http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဥပဒေအတွက် အကူအညီများ တင်ပြနိုင်သော facebook စာမျက်နှာကို 88မျိုးဆက်မှ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း

ရန်ကုန်၊ ဧပြီ ၁၈။
ဥပဒေရေးရာအရ လိုအပ်သော အကူအညီများ အကြံပြုချက်များကို တင်ပြနိုင်သော facebook စာမျက်နှာကို 88မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားအဖွဲ့  ဥပဒေရေးရာ တာဝန်ခံ ကိုမာကီး၏ ပြောကြားချက်အရ သိရသည်။

နာမည်ကတော့ 88 Generation Legal Sector (၈၈မျိုးဆက်ဥပဒေရေးရာ) လို့ အမည်ပေးထားပါတယ်။ ဒီမှာ ဥပဒေရေးရာအရ လိုအပ်တဲ့ အကူုအညီတွေ၊ အကြံဥာဏ်တွေကို တင်ပြ တောင်းဆိုနိုင်ပါတယ်။ ပုဂ္ဂလိကရေးရာထက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မတရားမှုတွေကို ဖြေရှင်းပေးမှာပါ။ ၈၈ ရုံးခန်းမှာလည်း ဥပဒေ အကြံပေးအဖွဲ့တွေ ရုံးထိုင်နေပါပြီဟု ဥပဒေရေးရာ တာဝန်ခံကိုမာကီး ကပြောကြားသည်။

Facebook တွင်သာမက ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင်လည်း လာရောက် တင်ပြနိုင်ကြောင်း၊ အဆိုပါ တင်ပြသော ဥပဒေရေးရာ အကူအညီ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရန် ဥပဒေရေးရာ အကြံပေးအဖွဲ့မှာ လွှတ်တော်ရှေ့ နေ ဦးမောင်မောင်ဝင်း ဦးဆောင်သော မဏ္ဍိုင်ဥပဒေအကယ်ဒမီမှ ရှေ့နေ အယောက် ၂၀ မှ တစ်ပတ်လျှင် တနလာင်္၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် အလှည့်ကျ ရုံးထိုင်ကာ ဥပဒေကြောင်းအရ အကူအညီ လိုအပ်နေသူများကို ကူညီ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။

"တစ်လတစ်လကို ဥပဒေကြောင်းအရ မတရားခံရလို့ဆိုပြီး ရုံးမှာလာတင်တဲ့ အမှုတွေ တစ်ရာ့ငါးဆယ်၊ နှစ်ရာလောက်ရှိတယ်။ အခုကတော့ သေချာ အကြံဥာဏ်ပေးပြီး ကူညီပေးနိုင်မယ့် ရှေ့နေတွေကို ရုံးထိုင်ခိုင်းပြီး ကူညီပေးမှာပါ။ နိုင်ငံရေးအမှု၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ အမှုတွေတိုင်ကြတာများတယ်။" ကိုမာကီး ကပြောကြားသည်။
ဆုဝေ
မြန်မာခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com