http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာ့ခေတ် မြန်မာပြည်တွင် တရားဥပဒေစိုးမိုးမှု လုံးဝမရှိသေး ဟု ရဲမင်းဦးပြောကြား

Thursday, April 4, 2013
ရန်ကုန်၊ ဧပြီ ၄။
မြန်မာပြည်တွင် တရားဥပဒေစိုးမိုးမှု လုံးဝမရှိသေးဟု ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီ)မှ ကိုရဲမင်းဦးက ယနေ့ နံနက် ၁၀ နာရီခန့်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်လာစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။ “လူတစ်ယောက်ကို ဖမ်းချင်တိုင်းဖမ်း၊ ထောင်ထဲ ထည့်ချင်တိုင်းထည့်၊ လုပ်ချင်သလိုလုပ်၊ အမှုတွေနဲ့ မတရားသဖြင့် လုပ်နေသရွေ့တော့ ဒီတိုင်းပြည်ဟာ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး” ဟု ၄င်းက ပြောသည်။

ကိုရဲမင်းဦးကို မတ်လ ၂၅ ရက် ညပိုင်းတွင် အမည်မသိလူနှစ်ဦးက ဆွေးနွေးရန် ရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားပြီး လမ်းကနေ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ယင်းပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ၂၆ ရက်တွင် ဗဟန်းရဲစခန်း၌ လူပျောက်မှုအမှတ် ၁၃/၂၀၁၃ဖြင့် အမှုဖွင့်ခဲ့ပြီး ၁ ရက်နေ့တွင် ယင်းရဲစခန်းမှ ကိုရဲမင်းဦး မိသားစုထံသို့ ၄င်းအား ဖမ်းဆီးထားသည်ဟု ဆိုတာ အကြောင်းကြားလာကြောင်း ကိုရဲမင်းဦး၏ မိသားစုထံမှ သိရသည်။ “ဖမ်းဝရမ်းမပါဘဲ လိမ်လည်ခေါ်ဆောင်သွားပြီး လမ်းကနေ ဖမ်းသွားတာဟာ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်လိုက်ခြင်း ဖြစ်တယ်။

ခုလောလောဆယ်တော့ ဆရာတော်တွေ တရားဟောဖို့ နောက်ကနေ ကြိုးကိုင်တယ်ဆိုပြီး ၅၀၅/ခ နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ဒါကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌ ကိုရဲမြတ်ဟိန်းက ပြောကြားသည်။ ကိုရဲမင်းဦးက “ဆရာတော်တွေရဲ့ သြဝါဒနဲ့အတူ ယဉ်ကျေးသိမ်မွေ့တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ဖို့ ယဉ်ကျေးလိမ္မာ သင်တန်း တွေ ဖွင့်ဖို့ ကြိုးစားနေတယ်။

သူတို့လုပ်ရပ်တွေကို တရားခံရှာဖို့ ကျွန်တော်တို့ကို ဖမ်းထားတာ။ ၉၆၉ ဆရာတော်တွေကို အပြစ်ဖို့ပြီး ကျွန် တော့်ကို အရင် စစ်ကြောရေးလုပ်နေတာ” ဟု ပြောသည်။ ကိုရဲမင်းဦး အဖမ်းခံရခြင်းနှင့် ပတ်သတ်၍ ၉၆၉ ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဘာသာကို လေးစားမြတ်နိုးစေရန် ပြုလုပ်ထားသော လှုပ်ရှားမှုတစ်ခုသာ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာထွန်းကားသော တိုင်းပြည်တစ်ခုတွင် ဗုဒ္ဓဘာသာအကြောင်းအရာတွေ ပြုလုပ်၍ အဖမ်းခံရ ခြင်းမှာ မဖြစ်နိုင်သည့် ကိစ္စတစ်ခုသာ ဖြစ်ကြောင်း နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောကြားသည်။
“အိမ်မှာ လာဖမ်းတယ်ဆိုရင်တော့ ဖမ်းဝရမ်းပါမှ ရတယ်။ ဒါပေမယ့် လမ်းကနေ ဖမ်းတာဆိုရင်တော့ ဖမ်းဝရမ်း ပါစရာမလိုဘူး။ ကိုရဲမင်းဦးကို လူပျောက်ဖွင့်တုန်းက ကျွန်တော်တို့ လိုက်ရှာပေးပါတယ်။ ကျွန်တော်တို့ဆီက ၁ ရက်နေ့မှာ အကြောင်းကြားတယ်ဆိုတာ မဟုတ်ပါဘူး” ဟု ဗဟန်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် လင်းထွဋ်က ပြောကြားသည်။

ကိုရဲမင်းဦးသည် ၂၀၀၇ ရွှေဝါရောင်သံဃာတော်များ လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ၆ နှစ်ခွဲထောင်ကျခဲ့ပြီး ၂၀၁၁ခုနှစ် ၁၀ လပိုင်းတွင် ပြန် လည်လွတ်မြောက်ခဲ့ကြောင်း၊ ကိုရဲမင်းဦးကို အနောက်ပိုင်းခရိုင် ရဲမှူးက ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယခုအကြိမ်သည် အနောက်ပိုင်းခရိုင် တရား ရုံးတွင် ဒုတိယအကြိမ်မြောက် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com