http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရဲမင်းဦးနှင့် ပတ်သက်သူလေးဦး ထပ်မံ အမှုဖွင့်ခံရ

ရန်ကုန်၊ ဧပြီ ၇။
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် ဧပြီ ၄ ရက်နေ့က ကိုရဲမင်းဦးအား ရုံးထုတ်လာစဉ် ကိုရဲမင်းဦးနှင့် တွေ့ခွင့်ပေးရန် တောင်းဆိုသူလေးဦးကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

ကိုရဲမင်းဦးကို ရုံးထုတ်စဉ်အခါက ကိုရဲမင်းဦးသည် အစွပ်စွဲခံရသူတစ်ဦးသာဖြစ်ပြီး တရားခံမဟုတ်ကြောင်း၊ ထို့ကြောင့် အစွပ်စွဲခံရသူတစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရသင့်ကြောင်း ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌ ကိုရဲမြတ်ဟိန်းက ပြောကြားသည်။

“ကျွန်တော်တို့ ပြောတာက ခင်ဗျားတို့ ဒီအခွင့်အရေးတွေကို မချိုးဖောက်ပါနဲ့။ ဒီလို ပြောလာရင်းကနေ ရုံးပြင်ကို ရောက်လာတော့ လူတွေ အများကြီးဝိုင်းသွားတယ်။ ကျွန်တော်တို့လည်း လူအုပ်ကြားမှာ ထွက်လို့မရတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ကိုရဲမင်းဦးနှင့် ပတ်သတ်ပြီး ဧပြီလ ၆ ရက်တွင် ကိုရဲမင်းဦး၏ ညီ ကိုရဲမင်းအောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုချစ်ကိုလင်းနှင့် မနိုးနိုး (ခ) မနွဲ့နှင်းရည် တို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃၅၃/၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“အချုပ်ကားပေါ်ခေါ်မယ့်ဆဲဆဲမှာ မီဒီယာတွေက မေးတာမြန်းတာတွေ ရှိတယ်။ ရဲတွေက ၀တ္တရားနှောင့်ယှက်တယ်၊ ခြိမ်းခြောက်တယ် ဆိုရ အောင် ယူနီဖောင်းကြီး ဝတ်ထားတဲ့ ရဲတစ်ယောက်ကို သာမာန်ပြည်သူတစ်ယောက်က ဘာတွေများ ခြိမ်းခြောက်နိုင်မှာလဲ။ ဒါကို တရားစွဲဆို နိုင်တဲ့ အမှုကြီးတစ်ခုလို့တော့ ကျွန်တော် မမြင်ပါဘူး။ ဒါတွေဟာ ခေါ်ပြီး စစ်မေးရင်လည်း ရတာပဲဗျာ” ဟု ဥပဒေပညာရှင် ဦးအောင်သိန်းက ပြောကြားသည်။ ယင်းအမှုသည် တရားစွဲဆိုနိုင်သည့် ပုဒ်မကြီးတစ်ခုမဟုတ်ကြောင်း၊ ယခုလို အမှုရှာသည့် သဘောမျိုးဖြင့် လူငယ်မျိုးဆက်များကို ထောင်များ တွင် မလိုအပ်ဘဲ ထည့်သွင်းချင်သည့်စိတ်သည် ယခင်အစိုးရ၏ လက်ကျန်အယူအဆများသာဖြစ်ကြောင်း ယင်းက သုံးသပ်ပြောကြားသည်။

ယင်းကဲ့သို့ ကိုရဲမင်းဦး၊ ၎င်း၏ ညီငယ်နှင့် မိတ်ဆွေသုံးဦးကို အမှုဖွင့် အရေးယူထားသည့်အပေါ် ဧပြီလ ၇ ရက်တွင် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီက အစိုးရအနေဖြင့် ယခုကဲ့သို့ အာဏာရှင်ဆန်ဆန် ပြုမူခြင်းများကို ဆက်လက်မပြုလုပ်ဘဲ လူ့အခွင့် အရေး၊ နိုင်ငံသားအခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်တန့်ပေးရန်၊ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော ကိုရဲမင်းဦးအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ကိုရဲမင်းအောင်၊ ကိုချစ်ကိုလင်း၊ ကိုရဲမြတ်ဟိန်း၊ မနိုးနိုး (ခ) မနွဲ့နှင်းရည်တို့အပေါ် ပုဒ်မ- ၃၅၃/၅၀၆ ဖြင့် အမှုဖွင့်ထားခြင်းအား ပြန်လည်ရုတ်သိမ်းပေးရန် စသည့် အချက်များ ပါဝင်သော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ရည်မွန်
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com