http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မစ္စတာကင်တားနား မြန်မာကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ဟု ဦးသိန်းညွန့်ဆို

Thursday, April 4, 2013
ရန်ကုန်၊ ဧပြီ ၄။
အကြမ်းဖက်မှု ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိ အစိုးရ ပါဝင်ပတ်သတ်မှု ရှိသည်ဟု ပြောကြားခဲ့သော ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှည် မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားသည် မြန်မာပြည်ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ဟု ယူဆ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

မတ်လအတွင်း ဖြစ်ပွားခဲ့သော မြန်မာပြည် အလယ်ပိုင်း အဓိကရုဏ်း အကြမ်းဖက်ဖြစ်စဉ်များ၏ နောက်ကွယ်တွင် လက်ရှိအစိုးရ ပါဝင်ပတ် သတ်မှု ရှိသည်ဟု မစ္စတာကင်တားနားက မတ်လ ၂၉ ရက်နေ့တွင် စွပ်စွဲပြောကြားခဲ့သည်။ ယင်းကဲ့သို့ စွပ်စွဲပြောကြားချက်များနှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က လက်ရှိ အသွင်ကူးပြောင်းရေး ကာလတွေမှာ မမှန်မကန်ရပ်တည်နေတဲ့ အင်အားစုတွေက ပေးတဲ့ အချက်အလက်တွေ မခိုင်မာတဲ့အချက်တွေနဲ့ စွပ်စွဲခြင်းဟာ အလွန်မှား ယွင်းသော လုပ်ရပ်ပါဟု ဆိုသည်။
“မစ္စတာ ကင်တားနားက ရှေ့နေတစ်ယောက်ပဲ။ ရှေ့နေဆိုတာ မှန်မှန်ကန်ကန် အချက်အလက် ယူသင့်ပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။ လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတွင် တားဆီးနေသူများ၊ မိမိအာဏာရရန်အတွက် ပြည်သူ့အသက် အိုးအိမ်ကို ချနင်းရန် ဝန်မလေးသော သူများလည်း ရှိနေကြောင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများသည် တိုင်းပြည်အေးချမ်းသာယာမှသာ လုပ်ဆောင်နိုင် ကြောင်း၊ အစိုးရမှာ လက်ရှိအာဏာရှိနေ၍ ယင်းကဲ့သို့ အခြေအနေမျိုးကို အဖြစ်မခံနိုင်ကြောင်း၊ ထို့အတွက် မြန်မာ့အရေးနှင့် ပတ်သတ်လာပါ က မှန်မှန်ကန်ကန် မသုံးသပ်နိုင်သော အချက်အလက်မှန်မှန်ကန်ကန် မရှိသော မစ္စတာကင်တားနားသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ပါဘူး ဟု ဦးသိန်းညွန့်က ပြောသည်။

မစ္စတာ ကင်တားနားသည် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးနှင့် ပတ်သတ်၍ အစီရင်ခံစာ တင်သွင်းရာတွင်လည်း ပြည်တွင်း အဖွဲ့အစည်းအများအပြား၏ ဝေဖန်ကန့်ကွက်မှု ခံခဲ့ရသေးသည်။
လူမင်း
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com