http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ပါက ဘဏ္ဍာရေး ကိစ္စများကို အဓိကဆွေးနွေးမည်

Saturday, April 20, 2013
ရန်ကုန်(မဇ္ဈိမ)။      ။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှု အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် လာမည့် ဧပြီလ ၂၆ ရက်နေ့ မနက်(၉)နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပမည်ဟု သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က မဇ္ဈိမသို့ ပြောသည်။

၎င်းက “ကျွန်တော်ကတော့ ဆွေးနွေးပွဲမှာ ပေါ်ပေါက်လာတဲ့ အခြေအနေမှာ မူတည်ပြီးတော့ ကျွန်တော် စိတ်ဝင်စားတဲ့ issue (အကြောင်းအရာ) အပေါ်မှာ ဆွေးနွေးပါမယ်။ ကြိုတင် ပြင်ဆင်ထားတာတော့   မရှိပါဘူး”  ဟုဆိုသည်။

ထို့အပြင် ၎င်းအနေဖြင့် နိုင်ငံရေးပါတီများ၏ ရန်ပုံငွေကိစ္စကို အဓိကဆွေးနွေး သွားမည်ဖြစ်ပြီး မှတ်ပုံတင်ဥပဒေ၊ နည်းပညာ ဥပဒေနှင့် ဆန့်ကျင်၍ ဘဏ္ဍာငွေ ကောက်ခံနေသည့် ကိစ္စများ၊ ဥပဒေနှင့် မညီ ရဲတင်းစွာ လုပ်ကိုင်နေမှုများကို ဆွေးနွေးသွားမည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) မှ ဦးမျိုးထွန်းက “ကျွန်တော်တို့ ပါတီအနေနဲ့က လူထုရဲ့ အခက်အခဲတွေကို အကူအညီပေးတဲ့ အခါမှာ လူထုကလည်း အခြားမတတ်နိုင်သူတွေကို ကူညီပေးလို့ ရအောင် ပြန်လှူပေးတဲ့ငွေနဲ့ပဲ ရပ်တည်နေတာပါ။ ပါတီက ရန်ပုံငွေရှာတာလဲ မလုပ်ပါဘူး။ ဘာအကြောင်းနဲ့ ပဲဖြစ်ဖြစ် ရန်ပုံငွေကို မရှာခဲ့တာပါ” ဟု ပါတီရန်ပုံငွေနှင့် ပတ်သတ်၍ ရှင်းပြခဲ့သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) မှအတွင်းရေးမှူး ဦးသာထွန်းလှက မိမိတို့ပါတီအနေဖြင့် မည်သည့်အကြောင်းအရာများကို ဆွေးနွေးရမည်ဟု မသေချာသေးကြောင်း မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်မှ ဦးဥာဏ်ဝင်းကမူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပေးထားသော
ခေါင်းစဉ်များကိုသာ ဆွေးနွေးဖြစ်မည်ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ဥက္ကဌ ဦးခင်မောင်ဆွေက ပါတီများ၏ ဘဏ္ဍာရေးကိစ္စများနှင့် အခြားကိစ္စများလည်း ဆွေးနွေးမည်ဟုဆိုသည်။

ဧပြီလ ၂၆ ရက်နေ့တွက် ဆွေးနွေးမည့် အကြောင်းအရာများမှာ မဲဆန္ဒစာရင်း တင်သွင်းမှု နိုင်ငံရေး ပါတီများ၏ ရန်ပုံငွေထောက်ပံ့မှု၊ နိုင်ငံရေး ပါတီများ၏ (Code of Conducts) လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း၊ ဆန္ဒမဲပေးရန် ပညာပေးမှု ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ ပါဝင်လေ့လာ
ပေးနိုင်မှုများ ဆွေးနွေးကြမည်ဟု ဖိတ်စာတွင်ပါကြောင်း ဦးသိန်းညွှန့်က ရှင်းပြသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည့် နိုင်ငံရေး ပါတီများသာမက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခဲ့သော အမျိုးသာ ဒီမိုကရေစီအဖွဲ့အချူပ်နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ်တို့ကိုပါ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း နိုင်ငံရေး ပါတီများမှ သိရသည်။
ခိုင်ခိုင်
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com