http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြောက်ကိုးရီးယား ကေဆောင်စက်မှုဇုန်ကို တောင်ကိုးရီးယားလုပ်သားများ အလုပ်လာလုပ်ခွင့်ပိတ်

ဆိုးလ်၊ April 3, 2013
မြောက်ကိုးရီးယားသည် ကေဆောင်စက်မှုဇုန်သို့ တောင်ကိုးရီးယားလုပ်သားများ လာရောက်လုပ်ကိုင်ခြင်းကို စတင်ပိတ်လိုက်ပြီ ဖြစ်၍ နှစ်နိုင်ငံကြား တင်းမာမှုကို ထပ်တိုးလိုက်သော အပြုအမှုတစ်ခုအဖြစ် မြင်ကြသည်။ စက်မှုဇုန်မှ တောင်ကိုးရီးယားလုပ်သားများကို ထွက်ခွာခွင့်သာပေး၍ ပြန်လည်လာရောက်လုပ်ကိုင်ခွင့်ကို ပိတ်လိုက်ကြောင်း တောင်ကိုးရီး ယားမှ ပေါင်းစည်းရေး ဝန်ကြီးဋ္ဌာနက အတည်ပြုပြောကြားလိုက်သည်။ ကေဆောင်စက်မှုဇုန်သည် မြောက်ကိုးရီးယားနိုင်ငံအတွက် ငွေရပေါက်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးပြယုဂ်လည်း ဖြစ်ကြောင်း သိရသည်။ ယခုလုပ်ဆောင်ခြင်းသည် အမေရိကန်နိုင်ငံက မြောက်ကိုးရီးယားနိုင်ငံလက်မခံနိုင်သည့် လုပ်ဆောင်ချက်များကြောင့်ဖြစ်လာရခြင်း ဖြစ်သည်။ ၎င်းစက်မှုဇုန်တွင် စက်ရုံ၁၀၀ကျော်ရှိပြီး မြောက်ကိုးရီးယား လုပ်သားငါးသောင်းကျော် အလုပ်လုပ်နေကြပြီး ၎င်းဇုန်တွင် လာရောက်လုပ်ကိုင် ရန် နေ့စဉ် ဝင်ထွက်ခွင့် တောင်းခံနေရသည့် တောင်ကိုးရီးယား မန်နေဂျာရာပေါင်းများစွာလည်း ရှိနေကြောင်း သိရသည်။

“တောင်ကိုးရီးယားအစိုးရဟာ အဲဒီဇုန်ထဲကို တောင်ကိုးရီးယား အလုပ်သမားတွေ သွားရောက်လုပ်ကိုင်ခွင့် အပိတ်ခံရတဲ့အတွက် လွန်စွာဝမ်း နည်းရပါတယ်၊ ဝင်ခွင့်ကို မကြာခင်ပြန်လည်ပေးဖို့ တိုက်တွန်းပါတယ်” ဟု ပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်ဟွန်ဆော့ က သတင်းထောက်များကို ပြောကြားသည်။

ကုလသမဂ္ဂ၏လက်ရှိ ပိတ်ဆို့အရေးယူမှုများနှင့် တောင်ကိုးရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကြောင့် ၎င်းစက်မှုဇုန်ကို ပိတ်မည် ဟု ယခင်ရက်သတ္တပတ်ကလည်း ခြိမ်းခြောက်ခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များကလည်း အာရှနှင့် တောင်ကိုးရီးယားနယ်စပ်ကျွန်းများအခြေစိုက် အမေရိကန်တပ်များကို ခြိမ်းခြောက်မှုများ လုပ်ခဲ့ပြီး ယခုတစ်ပတ်အင်္ဂါနေ့ ကလည်း ယောင်ပြွန်းရှိ နျူကလီးယား ဓာတ်ပေါင်းဖိုကို ပြန်လည်ဖွင့်လှစ်မည်ဟု ဆိုခဲ့ကြောင်း သိရသည်။ ၎င်းအင်္ဂါနေ့တွင်ပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက “အမေရိကန်သည် အမေရိကန်နိုင်ငံ နှင့် ၎င်းတို့၏ မဟာမိတ် တောင်ကိုးရီးယားနိုင်ငံကို ကာကွယ်မည်ဖြစ်ကြောင်း” တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ယွန်ဗြောင်ဆေးနှင့် ဆွေးနွေးပွဲအပြီး ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက မြောက်ကိုးရီးယားနှင့်ပတ်သက်၍ “နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပဋိပက္ခ ဖြစ်မယ့် လမ်းကြောင်းကို မရွေးသင့်ကြောင်း၊ နျူကလီးယားခြိမ်းခြောက်မှုသည် ကစားပွဲတစ်ခုမဟုတ်ကြောင်း” အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ Ref:BBC, မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com