http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း မေ ၈ ရက် ဖွင့်မည်

ရန်ကုန်- ငါးခုမြောက် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းသစ်ဖြစ်သော မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းကို မေ ၈ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

“မောတောင်ပြီးရင် ထီးစီးစခန်းကို ဆက်ဖွင့်ဖို့အစီအစဉ်ရှိတယ်။ မနက်ဖြန် ထီးစီးကိုကွင်းဆင်း စစ်ဆေးဖို့ရှိတယ်”ဟု နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးညွန့်မောင်က ဧပြီ ၂၇ ရက်တွင် ပြောကြားသည်။

ဘရူနိုင်းနိုင်ငံတွင် ဧပြီ ၂၄၊ ၂၅ ရက်က ပြုလုပ်သော အာဆီယံအ စည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လတ်ရှင်နာဝပ်တို့ သီးသန့် တွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေး စခန်းသုံးခုထပ်မံဖွင့်လှစ်ရန်သဘောတူညီမှုရခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသားခဲ့သည်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း၊ ထားဝယ်ခရိုင်တွင် ထီးစီးနယ်စပ်ကုန်သွယ်ရေးစခန်း ကရင်ပြည်နယ်တွင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်ပြီး ဘုရားသုံးဆူနယ်စပ်ကုန်သွယ်ရေးစခန်းမှာ နယ်နိမိတ်တိုင်းတာမှု မပြီးသေးကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ် စပ်တစ်လျှောက်၌ တာချီလိတ်၊ မြ၀တီ၊ မြိတ်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းလေးခု ဖွင့်လှစ်ထားပြီးဖြစ်သည်။

“နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးတက်ဖို့အတွက် ကုန်သွယ်ရေးဂိတ်တွေ ထပ်ဖွင့်တာပါ။ လောလောဆယ် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး
မှ သွင်းကုန်က များနေတယ်”ဟု ဦးညွန့်မောင်က ဆိုသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းလေးခုတွင် မြ၀တီဂိတ်သည်သာ ကုန်သွယ်မှုအများဆုံးဖြစ်ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၆၀ ကျော်ရှိကြောင်း နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန် သွယ်ရေးစခန်း ၁၂ ခုရှိပြီး တရုတ် နယ်စပ်တွင် လေးခု၊ ထိုင်းနယ်စပ်တွင်လေးခု၊ အိန္ဒိယနယ်စပ် တွင် နှစ်
ခု၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နှစ်ခုရှိကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။
7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com