http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လက်ပံတောင်းတောင်တွင် ရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံများ ထိပ်တိုက်တွေ့ ၁၈ ဦးဒဏ်ရာရ


ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း ဧပြီလ ၂၄ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကွန်ရက်တစ်ခုမှ အဖွဲ့ဝင်အချို့ ပါဝင်သော ဒေသခံများ ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲအရာရှိများ အပါအ၀င် ၁၈ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံအချို့ကို ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာအနီးရှိ ပုဒ်မ ၁၄၄ ထုတ် ပြန်ထားသော လယ်မြေအတွင်း ကြေးနီစီမံကိန်းကန့်ကွက်သူများနှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက် နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

“ပထမအယောက် ၇၀ လောက်ရှိတယ်။ တားမြစ်နယ်မြေထဲ မလုပ် ဖို့ပြောတယ်။ သူတို့ရန်ပြုဖို့ ကြိုးစား ကြတော့ ဒိုင်းတွေနဲ့ အသံပေးလှန့် လိုက်တော့ ပြန်သွားကြတယ်။ ပြီးမှလူစုပြီး ပြန်လာတာ အယောက် ၂၀၀ လောက်ရှိတယ်”

“ကျွန်တော်တို့က ဦးဆောင်တဲ့ကွန်ရက်အဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီးဖို့လုပ်တော့ ဖြစ်ကြတာ။ သူတို့က ခဲတွေ၊ စက်ဘီး ကုံးသီးတွေနဲ့ ပစ်တယ်။ တုတ်နဲ့ဝင်ရိုက်တယ်။ ကျွန်တော်တို့က ပထမနောက်ကို ဆုတ်တယ်။ လူစုခွဲဖို့ ပြောလို့မရတော့မှ မိုးပေါ်ကိုခြောက်လှန့်ပြီး ပစ်တာပါ” ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ထွန်းက ပြောသည်။

ထိပ်တိုက်တွေ့ဆုံမှုကြောင့် ၎င်းနှင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး၊ မြို့နယ်မှူးအပါအ၀င် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများမှ သုံးဦးဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ လက်မောင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆက်လက်ပြောသည်။

ထိပ်တိုက်တွေ့ဆုံမှုတွင် ဒေသခံများက ပုလင်းထဲ ဓာတ်ဆီထည့် ပြုလုပ်သော လက်လုပ်မီးလောင်ဗုံးများကို အသုံးပြုခဲ့သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲပြောဆိုခဲ့ပြီး ဒေသခံများကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားသုံးမှုကြောင့်ဟု တုံ့ပြန်ပြောဆိုကြသည်။

“ကိုယ့်လယ်ကိုယ် ပြန်ထွန်ဖို့ ကြိုးစားတာ။ သက်ဆိုင်ရာက တားလို့ဖြစ်ရတာ” ဟု မိုးကြိုးပြင်(မြောက်) ရွာသားတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသော ဒေသခံ သုံး ဦးကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ထားပြီး စိုးရိမ်စရာအခြေအ နေမရှိဟု ဒေသခံလူမှုရေး အဖွဲ့အစည်းများထံမှ သတင်းရရှိသည်။

ကွန်ရက်အဖွဲ့တစ်ခုမှ အဖွဲ့ ၀င်တစ်ဦးနှင့် ဒေသခံနှစ်ဦးကို ထိန်း သိမ်းထားကြောင်း မုံရွာခရိုင်ရဲတပ် ဖွဲ့မှ ဆက်လက်သတင်းရရှိသည်။

“အားလုံးကို ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်းဖြစ်စေချင်ပါတယ်။ တရားဥပဒေကို ချိုးဖောက် ရင်တော့ တာဝန်အတိုင်း ဆောင်ရွက်ရပါတယ်”ဟု စစ်ကိုင်းတိုင်း ရဲ တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်များတွင် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန် ရက်မှ ကိုအောင်စိုး၊ ကိုထက်၊ ရန်ကုန်ဝိဇ္ဇာ/သိပံ္ပ ကျောင်းသား သမဂအဖွဲ့မှ ကိုသောင်းထိုက်ဦးတို့ ပါဝင်ပြီး ယင်းကွန်ရက်အဖွဲ့ဝင်များ ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဒေသခံရွာသားများက လက်လုပ် မီးလောင်ဗုံးဖြင့် ပစ်ခတ်ခြင်းအပါ အ၀င်အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်ပိုင်ရုပ်သံဌာနများမှတစ်ဆင့် ပြည် ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

တာဝန်ရှိသူများ အနေဖြင့် လက်ပံတောင်းတောင် စုံစမ်းစစ် ဆေးရေး ကော်မရှင် အစီရင်ခံစာနှင့် အညီ ဆောင်ရွက်ပေးနေပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် သတိ ပေးခဲ့သော်လည်း ဆူပူအကြမ်းဖက်မှု များ ဆိုးရွားလာခဲ့သဖြင့် သတိပေးခြောက်လှန့်ပစ်ခတ်မှုများကို ဆောင်ရွက်ရခြင်းဖြစ်ကာ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီး ရမိသူများအား ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“အခုပါတဲ့သူတွေက လျော်ကြေးမယူကြတဲ့သူများပါတယ်။ ဘာပဲပြောပြော ခဏခဏ ဒီလိုဆူပူတာတွေက မကောင်းဘူး။ အေးအေးချမ်းချမ်းပဲ ပြီးစေချင်တယ်”ဟု ၀က်မှေးကျေးရွာသားတစ်ဦးက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကလည်း အခင်းဖြစ်ပွားပြီး နောက် ယနေ့နေ့ခင်းပိုင်းတွင် ပြည်သူတို့၏ ငြိမ်းချမ်းစွာလှုပ်ရှားမှုများအား အကြမ်းဖက်နှိမ်နှင်းခြင်းကို လုံးဝလက်မခံနိုင်ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်မြေကို အခြေပြုလုပ်ကိုင်စားသောက်နေရသော လယ်သမားများကို မည်သည့်အာမခံချက်ပေးနိုင်မည်ကို အစိုးရက ညှိနှိုင်းအဖြေရှာရန် လိုအပ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်အတွင်း စတင်ခဲ့ သော လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို ဒေသခံများက ဆက်တိုက်ကန့်ကွက်ခဲ့ကြရာ ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်တွင် အထွေထွေ သပိတ်စခန်းများကို အင်အားသုံး ဖြိုခွဲခံရပြီး သံဃာတော်အများစု အပါအ၀င် ဒေသခံများ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့၍ ဝေဖန်မှုများစွာရှိ သည်။

ထို့အပြင် ကော်မရှင်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြသည်အထိ ဖြစ်ပွားခဲ့ပြီး ဆနပြမှုများ နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှား သူများ ရှိနေကြောင်းလည်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့ သည်။

ယနေ့ဖြစ်စဉ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၁၅ ဦး ဆူပူအကြမ်းဖက်သူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် အမှတ် (၁၆) ရဲတပ်ရင်းတို့က လုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
 7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com