http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပေးထားတဲ့ကတိက၀န်ကျေဖို့ လမ်းပွင့်နေပါပြီလို့ ဆိုလာသူ ဒေါ်ဖြူဖြူသင်း

ဓာတ်ပုံ – အောင်သိုက်
ရန်ကုန်၊ ဧပြီ ၂၂။
မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲဖြစ်စဉ် များထဲတွင် အရေးကြီးသော မှတ်တိုင်များထဲတွင် ၂၀၁၂
ဧပြီလ(၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲသည် ဒီမိုကရေစီ ပြောင်းလဲရေး
ဖြစ်စဉ်များအတွက် ချန်ထားခဲ့၍ မရသော နေ့တစ်နေ့ပင်ဖြစ်သည်။

ယင်းကြားဖြတ် ရွေးကောက်ပွဲတွင် အများစု အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သည်လဲ
လွှတ်တော်တွင်း နိုင်ငံရေးကို အခြေခံ ဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများ ရရှိရန်အတွက် ဆောင်ရွက်သွားမည်ဟု ထိုစဉ်က ပြည်သူများကို ကတိက၀တ်ပြုခဲ့ ကြသည်။ ထို့အတွက်ကြောင့်ပင် ပြည်သူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို တခဲနက် မဲပေးရွေးချယ်ခဲ့ကြသည်မှာ တစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ကုန်လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးချယ်တင်မြောက်ခြင်း ခံရသူ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

MMA။    ။အစ်မရေ အစ်မပြည်သူ့လွှတ်တော်က ဖွဲ့ထားတဲ့ ကော်မတီတွေထဲမှာ ဘယ်ကော်မတီမှာ ပါတယ်ဆိုတာရယ် ကော်မတီရဲ့ တာဝန်က ဘာလဲဆိုတာကို အရင်ဆုံးပြောပြပေးပါဦး။

PPT။      ။ပြည်သူ့လွှတ်တော် စီးပွါးရေးနှင့် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်ပါ။    
ကော်မတီရဲ့ အဓိကတာဝန်က အစိုးရကပြုလုပ်နေတဲ့ စီမံကိန်းတွေဟာ အမှန်တကယ် လိုအပ်မှုရှိ မရှိဆိုတာရယ် တကယ်လို့ လုပ်ဖို့လိုအပ်တယ် ဆိုရင်လဲ ဘတ်ဂျက်စာရင်းတွေကို ပြန်လည် စီစစ်ပေးရတာပါ။ ဒီမှာလုပ်ကိုင်ရတာ နည်းနည်းတော့ အခက်အခဲရှိတယ်ပေါ့ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ဝန်ကြီးဌာနတွေ အနေနဲ့ ဘတ်ဂျက်တင်ပြတာ နောက်ကျမှုလေးတွေ ရှိတဲ့အခါကျတော့ နည်းနည်းတော့ ခက်ခဲတာလေးတွေရှိတယ်။ နောက်ပိုင်းမှာ ကော်မတီ တစ်ခုတည်းက ကိုင်တာမျိုး မလုပ်တော့ပဲ လွှတ်တော်ထဲမှာ ရှိတဲ့ကော်မတီတွေက နေပြီးတော့ စီမံကိန်းတွေကို ခွဲပြီးစစ်တာတို့ လုပ်ကိုင် ဆောက်ရွက်ရပါတယ်။ တစ်ချို့ဝန်ကြီးဌာနတွေကလဲ စီမံကိန်းတွေ ဘတ်ဂျက်တွေ တက်မလာတာလဲ ရှိတယ်။ ဒါတွေကို ပြန်ပြီးတင်ပေးဖို့ ဆွေးနွေးရတာတွေလည်း ရှိပါတယ်။

MMA။      ။အစ်မရေ ဒီလွှတ်တော်သက်တမ်း တစ်နှစ်အတွင်း မှာပေါ့နော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေပြီးတော့ ရွေးကောက်ပွဲမှာ ပြည်သူတွေကို ပေးထားတဲ့ ကတိက၀တ်တွေ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး နဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်သွားမယ်လို့ ပြောထားခဲ့တာ ရှိတယ်ပေါ့။ အဲဒီ လုပ်ငန်းစဉ်တွေကို ဘယ်အတိုင်းအတာထိ လုပ်ဆောင်ပြီးပြီလဲ ဆိုတာကို သိပါရစေ။

PPT။         ။ဒါကတော့ အားလုံးလလည်း သိပြီးသားဖြစ်မှာပါ။ အဲဒါကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို  ကော်မတီ ဖွဲ့ပြီးတော့ လုပ်နေတာတွေရှိတယ်။ တစ်ချို့အရာတွေမှာလဲ ထင်သာမြင်သာမရှိ သေးတာလဲ ရှိတာပေါ့။ အမှုတွဲပေါင်းကလည်း ကော်မတီကို ခြောက်ထောင်ကျော် ခုနှစ်ထောင်လောက် ရောက်နေတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကောမတီရှိသလို အခြားကော်မတီ တစ်ခုလည်းရှိတယ်။ အဲဒီကော်မတီကို သူရဦးအောင်ကို ဦးဆောင်တဲ့အဖွဲ့က လုပ်ဆောင်နေတာပါ။

တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့လောလောဆယ် အခြေအနေမှာ မတရားတဲ့ ကိစ္စတွေကို လွှတ်တော်ထဲမှာ ကြားနာတာ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပေါင်းပြီးတော့ ကြားနာမှုတွေ လုပ်တာတွေတော့ ရှိပါတယ်။ တစ်ချို့ ကိစ္စတွေဆိုရင် ကော်မတီကနေပြီးတော့ သက်ဆိုင်ရာ မြို့နယ်အလိုက်ကို အမှုတွဲတစ်ခုခြင်းစီ အလိုက်ပေါ့။ လိုအပ်ချက်တွေရှိလာရင်သက်ဆိုင်ရာ တရားရုံးတွေနဲ့ ချိတ်တွဲ ဆောင်ရွက်နေတာတွေ ရှိတယ်။ အဲဒီလိုဆောင်ရွက်လိုက်တဲ့ အခါကျတော့ တစ်ချို့ အရာတွေဆိုရင် အစဉ်ပြေသွားတာ ရှိတယ်။ တစ်ချို့ကိစ္စတွေ ကျတော့လဲ တရားမမှုလို အမှုမျိုးတွေ ဆိုရင်တော့ အရမ်းနှစ်တွေ ကြာနေတာတွေရှိတယ်။ ဒါတွေကို ကော်မတီက နေပြီးတော့ တဖြည်းဖြည်းခြင်း ဆောင်ရွက်နေပါတယ်။တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး တစ်ဘက်က အခုလို ဆောင်ရွက်နေသလို အရင်ဥပဒေ အဟောင်းတွေကို ပြန်လည်ပြင်ဆင် အသစ်ရေးဆွဲနိုင်ဖို့ကို ပြည်သူ့လွှတ်တော်ကနေပြီးတော့ ဆောင်ရွက်နေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး အတွက်လဲ အခုဆိုရင် အစိုးရကဦးဆောင်ပြီးတော့ လုပ်နေတယ်။ ဒါပေမဲ့လည်း အဲဒါက အခုချိန်ထိ သိပ်ပြီးတော့ အောင်မြင်တာကို မတွေ့ရသေးဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အဆက်မပြတ် လွှတ်တော်ထဲကို စရောက်တဲ့ အချိန်ကနေပြီးတော့ အခုလွှတ်တော်ပြီးဆုံးသွားတဲ့ အထိကိုကချင်ပြည်နယ် အရေးကိစ္စတွေ အခြားတိုင်းရင်းသား ကိစ္စတွေကို  လိုအပ်မယ်ဆိုရင် အချိန်မရွေးသူလုပ်မယ်ဆိုပြီးတော့ တင်ပြထားတာတွေရှိတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲ ၀င်စဉ်ကပေးထားတဲ့ ကတိကိုအကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်ချင်တယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးဆိုတာက အားလုံးပူးပေါင်း ဆောင်ရွက်မှသာ အစဉ်ပြေမှာပါ။ အစိုးရအနေနဲ့ကော နိုင်ငံရေး ပါတီတွေ အနေနဲ့ ကောပေါ့နော်။

အခုဆိုရင် လက်နက်ကိုင်အဖွဲ့တွေကော အားလုံးကနေပြီးတော့ ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်မှာပါ။
အခုချိန်ထိတော့ လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ ကမ်းလှမ်းထားတာ အားလုံးလဲ သိပါတယ်။ ပြည်တွင်း
ငြိမ်းချမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ဖို့ အမြဲတမ်း အစဉ်သင့် ရှိနေတယ် ဆိုတာကိုတော့ အမြဲတန်းပြောနေတာပါ။

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်အနေနဲ့ အမြဲတန်း ပြောနေတာပါ။ ထူးဆန်းတာကအခုလွှတ်တော် နောက်ဆုံးရက်မှာ ပြည်ထောင်စ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီကနေပြီးတော့ ပြင်ဆင်ဖို့အတွက်ကို ပြည့်သူ့လွှတ်တော်မှာတင်ပြီး ပြည်ထောင်စု လွှတ်တော်ကနေ အဲဒါကိုလုပ်ဖို့ကို ဆုံးဖြတ်ချက် ချလိုက်တယ်။ လွှတ်တော်ကိုယ် စားလှယ်အားလုံးကလဲ ဒါကို သဘောတူတယ်။ ပြီးတော့ ပြင်ဆင်မယ်၊ ပယ်ဖျက်မယ်၊ လိုအပ်ရင်အသစ်ပြန်ရေးဆွဲမယ် ဆိုပြီးတော့ လေ့လာသုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းတာဝန်ပေးထားတာ ရှိပါတယ်။

အဖွဲ့ချုပ်က ပြည်သူကို ပေးထားတဲ့ ကတိက၀တ်တွေအတွက် နှစ်ချက်ကတော့ လုပ်ကိုင်ဆောင်ရွက်ဖို့ လမ်းစပွင့်နေတယ်လို့ပဲ ပြောလို့ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ပတ်သက်လို့ကတော့ အမြဲတန်း ကမ်းလှမ်းပြီးအစဉ်သင့် ရှိနေတယ် ဆိုတာကို အစိုးရသိအောင် ပြောထားပြီးပါပြီ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လွှတ်တော်တွင်း နိုင်ငံရေးကို ဆောင်ရွက်မှုတစ်နှစ်တာကာလအတွင်း ပြည်သူကို ပေးထားသော ကတိက၀တ်များကို တည်အောင် အစဉ်တစ်စိုက် ကြိုးစားနေသလိုတစ်ဘက်ကလဲ အဖွဲ့ချုပ်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့သက်ဆိုင်ရာ မဲဆန္ဒရှင် ပြည်သူများ၏ လတ်တစ်လောအခက်အခဲများကိုလည်းဒေသအလိုက်သက်ဆိုင်ရာ အာဏာပိုင် များနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့် ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က မြန်မာ့ခေတ်သို့ ပြောကြားခဲ့သည်။
မြင့်ကျော်
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com