http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တောင်ကိုးရီးယား-အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှု အဆုံးသတ်

ဆိုးလ်၊ ဧပြီ ၃၀။
မြောက်ကိုးရီးယားနိုင်ငံကို ဒေါသထွက်စေခဲ့သော အမေရိကန်နှင့် တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုအဆုံးသတ်ပြီဖြစ်ပြီး နှစ်နိုင်ငံ စစ်ရေးတင်းမာမှုများ လျော့ကျရေး မျှော်လင့်ချက်မြင့်တက်လာနေပြီဖြစ်သည်။

အမေရိကန်တပ်သား တစ်သောင်းကျော်အပါအဝင် တောင်ကိုးရီးယားတပ်သားများစွာပါဝင်သည့် လေတပ်၊ ရေတပ်၊ ကြည်းတပ် ပူးတွဲ လေ့ကျင့်မှု သည် နှစ်လကြာမြင့်ခဲ့သည်။

“ပူးတွဲစစ်ရေးလေ့ကျင့်မှုပြီးဆုံးသွားတယ်ဆိုပေမယ့်လည်း တောင်ကိုးရီးယားနဲ့ အမေရိကန်တပ်တွေကတော့
ဒုံးကျည်စမ်းသပ်မှုတွေ အပါ အဝင် မြောက်ကိုးရီးယားရဲ့ စစ်ရေးအခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေဦးမှာပါ” ဟု တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆော့က သတင်းထောက်များကို ပြောကြားသည်။

မြောက်ကိုးရီးယားသည် အရှေ့ဘက်ကမ်းခြေတွင် ပစ်ခတ်ရေးအသင့်ပြင်ခြင်းဖြစ်နိုင်သည့် ဒုံးကျည်များနှင့်
ဒုံးကျည်လောင်ချာများကို မကြာသေးမီက ပြုလုပ်ထားခဲ့ကြောင်း မစ္စတာကင်က ပြောကြားခဲ့သည်။

ပြုံးယမ်းအစိုးရသည် တောင်ကိုးရီးယား-အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှုသည်စစ်ဆင်ရေးအကြိုစစ်လေ့ကျင့်မှုအဖြစ် ပြောကြားမှုများ အမြဲတမ်း ရှိခဲ့သော်လည်း ဆိုးလ်နှင့် အမေရိကန်တို့က ကာကွယ်ရေးအတွက်လေ့ကျင်မှုဟုသာ  ပြောကြားသည်။

“ပူးတွဲစစ်ရေးလေ့ကျင့်မှုပြီးသွားတော့ အနည်းဆုံးတော့ တင်းပြည့်ကျပ်ပြည့်စစ်ပွဲ ဖြစ်မယ့်အလားအလာတွေအတွက် ပူပန်မှုတွေ လျော့သွား တာပေါ့” ဟု ဆေဂျုံတက္ကသိုလ်မှ မြောက်ကိုးရီးယားကျွမ်းကျင်သူ ပါခ်ဟက်ဆွန်းက ပြောကြားသည်။

၎င်းက ဆက်လက်၍ မေ၇ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားသည့် အမေရိကန်သမ္မတနှင့် တောင်ကိုးရီးယားသမ္မတတို့ တွေ့ဆုံပွဲသည် ကို ရီးယားနှစ်နိုင်ငံဆက်ဆံရေးအပေါ် သိသာစွာပြောင်းလဲမည်ဖြစ်ကြောင်း ပြောကြားသည်။

“ တကယ်လို့ မြောက်ကိုးရီးယားက အဲဒီဆွေးနွေးပွဲရလာဒ်ကို ကျေနပ်စရာမရှိဘူး၊ လက်ခံနိုင်စရာမရှိဘူးဆိုရင် နယ်စပ်နားမှာ နောက်ထပ် စစ်ပွဲ တစ်ခုအတွက် ကြောက်ရွံ့မှုတွေနဲ့နေရအုံးမယ်လို့ဆိုလိုပါတယ်” ဟု
မစ္စတာပါခ်က ပြောကြားသည်။

ယခု ပူးတွဲလေ့ကျင့်မှုသည် ကိုးရီးယားကျွန်းဆွယ်တွင် နျူကလီးယားစစ်ပွဲတစ်ခုဖြစ်ပွားနိုင်သည့် အခြေအနေများအထိ တွန်းပို့ခဲ့သည့် အဓိက အချက်ဖြစ်ကြောင်း မြောက်ကိုးရီးယားကွန်မြူနစ်ပါတီ သတင်းစာ ရိုဒုံ ဆင်မန်တွင် တနင်္လာနေ့က ပါရှိသည်။

“ တောင်ကိုးရီးယားနဲ့အမေရိကန်တို့သိထားရမှာက အဆုံးမှာ မြောက်ကိုးရီးယားကို နျူကလီးယားတိုက်ပွဲစတိုက်တယ်ဆိုရင် ဆိုးဝါးတဲ့အဆုံး သတ်က လွတ်မြောက်မှာမဟုတ်ဘူးဆိုတာပါဘဲ” ဟု ၎င်းသတင်းစာတွင်
ပါရှိသည်။

သို့သော် ရက်သတ္တပတ်များစွာကြာခြိမ်းခြောက်မှုများပြီးနောက် မကြာသေးမီရက်များအတွင်းတွင် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့် ဇနီးတို့ ဘောလုံးပွဲတစ်ပွဲသို့သွားရောက်ကြည့်ရှုပြီး ကျမ်းမာရေးဆိုင်ရာပွဲတစ်ခုသို့ တက်ရောက်သည့် သတင်းများလည်းရှိရာ တင်းမာမှု များ လျော့ကျသည့် အရိပ်အယောင်များအဖြစ် ထင်မြင်ချက်များရှိနေသည်။

ပြုံးယမ်းအစိုးရသည် အမေရိကန်တပ်သည် ၎င်းတို့မြေတွင် နျူကလီးယားစစ်ပွဲဖြစ်ရေးပြင်ဆင်နေကြောင်း
ပုံမှန်စွပ်စွဲနေပြီး နျူကလီးယား သယ်နိုင်သည့် ဘီ-၂ ယာဉ်များနှင့် ဘီ-၂ ရေဒါမမိသည့် ဗုံးကြဲလေယာဉ်များကို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် သုံးခဲ့ခြင်းကို ပြင်းထန်စွာတုံ့ပြန်မှု များ ရှိသည်။

တောင်ကိုးရီးယားယွန်ဟပ်သတင်းအေဂျင်စီမှ သတင်းတွင် မြောက်ကိုးရီးယားသည် လက်နက်ပစ္စည်းများနှင့်
လေတပ်ဂျက်လေယာဉ်များကို သုံးပြီး အကြီးစားစစ်ရေးလေ့ကျင့်မှုအတွက်ပြင်ဆင်နေဖွယ်ရှိသည် ဟု
တနင်္ဂနွေနေ့က ဖော်ပြပါရှိသည်။

မြောက်ကိုးရီးယားတို့၏ ၂၀၁၀ နိုဝင်ဘာတိုက်ခိုက်မှုကြောင့် တောင်ကိုးရီးယားဘက်မှ လူလေးဦးသေဆုံးခဲ့ပြီး
၎င်းနှစ်တွင်ပင် ဖြစ်ပွားခဲ့သည့် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည့် သင်္ဘောနစ်မှုသည်လည်း မြောက်ကိုးရီးယားတို့ လုပ်ဆောင်ကြောင်း ပြောကြားခဲ့သည်။

တောင်-မြောက်ကိုးရီးယားပေါင်းစပ်မှု အမှတ်အသားဖြစ်သည့် ကေဆောင်စက်မှုဇုန်မှ ကျန်ရှိနေသည့်
အလုပ်သမားအများစုသည်လည်း အင်္ဂါနေ့က ထွက်ခွာလာခဲ့ကြပြီး ကြီးကြပ်ကွပ်ကဲသူ ၇ ဦးသာ
အုပ်ချုပ်ရေးကိစ္စများ ဖြေရှင်းရန် ကျန်ခဲ့ကြောင်း သိရသည်။
Ref: AFP
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com