http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အရပ်ဖက်နှင့် စစ်ဖက် တရားစီရင်ရေးနှစ်ခု ကွဲနေခြင်းသည် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်

ရန်ကုန်၊ ဧပြီ ၂၄။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရပ်ဖက်နှင့် စစ်ဖက် တရားစီရင်ရေးနှစ်ခု ကွဲနေခြင်းသည်
တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ရှိန်က မြန်မာ့ခေတ် သို့
ပြောကြားသည်။ “တရားစီရင်ရေးဟာ တစ်ခုပဲ ရှိရမယ်၊ ပြည်သူ အပါအဝင် ဝန်ထမ်း၊ အုပ်ချုပ်သူ၊ အာဏာပိုင် အတွက်ရော တန်းတူပဲ ဖြစ်ရမယ်”ဟု ၎င်းက ပြောကြားသည်။

ထိုကဲ့သို့ နှစ်မျိုး ကွဲနေခြင်းသည် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်နိုင်ကြောင်း၊ တရား ဥပဒေအောက်တွင် လူတန်းစားအားလုံး တန်းတူ ရှိရမည်ဟူသော မူနှင့်လည်း ကွဲလွဲလျက်ရှိကြောင်း၊ တရား ဥပဒေ စိုးမိုးမှုရေးကို ဖော်ဆောင်ရာတွင်လည်း အခက်အခဲ ဖြစ်နိုင်ကြောင်း အဆိုပါ တရားလွှတ်တော်ရှေ့နေက
မြန်မာ့ခေတ်သို့ ဆက်လက် ပြောကြားသည်။

သင်္ကြန် နောက်ဆုံးရက် (ဧပြီ ၁၆)ရက်နေ့တွင် ရန်ကုန်မြို့ AGD ဘဏ် မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားသော
ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှု ဖြစ်စဉ်နှင့် ဧပြီ ၂၃ ရက်နေ့တွင် ပြည်မြို့၌ ဖြစ်ပွားခဲ့သော စုံတွဲနှစ်ဦး ချိန်းတွေ့ရာမှ အကြမ်းဖက် လူသတ်လုယက်မှု ဖြစ်စဉ်များတွင် တပ်မတော်သားအချို့ ပါဝင်ပတ်သက်လျက် ရှိကြောင်းကို အခင်းဖြစ်ပွားရာ မြို့နယ်ရှိ ရဲတပ်ဖွဲ့ရုံးများမှ စုံစမ်း သိရှိရသည်။ လက်ရှိ အချိန်တွင် တပ်မတော်သားများ အရပ်ဖက်ဆိုင်ရာ ပြစ်မှု ကျူးလွန်ပါက တာဝန်ရှိ ပြည်သူ့ရဲများက ဖမ်းဆီးပြီး ကျူးလွန်သူ တပ်မတော်သားများကို တပ်ရင်းဌာန သို့ ပြန်လွှဲပေးရကြောင်း၊ တပ်ရင်းဌာနမှ စစ်ဆေးပြီးမှသာ တရားစွဲဆိုမှု ပြုလုပ်နေရကြောင်း၊ တပ်မတော်သားများ အခင်းဖြစ်ပွားရာ မြို့များမှ တာဝန်ရှိရဲဝန်ထမ်းများက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အခန်း(၇)ရှိ တပ်မတော်နှင့် သက်ဆိုင်သည့် အခန်းတွင်
တရားစီရင်ရေးနှင့် ပါတ်သတ်၍ တပ်မတော်သားများအတွက် အဖွဲ့ ဖြင့် ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ
ဥပဒေနှင့် အညီ စီရင်နိုင်ကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အဆုံးအဖြတ်
ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
လူမင်း
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com