http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သြစတြေးလျတွင် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအတွက် အမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း


Wednesday, April 3, 2013
ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စုံစမ်းရန် အမျိုးသားစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်က သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့တွင် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ်ဂျူလီယာဂီလားဒ်က ယခုဖွဲ့စည်းသည့်ကောက်မရှင်သည် တစ်ချို့သော နားမချမ်းသာစရာဖြစ်စေမည့် အမှန်တရားများကို ဖော် ထုတ်လိမ့်မည်ဟု သတိပေးပြောကြားကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဘာသာတရားအလေးထားသည့်အုပ်စုများ၊ အစိုးရမဟုတ်သည့်အဖွဲ့များနှင့် အစိုးရအထောက်ပံ့ခံ အဖွဲ့များ၊ အစိုးရအဖွဲ့များကိုလည်း စစ်ဆေးမည်ဖြစ်သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်က စုံစမ်းရမည့်နယ်ပယ်ကျယ်ဝန်းသောကြောင့် စီမံကိန်းပြီးမြောက်ချိန်ခန့်မှန်းကာလ ၂၀၁၅တွင် အပြီးသတ် နိုင်မည် မဟုတ်ကြောင်း ဆိုသည်။ ၎င်းအဖွဲ့သည် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့်ပတ်သက်၍ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်တုန့်ပြန်ပြောဆိုချက်ကို စစ်ဆေး မည်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်သူများသည် ၎င်းတို့၏ အမှုအခင်းများအကြောင်း သတင်းပေးခံရခြင်း၊ စုံစမ်းစစ်ဆေးခြင်းမခံရဘဲ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့နေကြသည် ဟု သတင်းများပေါ်ထွက်လာသည့် နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ မစ္စဂီလားဒ်က ယခုစုံစမ်းစစ်ဆေးရေးကော်မရှင်သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများမှ လွတ်မြောက်လာသည့် ကလေးသူငယ်များသည် အချိန်အတော်အကြာ အိမ်တွင်းအောင်းနေရပြီး စိတ်တံခါးများကိုလည်း ပိတ်ထားရသောကြောင့် ၎င်းတို့၏စိတ်ဖြေရာနေရာတစ်ခုအဖြစ် ကူညီစေရန်ရည်ရွယ်ကြောင်း အေဘီစီရေဒီယိုသတင်းသို့ ပြောကြားခဲ့သည်။

ယခုစုံစမ်းစစ်ဆေးရေးကော်မရှင်တွင် စုံစမ်းစစ်ဆေးရေးမှူး ခြောက်ဦးပါဝင်ရာ တစ်ဦးသို့မဟုတ်တစ်ဦးထက်ပိုသော အဖွဲ့ဝင်များသည် အကြမ်းဖက်ခံခဲ့ရသည့် ကလေးသူငယ်များ၏ ဖြစ်စဉ်ကို ငါးလတိုင်တိုင် ကြားနာနိုင်မည် ဖြစ်ပြီး အကြမ်းဖက်ခံခဲ့ရသူတစ်ဦးချင်းစီသည် ၎င်းတို့၏ ဖြစ်စဉ်ကို အနည်းဆုံး တစ်နာရီကြာ ပြောပြနိုင်လိမ့်မည် ဟု သတင်းထောက်များက ခန့်မှန်းထားသည်။ တရားသူကြီးမင်း မက်ကလယ်လန်က စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ငွေကြေးများစွာကုန်ကျမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ရိုမန်ကက်သလစ်တရားဟောဆရာများ၏ ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် သြစတြေးလျနိုင်ငံတွင် အဓိက ပြဿနာတစ်ခုဖြစ်နေကြောင်း သိရသည်။ ဗစ်တိုးရီးယားပြည်နယ် ရိုမန်ကက်သလစ်ဘုရားကျောင်းက ၁၉၃၀ခုနှစ်မှစ၍ တရားဟောဆရာများ၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ခံရ သည့် ကလေးအရေအတွက်သည် ၆၀၀ကျော်ကြောင်း ယမန်နှစ်စက်တင်ဘာလက အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။ Ref:BBC, မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com