http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လားရှိုးတွင် နိုင်ငံတကာအဆင့်မီ ဒီပလိုမာသင်တန်းကျောင်း ဖွင့်တော့မည်

Wednesday, April 3, 2013
လားရှိုး၊ ဧပြီ ၃။
လားရှိုးမြို့တွင် နိုင်ငံတကာအဆင့်မီ ဟော်တယ်နှင့် ခရီးသွားလာရေး ဒီပလိုမာ သင်တန်းကျောင်း ဖွင့်လှစ်ရန် ညှိနှိုင်းအစည်းအဝေးကို လားရှိုးခရိုင်အုပ်ချုပ်ရေးရုံးတွင် လားရှိုးပညာရေးကော်မတီမှ ယမန်နေ့က ပြုလုပ်သွားကြောင်း သိရသည်။ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အဆင့်မီ ပညာရေးမြင့်တင်ရန် ရည်ရွယ်၍ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများမှ ဘွဲ့ကြိုဖြစ်စေ၊ ဘွဲ့ရဖြစ်စေ အလုပ်အကိုင် အခွင့်အလမ်း အခိုင်အမာရရှိစေရန် ရည်ရွယ်ကြောင်း၊ Singapore Diploma သင်တန်းကျောင်းအဖြစ် လားရှိုးတက္ကသိုလ်နှင့် Paragon Internationalတို့မှ တွဲဖက်ဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး Paragon Internationalမှ နိုင်ငံတကာ ပညာရေးတာဝန်ခံ ဦးဗိုလ်ဗိုလ်အောင်က ပြောကြားသည်။

“အရင်တုန်းက ကျွန်တော်တို့နိုင်ငံဟာ စင်ကာပူနိုင်ငံထိ သွားပြီးSingaporeDiplomaဘွဲ့ကို ငွေကုန်ကြေးကျ ခံပြီးသွားနေရတယ်။ အခုမလိုတော့ဘူး။ စင်ကာပူနိုင်ငံမှာရှိတဲ့ Shelton College Internationalမှ ပေးတဲ့ Dplomaဘွဲ့မျိုး ပေးသွားမှာပါ။ အလုပ်အကိုင် သေချာပေါက် ရနိုင်တဲ့ အဆင့်မီဘွဲ့မျိုးပါ။ တက္ကသိုလ်ကျောင်းသားတွေအတွက် အဆင်ပြေလွယ်ကူစေရန်အတွက် ကြိုးစားဆောင်ရွက်ပေးတာပါ”ဟု ၎င်းက ပြောကြားသည်။ တက္ကသိုလ်ကျောင်းသားများ ဘ၀အာမခံချက်ရှိမည့် ဟော်တယ်နှင့် ခရီးသွားလာရေး(Singapore Diploma) သင်တန်းကို ဈေးနှုန်းသက်သာစွာ သင်ကြားနိုင်ပြီး ယင်းသင်တန်းကို နိုင်ငံခြားမှ ဆရာများက တိုက်ရိုက် သင်ကြားပေးမည်ဖြစ်ကြောင်း SingaporeLecturerများ၊ လားရှိုး တက္ကသိုလ်မှ Lecturerများ၊ Paragon InternationalမှTrainerတို့က သင်ကြား ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရျိသူများက ပြောကြားသည်။ ယင်းသင်တန်းကို ဇူလိုင်လတွင် Paragon International, Lashio၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပြုလုပ် သော သင်တန်းကျောင်းဖြစ်ကြောင်း သိရသည်။သင်တန်းကာလကို စာသင်လေးလ သတ်မှတ်ပြီး လုပ်ငန်းခွင် လက်တွေ့ကာလကို သုံးလမှ ခြောက်လထိ သတ်မှတ်ပြီး စင်ကာပူနိုင်ငံရှိ Shelton College Internationalမှ Diplomaဘွဲ့ကို ချီးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း, မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com