http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သုံးလကျော်အတွင်း ကားခိုးမှု ယခင်နှစ်ထက် နှစ်ဆတက်

ရန်ကုန်၊ ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး အတွင်း ယခု နှစ်သုံးလကျော် ကာလအတွင်း မော်တော် ယာဉ်ခိုးယူခံရမှုသည် ယခင် ၂၀၁၂ ခုနှစ် တစ်နှစ်လုံး မော်တော်ယာဉ်ခိုးယူ မှုထက် နှစ်ဆခန့် မြင့်တက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မြင့်ထွေးက The Voice သို့ ပြောကြားသည်။

၂၀၁၂ ခုနှစ် တစ်နှစ်လုံးတွင် မော်တော်ယာဉ်ခိုးမှု လေးကြိမ်သာ ရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့ထိ ကြည့်မြင်တိုင်၊ လသာ၊ ပန်းပဲတန်းနှင့် အခြားမြို့နယ်များတွင် မော်တော်ယာဉ် အခိုးခံရမှု ခုနစ်ကြိမ်ခန့် ရှိနေပြီး သုံးစီးကို ပြန်လည်ဖမ်းမိခဲ့ကာ ကျန်ယာဉ်များကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။

အက္ခရာနိမ့် ယာဉ်များကို ခြံဝင်းတွင်း ထားရှိခြင်းမဟုတ်ဘဲ လမ်းပေါ်တွင် ညသိပ် ရပ်နားထားသောကြောင့် အခိုးခံရခြင်းဖြစ်ကြောင်း၊ ထို့အပြင် မော်ဒယ်လ်မြင့်ယာဉ်များ ကိုဝယ်ယူမည်ဟု ဆိုကာ ဝယ်မည့်သူက စမ်းသပ်မောင်းနှင်ပြီး သော့အတု ပွားကာ ခိုးယူမှုများလည်း ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိ တစ်ဦး၏ပြောကြားချက်အရ သိရသည်။

ဧပြီလ ၆ ရက်နေ့ ည ၆ နာရီ မိနစ် ၃၀ ခန့်မှ ၈နာရီအချိန်ထိ Ruby Mart ဈေးဝယ်စင်တာ၌ ဈေးဝယ်နေစဉ် ဗိုလ်ချုပ် အောင်ဆန်းလမ်းမပေါ် အဆိုပါစင်တာရှေ့ ရပ်ထားသည့် သ/၉၄၈၁ တိုယိုတာကိုရိုလာ ယာဉ်မှာ ခိုးယူခံခဲ့ရပြီး ရက်သတ္တပတ် သုံးပတ်ကျော် ကြာသည်အထိ မတွေ့ရှိကြောင်း ခိုးယူခံရသည့် ယာဉ်ပိုင်ရှင်၏ မိသားစုဝင် တစ်ဦး ပြောကြားချက်အရ သိရသည်။

ခိုးယူသည့်ယာဉ်များကို နယ်စပ်ဒေသများတွင် လိုင်စင်မဲ့ယာဉ် အဖြစ် ပြန်လည် ရောင်းချခြင်း၊ ယာဉ်ကို ခွဲခြမ်းစိတ်ဖြာ၍ အပိုပစ္စည်းများ အဖြစ် ရောင်းချခြင်းများ အပြင် အင်ဂျင်ကောင်းမွန်ပါက စက်မှုဇုန် ထုတ်ယာဉ်လုပ်ငန်း အချို့က ပြန်လည် ဝယ်ယူမှုများ ရှိကြောင်း ကမာရွတ်မြို့နယ်မှ ယာဉ်ထိန်းရဲအရာရှိ တစ်ဦးက ပြောကြားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com