http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သင်္ကြန်အတတ်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြည်မြို့န၀င်းရပ်ကွက်ရှိ နေအိမ်အချို့ ပျက်စီးပြိုကျ

လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျသွားသော ဆန်စက်နှင့် လူနေအိမ်များအား တွေ့ရစဉ်
သင်္ကြန်အတတ်နေ့ဖြစ်သော ဧပြီလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၀င်းကျင်အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ပြည်မြို့ န၀င်းရပ်ကွက် အပိုင်အတွင်းရှိ ဖိုးခေါင် (၁)၊ ဖိုးခေါင်(၂)၊ ဖိုးခေါင် တိုးချဲ့ကွက်သစ်၊ ချောင်းနားတန်း၊ မာကလာကုန်း၊ ဘောဂကွက်သစ်၊ န၀င်းမြောက်၊ န၀င်းအလယ်အုပ်စုများ အတွင်းရှိ လူနေအိမ် ၁၁၁ လုံး မှာ အမိုးလန်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၂၂ လုံးမှာမူ လုံးလုံးပြိုကျ ပျက်စီးခဲ့ကြောင်း သိရကာ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သတင်းရရှိသည်။ ထို့အပြင် ရှမ်းစုကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းဆောင် ခေါင်မိုးများမှာလည်း လွင့်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲဒီနေ့က ပထမက မိုးလေးက တဖျောက်ဖျောက်နဲ့ နောက်တော့ တဖြည်းဖြည်းလေက ကြမ်းလာပြီး ခေါင်မိုးတွေအကုန် ပွင့်ထွက်ကုန်တာပဲ။ အနီးနားက ဆန်စက်ကို ကြည့်လိုက်တော့ ဘာမှမရှိတော့ဘူး။ ဆန်စက်က ဒိုင်းတွေ၊ သွပ်တွေ အကုန်လုံးက လွင့်ပြီး ကျနော်တို့ အိမ်နားကို လာဆောင့်တာ မိနစ် ၂၀ လောက်ပဲ တိုက်ပြီးတော့ နေတွေဘာတွေ ပြန်ထွက်လာပြီး ချက်ခြင်း ငြိမ်သွားပါတယ်” ဟု လေပြင်းတိုက်ခတ်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဖိုးခေါင်အုပ်စုမှ ကိုဘိုဘိုက ဆိုပါသည်။

“ကျွန်တော်တို့ ချောင်းနားတန်းမှာကတော့ လေပြင်းဒဏ်ကြောင့် လူနေအိမ် ၃၄ လုံး ပျက်စီးသွားပါတယ်။ အဲဒီအထဲက အိမ် ၈ လုံးကတော့ လုံးလုံးပြိုကျ ခဲ့ပါတယ်။ ပြိုကျတဲ့အိမ် အများစုက အိမ်သေးလေးတွေ ဖြစ်ပါတယ်။ မနေ့က နှစ်ဆန်း တစ်ရက်နေ့မှာတော့ စုပေါင်းရှင်ပြု အသင်းကနေ အိမ်ပြိုကျတဲ့ လူတွေကို ဆန် ၁၂ ပြည်နဲ့ ငွေငါးထောင်ကျပ် လာပြီးလှူသွားပါတယ်” ဟု ချောင်းနားတန်းအုပ်စု ရာအိမ်မှူးဖြစ်သူ ဦးဇော်ထွန်းက ဆိုပါသည်။

လက်ရှိတွင် လေပြင်ဒဏ် ခံစားရသည့် နေရာများသို့ ပြည်မြို့ရှိ လူမှုရေးအဖွဲ့ အစည်းအချို့မှ သွားရောက် ကူညီ ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း သိရပြီး ပြည်မြို့မှ လွှတ်တော်ကိုယ်စားလှယ် များမှလည်း သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရကာ အုပ်ချုပ်ရေးဆိုင်ရာ ဘက်မှ ဧပြီလ ၁၈ ရက်နေ့အထိ မည်သည့် အကူအညီ အထောက်အပံ့မှ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com