ကြရပြီး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ ပါတယ်။

အစိုးရက ဖွဲ့စည်း ပေးထားတဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ကို သင်္က࿿နြ် မတိုင်ခင် ထုတ်ပြန်ဖို့ ဖြစ်ပေမဲ့ အခုမှ ထွက်လာ ခဲ့တာ ဖြစ်ပါတယ်။

ဒီ အစီရင်ခံစာ နဲ့ ပတ်သက်လို့ အာရှလူ့အခွင့်အရေး ကော်မရှင် မှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦး က တရားဥပဒေ အရ စစ်ဆေးတဲ့ အခါမှာ စစ်ဆေးမှု မခံပဲ၊ ဆူပူအုံကြွမှု တွေ့ရပုံ၊ ၁၉၈၂ ခု နိင်ငံသား ဖြစ်မှု ဥပဒေ နဲ့ပဲ ဆက်လက်သွားမယ် ဆိုတာကို ရှင်းလင်းစွာ ဖေါ်ပြထားကြောင်း၊ ဒါကြောင့်မို့ နိုင်ငံတကာ အစိုးရတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေ ကို မလိုက်လျောနိုင်ဘူး၊ ဆိုတာကို အသိပေးလိုက်ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။
အစိုးရ မဟုတ်တဲ့ တခြား အဖွဲ့အစည်းတွေကိုပါ အကူအညီပေးခြင်းအားဖြင့် အားလုံးပါဝင်တဲ့ တလုံးတဝတည်းသော မြန်မာနိုင်ငံအဖြစ် တည်ထောင်နိုင်ဖို့ကို ကူညီ ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ Barbara Manzi က ပြောသွားခဲ့ ပါတယ်။
BBC Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com