http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် ရွေးကောက်ပွဲကျင်းပတော့မည်ဟု ပြောကြား

Wednesday, April 3
ကွာလာလမ်ပူ၊ ဧပြီ ၃။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်သည် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။

နှစ်ပေါင်း၅၆နှစ်ကြာ အာဏာရရှိခဲ့ပြီဖြစ်သည့် အမျိုးသားရှေ့ဆောင် ညွန့်ပေါင်းအဖွဲ့မှ ဝန်ကြီးချုပ်မစ္စတာ နာဂျစ်သည် ယနေ့တွင် ရုပ်သံမိန့် ခွန်းတစ်ခု ပြောကြားခဲ့သည်။ ၎င်းသည် အတိုက်အခံပါတီခေါင်းဆောင် အန်ဝါအီဘရာဟင်နှင့် အကြိတ်အနယ်ဖြစ်နိုင်သည့် ရွေးကောက်ပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့ပါတီသည် ၂၀၀၈ခုနှစ် ရွေးကောက်ပွဲတွင် ပထမဆုံးအနေနှင့် ပါတီနေရာသုံးပုံနှစ်ပုံ ရှုံးနိမ့်ခဲ့သည်။

ရွေးကောက်ပွဲအရာရှိများသည် မဲပေးမည့်ရက်ကို လာမည့်ရက်များတွင် ရွေးချယ်ကြမည်ဖြစ်ပြီး ဧပြီလနှောင်းပိုင်းတွင် ဖြစ်နိုင်မည်ဟု မျှော်လင့်ကြသည်။ မစ္စတာနာဂျစ်သည် ၎င်း၏ ငါးနှစ်တာ ရာထူးသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် ဧပြီလတွင် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရမည် ဖြစ်သည်။ ၎င်း၏ အမျိုးသားရှေ့ဆောင်ညွန့်ပေါင်းပါတီသည် ၂၀၀၈ခုနှစ်တွင် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံးရွေးကောက်ပွဲ ရလာဒ် အဖြစ် လွှတ်တော်အမတ်နေရာ သုံးပုံ နှစ်ပုံ ဆုံးရှုံးခဲ့ရပြီး ပြည်နယ် ငါးခုတွင်လည်း ပြည်နယ်လွှတ်တော်အစည်းအဝေး စည်းဝေးခွင့် ဆုံးရှုံး ခဲ့ရသည်။

အတိုက်အခံပါတီခေါင်းဆောင် မစ္စတာအန်ဝါအီဘရာဟန်သည် ၎င်း၏ကိုယ်ပိုင်ပါတီ၊ အစ္စလာမ္မစ်ပါတီနှင့် ဒီမိုကရက်တစ်ပါတီစသည့် ပါတီသုံးခုပေါင်းထားသည့် ညွန့်ပေါင်းပါတီကို ဦးဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။ မစ္စတာအန်ဝါသည် အမျိုးသားရှေ့ဆောင်ပါတီလက်အောက်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး ၁၉၉၈တွင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်နှင့်အတူ နှုတ်ထွက်ခဲ့သည်။ ၎င်းသည် အာဏာအလွဲသုံးစားမှုဖြင့် ၆နှစ်ကြာ ထောင်ကျခံရဖူးပြီး နှစ်ကြိမ် စွဲချက်တင်ခံရဖူးသော်လည်း နှစ်ကြိမ်လုံးလွတ်ခဲ့သည်။ ရွေးကောက်ပွဲကို ၂၀၁၁ခုနှစ်အစောပိုင်းကတည်းက ကျင်းပမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ဝန်ကြီးချုပ်သည် ၎င်း၏ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကြောင့် တိုးတက်ဖြစ်ထွန်းမှုများရှိလာသည်ဟု မလေးရှားပြည်သူများ ယုံကြည်လာစေရန် ရွေ့ဆိုင်းနေခဲ့ကြောင်း သိရသည်။
Ref:BBC
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com