http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဝိတိုရိယဆေးရုံတွင် နိုင်ငံခြားမှ ဆရာဝန်များ ကုသပေးမည့် နား၊ နှာခေါင်း၊ လည်ချောင်းဌာနကို စတင်ဖွင့်လှစ်

ရန်ကုန်၊ဧပြီ ၇။
နိုင်ငံခြားမှဆရာဝန်များ ကုသပေးမည့် အဆင့်မြင့် ဆေးကိရိယာများ တပ်ဆင်ထားသော နား၊ နှာခေါင်း၊ လည်ချောင်းဌာနဖြစ်သော High Tech ENT-Head & Neck Surgery One Stop Solution ကို ၀ိတိုရိယ ဆေးရုံကြီးတွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ၀ိတိုရိယဆေးရုံ ဥက္ကဌ ဦးဇော်ဝင်းရှိန်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါဝေဒနာရှင်များမှာ နိုင်ငံခြားတွင် သွားရောက် ကုသမှုများရှိရာ ငွေကြေးချမ်းသာသော လူနာရှင်များအတွက်ပင် စားရိတ်စားကမှာ အလွန်ကြီးမားကြောင်း၊ ယခု ၀ိတိုရိယ ဆေးရုံတွင် နိုင်ငံခြားတွင် သွားရောက် ကုသရသကဲ့သို့ ကုသပေးနိုင်သည့် နောက်ဆုံးပေါ် အဆင့်မြင့် ဆေးဝါးကုသမှု ကိရိယာများ တပ်ဆင်ထားသော နား၊ နှာခေါင်း၊ လည်ချောင်း ကုသသော ဌာနကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ ဆေးကုသမှုဌာနတွင် စကာင်္ပူ၊ ထိုင်း၊ အမေရိကန် စသော နိုင်ငံခြားမှ နား၊ နှာခေါင်း၊ လည်ချောင်း ကုသရာတွင် နာမည်ကျော်ကြားသော ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ ကျွမ်းကျင် ပါမောက္ခဆရာဝန်ကြီးများမှ ကုသပေးမည်ဖြစ်ကြောင်း ၀ိတိုရိယဆေးရုံမှ တာဝန်ရှိသူ ဒေါက်တာဦးစိုးတင့်က ပြောကြားသည်။

“မွေးရာပါ နားမကြားတ လူနာတွေကို နောက်ဆုံးပေါ် နည်းနဲ့ကုသလို့ရနေပြီ။ ဒါပေမယ့် အဲ့ဒီကလေးက နားကြားသွားပေမယ့် မပြီးပြည့်စုံသေးဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေက စကားကတော့ မပြောတတ်ကြဘူး။ ဒါကြောင့် အဲ့ဒီကလေးတွေကို စကားပြောလည်း သင်ပေးရတယ်။

ဒီလိုမျိုး ကုသမှုတွေကို ဒီမှာ ကုသပေးနိုင် တော့မှာပါ” ဟု ဒေါက်တာ ဦးစိုးတင့်က ပြောကြားသည်။ ၀ိတိုရိယဆေးရုံမှာ ကုတင် ၁၀၀ဆန့် ဆေးရုံဖြစ်ကြောင်း၊ ကုတင် ၃၀၀ဆန့် ဆေးရုံအဖြစ် တည်ဆောက်ကာ ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ ၀န်ထမ်း ၁၀၀၀ကျော်ကို ခန့်အပ်ပြီး ဆေးရုံကို ချဲ့ထွင်ရန်လည်း အစီအစဉ်၇ှိကြောင်း ၊ ထို့အပြင် ၀ိတိုရိယဆေးရုံကို အများပိုင်ဆေးရုံအဖြစ်ပြောင်းလဲရန်အစီအစဉ်ရှိပြီး ရှယ်ယာများ ကို ရောင်းချရန်လည်း စီစဉ်လျက်ရှိကြောင်း ၀ိတိုရိယဆေးရုံ၏ ဥက္ကဌဖြစ်သူ ဦးဇော်ဝင်းရှိန်က ပြောကြားသည်။ ဆုဝေ
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com