Saturday, April 20, 2013
ဘော်စတွန်၊ ဧပြီ ၁၉။
ဘော်စတွန်ဗုံးခွဲမှုသံသယရှိနှစ်ဦးကို ယနေ့နံနက်တွင် အက်ဖ်ဘီအိုင်က ဓာတ်ပုံများ၊ ဗီယိုများထုတ်ပြန်ခဲ့ပြီးသံသယရှိသူနှစ်ဦးအနက် တစ်ဦး သေဆုံးသွားပြီဖြစ်ပြီး ကျန်တစ်ဦးသည် ထွက်ပြေးနေဆဲ ဖြစ်ကြောင်းလက်နက်ကိုင်ထားပြီး အန္တရာယ်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည့် မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်တွင် သေနတ်ဖြင့်ပစ်ခတ်ပြီး
ကားခိုးထွက်ပြေးကာ ဖမ်းဆီးရန် တားဆီးသော တပ်ဖွဲ့များကို ဗုံးများနှင့် ပစ်ခတ်ခဲ့သည့် သံသယရှိသူနှစ်ဦးကို လိုက်လံဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို မာရသွန်ပွဲတွင် ဗုံးခွဲသူများဟု အာဏာပိုင် များက ယုံကြည်ကြသည်။
လိုက်လံဖမ်းဆီးရာတွင် တစ်ဦးသည် ရဲများနှင့် တိုက်ခိုက်မှုဖြစ်ပွားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားပြီးကျန်တစ်ဦးမှာ နီးစပ်ရာရပ်ကွက် အတွင်းဝင်ရောက် ထွက်ပြေးသွားကြောင်း တာဝန်ရှိသူများကပြောကြားသည်။
ထွက်ပြေးသွားသည့် သံသယရှိသူကို ရှာဖွေရန် ပြည်နယ်တပ်ဖွဲ့များသည် ဝေါ့တားတောင်းရပ်ကွက်တစ်ဝိုက်တွင်အိမ်ပေါက်စေ့ လိုက်ရှာ နေကြောင်း သိရသည်။
၎င်းရပ်ကွက်ရှိလူများကိုလည်း အိမ်တံခါးများကို ပိတ်ထားရန် ၊ပြတင်းပေါက်များနှင့် တံခါးများမှ
ဝေးဝေးနေရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။ ယခု ထွက်ပြေးနေသောသူသည် အက်ဘီအိုင်ကထုတ်ပြန်ခဲ့သည့် မာရသွန် သံသယရှိသူတစ်ဦးဖြစ်သည့် ဦးထုတ်အဖြူဆောင်းထားသူနှင့် အလွန်တူညီသောကြောင့် ရဲများက တစ်ဦးဖြစ်သည် ဟုယူဆထားသည်။
Ref:CNN
မြန်မာ့ခေတ်
ဘော်စတွန် ဗုံးဖောက်ခွဲမှု သံသသရှိသူ နှစ်ဦးတွင် တစ်ဦးသေဆုံး၊ ကျန်တစ်ဦးပြေးဆဲဟု ရဲကပြောကြား
Labels:
ပြည်ပသတင်း