http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အာဆီယံခေါင်းဆောင်များ လာမည့်ဆွေးနွေးပွဲတွင် ရေပိုင်နက်ဆိုင်ရာ သဘောတူညီရေး ဦးစားပေးဆွေးနွေးမည်

ဘန်ဒါဆရီဘက်ဂဝန်၊ ဧပြီ ၂၂။
အာဆီယံခေါင်းဆောင်များသည် ယခုတစ်ပတ် ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် စည်းဝေးပွဲတွင် တရုတ်နိုင်ငံနှင့် ရေပိုင်နက်အငြင်းပွားနေမှုအ ပေါ် အချင်းချင်း သဘောချင်းမတိုက်ဆိုင်ခဲ့ခြင်းကို အဆုံးသတ်ပြီး
ညီညွတ်ရေးလမ်းကြောင်းကို ဦးတည်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် သဘာဝသယံဇာတကြွယ်ဝသည့် တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အားလုံးနီးပါးကို ၎င်းတို့၏နယ်မြေအဖြစ် တိုးမြှင့်ပြောကြားနေမှုကို ဆန့်ကျင်သောအားဖြင့် ဆွေးနွေးပွဲကိုပြုလုပ်ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည်
တောင်တရုတ်ပင်လယ်တွင်းတွင်တည်ရှိကြပြီး ၎င်းတို့နှင့် ရေပိုင်နက်အငြင်းပွားမှုများ ရှိနေခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်က ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများမှ အာဆီယံနိုင်ငံများကို အတူတကွဖြေရှင်းရန်
တောင်းဆိုခဲ့သော်လည်း တရုတ်နှင့် နီးစပ်သော မဟာမိတ်ဖြစ်သည့် ကမ္ဘောဒီးယားက ကန့်ကွက်သောကြောင့်အထမမြောက်ခဲ့ပေ။

အင်ဒိုနီရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလက်ဂဝါသည် ဗုဒ္ဓဟူးနေ့တွင် စတင်မည့်ဆွေးနွေးပွဲတွင်
အာဆီယံနိုင်ငံများသည် တောင်တရုတ် ပင်လယ်အတွင်းတွင် ပူးပေါင်းရှေ့ပြေးတပ်ကို ထားရှိရမည်ဖြစ်ကြောင်း အလေးထားဆွေးနွေးမည်ဖြစ်သည်။

“အာဆီယံ အင်အားတောင့်မှ တိုးတက်မှုတွေ လုပ်ဆောင်နိုင်မှာဖြစ်တယ်၊ ကျွန်တော်တို့တွေ
တစ်သားတည်းဖြစ်နေရပါမယ်” ဟု ၎င်းက ပြော ကြားခဲ့သည်။

ဘရုနိုင်းအနေနှင့် ယခုနှစ်ဆွေးနွေးပွဲတွင် အာဆီယံအုပ်စု နှင့် တရုတ်နိုင်ငံတို့ကြား ဥပဒေနှင့်ညီမျှသည့်ကျင့်ဝတ်ပုံစံတစ်ခုကို ယခုနှစ်အကုန် တွင် ရရှိရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတ အကွီနိုသည် ၎င်းကျင့်ဝတ်ပုံစံအတွက် အကြိုကောက်ချက်တစ်ခုချနိုင်ရေးကို တိုက်တွန်းမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ရာအူးလ် ဟာနန်ဒက်ဇ်က သတင်းထောက်များကို မကြာမီကပြောကြားခဲ့သည်။

သို့သော်  တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ကြီးနှင့် ဆွေးနွေးသည်ထက် တစ်နိုင်ငံချင်းနှင့်သာ
တိုက်ရိုက်ဆွေးနွေးလိုစိတ်ရှိနေသောကြောင့် ယခုနှစ်ကုန်အထိ ပြီးပြတ်နိုင်မည်မဟုတ်ဟု လေ့လာသူများက ဆိုသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား နှင့် ဘရူနိုင်းနိုင်ငံအနီးရေပိုင်နက်များပင် ၎င်းတို့ အပိုင်ဖြစ်သည် ဟု ပြောကြားထားသည်။ တရုတ်နှင့်ဗီယက်နမ်သည် ၁၉၇၄ခုနှစ်နှင့် ၁၉၈၈ခုနှစ်တို့တွင် ဒေသတွင်း ကျွန်းများအငြင်းပွားမှုကြောင့် စစ်ရေးပဋိပက္ခများ ရှိခဲ့သည်။

ယခုနှစ်မတ်လ နှောင်းပိုင်းတွင် တရုတ်နိုင်ငံက မလေးရှားနိုင်ငံကမ်းစပ်နှင့် ကီလိုမီတာ ၈၀သာဝေးကွာသောနေရာများအထိ ရောက်ရှိနိုင်သည့် သင်္ဘောများနှင့် တောင်တရုတ်ပင်လယ်အတွင်းတွင်
နယ်မြေကျယ်ကျယ်ပြန့်ပြန့် ကင်းလှည့်မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သော ကြောင့် တရုတ်နှင့်
ဘက်ပြိုင်နေရသောနိုင်ငံများသည် ပိုမိုလှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။

ယခု တစ်ခေါက်အာဆီယံဆွေးနွေးပွဲတွင် ၂၀၁၅ အာဆီယံစီးပွားရေးအသိုင်းအဝိုင်းကို တည်ထောင်ရေးကိုလည်းအလေးထားဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ မေ ၅ တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် အာရုံစိုက်နေရသည့် မလေးရှားဝန်ကြီးချုပ်သည် ယခု ဆွေးနွေးပွဲကို တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
Ref: AFP
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com