http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရွာသားများစပါးစိုက်ရန် မြေခုတ်ထွင်ရှင်းလင်းမှုအပေါ် UWSA အဖွဲ့မှ တားမြစ်ခဲ့

22.4.2013
မိုင်းဆတ်မြို့ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ဟွေပူကျေးရွာမှ ရွာသားများအား UWSA အဖွဲ့မှ မြေခုတ် ထွင်ရှင်း လင်းမှုများအပေါ် တားမြစ်ခဲ့ကြောင်း သိရှိရသည်။

၎င်းကျေးရွာသားများ စုပေါင်းခုတ်ထွင်ရှင်းလင်း၍ စပါးစိုက်ပျိုးရန်အတွက် ပြုပြင်ထားသည့်မြေ (၁၀)ဧက ခန့်အား UWSA အဖွဲ့ ၄င်းတို့ပိုင် မိုင်းထလန်ကျေးရွာနှင့်နီးသဖြင့် မလုပ်ကြရန်နှင့် ဆက်လုပ်ပါက စိုက်ပျိုးထားသည့် အပင်များကို သိမ်းယူမည်ဖြစ်ကြောင်း ဧပြီလအတွင်း (၂)ကြိမ် ခေါ်ယူပြောဆို ခဲ့သည် ဟု ရွာခံတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

`` မနေ့က ကျွန်တော်တို့ကို UWSA အဖွဲ့က ထပ်ပြီးခေါ်ပြောတယ်။ ကျွန်တော်တို့တောင်ယာတွေ အနီးက ချောင်းရေ ခမ်းမှာစိုးတဲ့အတွက် တောင်ယာမလုပ်ဖို့ ပြောတယ်။ ထိုင်း - မြန်မာဘိန်းအစားထိုး ဖွံ့ဖြိုးရေး စီမံကိန်းက ဒီချောင်းကို ဆည် ခံပြီးတော့ မိုင်းကန်ဒေသသောက်သုံးရေ ဖူလုံအောင် ပေးနေ ရတာလို့ အကြောင်းပြပြီး ပြောတယ်။

လွန်ခဲ့တဲ့(၄)နှစ် လောက်က ရွာနားမှာပဲ တောင်ယာ လုပ်စားကြ ပါတယ်။ အဲဒီတုန်းက UWSA အဖွဲ့ရဲ့ နွားခြံထဲက နွားတွေဟာ တောင်ယာတွေထဲကို ၀င်စားတယ်။ လျော်ကြေးမရတဲ့အပြင် မကြာခဏပြဿနာတက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက် ကစပြီးတော့ ဒီဘော်ဘူးချောင်းအနီးတစ်ဝိုက်ကိုပြောင်းပြီး လုပ်ကြတာပါ။ ဒီနေရာမှာ ကျွန်တော်တို့ကို စပါးမစိုက်စေချင်ရင် ရွာနားက UWSA အဖွဲ့ရဲ့ နွားခြံတွေ နေရာပြောင်းပေးပေါ့။ အဲဒီလိုဆိုရင်တော့ ကျွန်တော်တို့ ရွာနားမှာပဲ ပြန်လုပ် ကြမယ်´´ဟု ဟွေပူကျေးရွာအုပ်ချုပ်ရေးရုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး မှ ပြောခဲ့သည်။

ဟွေပူရွာသားအများစုမှာ ရှမ်းလူမျိုးများနှင့် အခါလူမျိုးများဖြစ်ပြီး UWSA အဖွဲ့၏ အနိုင်ကျင့်မှု များကြောင့် နောင်အနာဂတ်အရေးအတွက် စိုးရိမ်လျှက်ရှိကြောင်း သိရှိရသည်။
Shan News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com