http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကမ္ဘာ့အသိဥာဏ် ပစ္စည်းမူပိုင်ခွင့်နေ့ ပထမဆုံးအကြိမ် ကျင်းပမည်


22 Apr, 2013
ကမ္ဘာ့အသိဥာဏ် ပစ္စည်းမူပိုင်ခွင့်နေ့ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက သိရှိရသည်။

အဆိုပါနေ့ကို (၁၉၉၉)ခုနှစ် အောက်တိုဘာလတွင် WIPO (World Intellectual Property Organization)က ဧပြီလ (၂၆)ရက်နေ့ကို ရွေးချယ်သတ်မှတ်ခဲ့ပြီး (၂၀၀၀)ခုနှစ်တွင် စတင်ကျင်းပခဲ့ကြောင်း သိရှိရသည်။

"ကမ္ဘာမှာဒီလိုနေ့ကျင်းပခဲ့တာ ဆယ်စုနှစ်တစ်ခုတောင်ကျော်သွားပြီ၊ ဒီမှာလည်း ပြီးခဲ့တဲ့ ငါးနှစ်လောက်က ဥပဒေ ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အဖွဲ့အစည်းလိုက် အထိမ်းအမှတ်ပွဲတွေလုပ်တာတော့ရှိတယ်။ အစိုးရ အနေနဲ့တော့ ဒီနှစ်မှ စလုပ်ဖြစ်တာပါ"ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါနေ့ကို အထိမ်းအမှတ်နေ့အဖြစ် မကျင်းပဘဲ ဆွေးနွေးပွဲအနေဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာ့ သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနတွင် ကျင်းပရန်စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက သိရှိရသည်။

"ဒီပွဲကို အထိမ်းအမှတ်ပွဲပုံစံမဟုတ်ဘဲ ဆွေးနွေးပွဲပုံစံနဲ့ ကျင်းပသွားမှာပါ။ မူပိုင်ခွင့် ဥပဒေဆိုတာအားလုံးနဲ့ ဆိုင်တယ် တီထွင်တဲ့ သူတွေ ပြည်သူတွေ ရဲ့ ရပိုင်ခွင့်တွေ ၊ခံစားပိုင်ခွင့်တွေနဲ့ ပါတ်သတ်လို့ နားလည်သွားစေချင်တယ်"ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုကျင်းပပြုလုပ်မည့် ကမ္ဘာ့အသိဥာဏ် ပစ္စည်းမူပိုင်ခွင့်နေ့တွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန အပြင် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ၊ IT နည်းပညာ ဆိုင်ရာ ပညာရှင်များ ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

 "ပြည်ပရင်းနှီးမြုပ်နှံမှုတွေဝင်လာရင် မူပိုင်ခွင့် ဥပဒေဆိုတာတော့ ပြကိုပြဌာန်းရမှာ၊အဲဒီဥပဒေတွေ ရှိလာရင် နည်းပညာခွေတွေကို အခုလို လွယ်လွယ်ကူကူ မရနိုင်တော့ဘူး၊ ကောင်းတာကတော့ Software တစ်ခုရေး နိုင်ရင် အဲဒီအတွက် ကာကွယ်မှု နဲ့ ရပိုင်ခွင့်တွေရှိလာနိုင်မယ်။ပြည်သူတွေအနေနဲ့ အဲဒီအသိဥာဏ် တွေရှိထားရင် ပိုကောင်းမယ်ထင်တယ်"ဟု ပရိုဂရမ်ရေးဆွဲသူပညာရှင်တစ်ဦးက ဆိုသည်။

အဆိုပါနေ့ အထိမ်းအမှတ်ပွဲကို မြန်မာနိုင်ငံမှ ‘တီထွင်ဖန်တီးမှုသော့ချက် မျိုးဆက်သစ်တို့ရဲ့ အသက်’ဟု နိုင်ငံတကာဆောင်ပုဒ် (CREATIVITY –the next generation)ကို အကြမ်းမျဉ်းဘာသာပြန်ထားကြောင်း၊ လူတိုင်း တီထွင်ဖန်တီးမှုကို စိတ်ဝင်စားလာစေရန်နှင့် ကျောင်းနေအရွယ်မှ လုပ်ငန်းခွင်ဝင်ရောက်ချိန်အထိ ကြံဆသွားနိုင်ရန်နှင့် အသိဥာဏ်တိုးပွားသွားစေရန် အတွက် ဟောပြောပွဲများ၊ ပြိုင်ပွဲများကိုလည်း ထည့်သွင်းရခြင်းဖြစ်ကြောင်း သိရသည်။
လွင်ထူးကို(မြစ်မခ)
Myit Makha Mediagroup

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com