http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အာရှ ပစိဖိတ်ဒေသအတွင်း စံနမူနာပြု ရေကြောင်းမူဝါဒများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ စာချုပ်ချုပ်ဆို


Wednesday, April 3, 2013 @
ရန်ကုန်၊ ဧပြီ ၃။
အာရှ ပစိဖိတ်ဒေသအတွင်း စံနမူနာပြု ရေကြောင်းမူဝါဒများ ချမှတ်ရာတွင်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်(MMU) နှင့် Korea Maritime University တို့အကြား ပညာရေးဆိုင်ရာ သဘောတူ စာချုပ်သစ် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

၂၀၀၃ခုနှစ် ဇူလိုင်လ ၂၈ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်နှင့် Korea Maritime University တို့သည် နှစ်နိုင်ငံတက္ကသိုလ်များ၏ ပညာရှင်များနှင့် ပညာသင်များဖလှယ်ခြင်း၊ ပညာရေး ပူးပေါင်းဆောင်ရွက်မှု အထူးအစီအစဉ်များ ဆောင်ရွက်ခြင်း စသည်တို့ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လက်မှတ်ရေးထိုးခဲ့ကြပြီး ယခုချုပ်ဆိုသော စာချုပ်သည် ဆယ်နှစ် သက်တမ်း ပြည့်မြောက်ပြီးနောက် ထပ်မံချုပ်ဆိုသော စာချုပ်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဈေးကွက်အတွင်း သမုဒ္ဒရာဆိုင်ရာ လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် ထောက်ပံ့ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတို့တွင် ကိုရီးယားစီးပွားရေး လုပ်ငန်းများ ထိုးဖောက်ပါဝင်နိုင်ရန် အတွက် ကိုရီးယား စီးပွားရေး အခြေခံ အဆောက်အအုံ တစ်ခု တည်ဆောက်ရန်၊ ရာသီဥတု ပြောင်းလဲ ခြင်းနှင့် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာမည့် သမုဒ္ဒရာဆိုင်ရာ လုပ်ငန်းများအတွက် သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားရန် ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား ရေရှည်ပူးပေါင်းဆောင်ရွက် သွားနိုင်ရန်အတွက် လမ်းစဉ်များ ချမှတ်ရာတွင် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် အခြေခံအဆောက်အအုံ ထူထောင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်တွင် Korea-Myanmar Ocean Research Centre တည်ထောင်ကာ ရုံးခန်းဖွင့်ပွဲကို ယနေ့နံနက်က ကျင်းပ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံတွင် Korea-Myanmar Ocean Research Centre တည်ထောင်ခြင်းနှင့် MMUနှင့် KMU တို့စာချုပ်ချုပ်ဆိုခြင်းအားဖြင့် ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းကာ ပင်လယ်သမုဒ္ဒရာနှင့် ကမ်းရိုးတန်းဆိုင်ရာ နည်းပညာများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း၊ ပင်လယ် သမုဒ္ဒရာ မူဝါဒများ စနစ်တကျ ချမှတ်နိုင်ခြင်း၊ ပင်လယ်သမုဒ္ဒရာဆိုင်ရာ သိပ္ပံပညာများ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်ကြောင်း သိရသည်။
ဝေယံ, မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com