http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပါကစ္စတန်တရားရုံးက မူရှာရက်၏ အာမခံရရှိရေးကို ပယ်ချ ဖမ်းဆီးဖွယ်ရှိ

Thursday, April 18, 2013
အစ္စလာမ်ဘတ်၊ ဧပြီ ၁၈။
ပါကစ္စတန်တရားရုံးသည် မစ္စတာမူရှာရက်၏ အာမခံရရှိရေး အယူခံဝင်ခြင်းကို ပယ်ချလိုက်ပြီး ၎င်းကို
ဖမ်းဆီးဖွယ်ရှိကြောင်း ၎င်း၏ရှေ့နေက ကြာသပတေးနေ့ တွင် ပြောကြားသည်။

အမိန့်ထုတ်ပြန်ပြီးနောက် မစ္စတာမူရှာရက်သည် လုံခြုံရေးအဖွဲ့နှင့် အတူ အစ္စလာမ်ဘတ် တရားရုံးမှ
ပြန်လည်ထွက်ခွာသွားကြောင်း ၎င်းက ပြောကြားသည်။

မူရှာရက်သည် လွန်ခဲ့သည့်ငါးနှစ်က ပါကစ္စတန် သမ္မတရာထူးမှ နှုတ်ထွက်ခဲ့ပြီး လန်ဒန်၊
ဒူဘိုင်းမြို့များတွင် သွားရောက်နေထိုင်ခဲ့သည်။

၎င်းသည် ပါကစ္စတန်သို့ မကြာခင်ကမှ ပြန်လည်ရောက်ရှိလာပြီး ၎င်းကိုစွဲဆိုထားသော အမှုသုံးမှုကို
ခုခံကာကွယ်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပြောကြားခဲ့သည်။

သို့သော် ယခုတစ်ပတ် အစောပိုင်းတွင် ပါကစ္စတန်ရွေးကောက်ပွဲအရာရှိများသည် ၎င်းကို ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို တားဆီးခဲ့ ကြကြောင်း ၎င်း၏ ရှေ့နေက ပြောကြားသည်။

ယခု အာမခံ အပယ်ခံရသောအမှုသည် ၎င်းအုပ်ချုပ်စဉ်က အရေးပေါ် အုပ်ချုပ်ခဲ့ရမှုဖြစ်စဉ်တွင်
အကြီးတန်းတရားသူကြီး ၆၂ ဦးကို ထိန်းသိမ်း ခဲ့ပြီး တရားမဝင်ရာထူးမှ ဖယ်ရှားခဲ့ခြင်းကြောင့်
ဖြစ်ကြောင်း သိရသည်။

၎င်းသည် မကြာမီက အာမခံကာလရက်တိုးများရခဲ့ပြီး ပါကစ္စတန်ကို ပြန်လာလျှင် ရက်အနည်းငယ်ဖမ်းဆီးခံရမည့် အရေးဖယ်ရှားပေးမည့် အကာအကွယ်ပြု အာမခံ ရရှိခဲ့သည်။

ယခုတစ်ကြိမ်တွင် မူရှာရက်သည် အာမခံငြင်းပယ်သည့် အစ္စလာမ်ဘတ် တရားရုံး ဆုံးဖြတ်ချက်ကို တရားရုံးချုပ်တွင်အယူခံဝင်ရန် ပြင်ဆင် နေကြောင်း ပါကစ္စတန်သတင်းဌာနတစ်ခုကို မူရှာရက်ပါတီက ပြောကြားသည်။

မူရာရက်သည် ၂၀၀၇ခုနှစ်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ခြင်းကြောင့် လာမည့်ရွေးကောက်ပွဲတွင်ဝင်ရောက်အရွေးမခံနိုင်ကြောင်း အင်္ဂါနေ့တွင် တရားရုံးတော်မှထုတ်ပြန် ကြေညာခဲ့သည်။
Ref: CNN
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com