http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ငွေစုငွေချေး ကိစ္စများနှင့်ပတ်သက်သည့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်


Saturday, April 20, 2013
ရန်ကုန်၊ ဧပြီ ၂၀။
ပြည်ထောင်စု ဝန်ကြီးများမှ ငွေစုငွေချေး ကိစ္စများနှင့်ပတ်သက်သည့် တွေ့ဆုံရှင်းလင်းပွဲကို စက်ရုံ၊
အလုပ်ရုံမှ ပိုင်ရှင်များ၊ အလုပ်သမား များနှင့် ယနေ့နံနက်က လှိုင်သာယာ စက်မှုဇုန်၊ ကနောင်ခန်းမတွင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းဆွေးနွေးရှင်းလင်းပွဲသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလှုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် သမဝါယမ ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းတို့မှ တက်ရောက် အမှာစကားများ ပြောကြားပြီး လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်ရှင်အလုပ်သမားများ၏ လူမှုဘဝ ဖူလှုံရေးကို အခြေပြု၍ ငွေစုငွေချေးခြင်း လုပ်ငန်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိသည်။

“ဒီလုပ်ငန်းက စီးပွားရေးအတွက်တင် မဟုတ်ပါဘူး၊ ပညာရေး ကျန်းမာရေးကဏ္ဍတွေနဲ့ပါ ဆိုင်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ပြောကြားသည်။

ငွေစုငွေချေးလုပ်ငန်းအား အောင်မြင်အောင် ဆောင်ရွက်သင့်ပြီး ထိုသို့အောင်မြင်ရန်မှာလည်း
ချေငွေရယူပြီး အမှန်တကယ် သမအသင်း အသီးသီးမှ ဝန်ထမ်းများ၊ ပိုင်ရှင်များ၊ကျေးရွာဒေသခံများ၊ အန်ဂျီအိုများ၊ ဝန်ထမ်းများ၊ အလုပ်သမားဝန်ကြီးဌာနများ စသည်တို့ပူးပေါင်းပြီး ဆောင်ရွက်ပါက အောင်မြင်မှု ရရှိနိုင်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

ယင်းတွေ့ဆုံ ရှင်းလင်းပွဲသို့ လှိုင်သာယာ စက်မှုဇုန်အတွင်းမှ လုပ်ငန်းရှင်များ၊ အလုပ်သမားများ၊
သမဝါယမ ဝန်ထမ်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ စီးပွားရေး ပညာရှင်များ တက်ရောက် ခဲ့ကြပြီး
စက်မှုဇုန် အလုပ်ရှင် တစ်ဦးနှင့် အလုပ်သမား ကိုယ်စားလှယ် တစ်ဦးတို့မှ ပြည်ထောင်စု ဝန်ကြီးများနှင့်
အပြန်အလှန် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဝေယံ
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com