http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘော်စတွန် ဗုံးပေါက်ကွဲမှု ဒုတိယမြောက် သံသယရှိသူကို အရှင် ဖမ်းဆီးမိ

ဘော်စတွန် ဗုံးပေါက်ကွဲမှုအတွက် ဒုတိယမြောက် သံသယရှိသူ Dzhokar Tsarnaev အား တွေ့ရစဉ် (Photo: AFP)
ဘော်စတွန် မာရသွန်ပြိုင်ပွဲတွင် ဗုံးပေါက်ကွဲမှုအတွက် ဒုတိယမြောက် သံသယရှိသူကို မက်ဆာချူးဆက်ပြည်နယ်ရှိ နယူးတောင်းမြို့တွင် ပိုက်စိပ်တိုက်ရှာဖွေခဲ့ပြီးနောက် ဧပြီ ၁၉ ရက်နေ့ ညပိုင်းတွင် အသက်ရှင်လျက် ဖမ်းဆီးရရှိခဲ့သည်။

“ရှာဖွေမှုတွေ ပြီးဆုံးပါပြီ။ ဖမ်းဆီးရရှိပြီ။ ထိတ်လန့်မှုတွေ ပြီးဆုံးပြီ။ တရားမျှတမှုက အနိုင်ရရှိခဲ့ပြီး သံသယရှိသူကို ထိန်းသိမ်းထားနိုင်ပါပြီ” ဟု ဒုတိယမြောက် သံသယရှိသူကို ဖမ်းဆီးရရှိပြီးနောက်တွင် ဘော်စတွန် ရဲတပ်ဖွဲ့က Twitter တွင် ဖော်ပြခဲ့သည်။

ဖမ်းဆီးရရှိထားသူသည် အသက် ၁၉ နှစ်အရွယ်ရှိ Dzhokar Tsarnaev ဖြစ်သည်ဟု အာဏာပိုင်များက အတည်ပြုခဲ့သည်။ ၀ါးတားတောင်းမြို့တွင် ရဲများပစ်ခတ် ဖမ်းဆီးမှုကြောင့် ၎င်း၏ အစ်ကိုဖြစ်သူ Tamerlan Tsarnaev သည် သေဆုံးခဲ့ပြီး ၎င်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ Dzhokar Tsarnaev အား သူပုန်းအောင်းနေသည့် လှေတစ်ခုတွင် ချောင်ပိတ်ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်သည်။

Dzhokar Tsarnaev ၏ အခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး အဆိုပါ ပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ထိန်းသိမ်းထားကြောင်း ဘော်စတွန် ရဲမင်းကြီး Ed Davis က ပြောကြားခဲ့သည်။

ခြံဝန်းတစ်ခု၏ အနောက်ဘက်ရှိ လှေတစ်စင်းကို ဖယ်ရှားခဲ့ပြီးနောက် သွေးထွက်သံယို ဖြစ်နေသည့် လူတစ်ဦးကို တွေ့ရှိခဲ့သည်ဟု Ed Davis ကဆိုသည်။


(Photo: AFP)
“အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ သူသေနတ်ထိမှန်ခဲ့လား ဆိုတာကို မသိပါဘူး” ဟု Ed Davis ကဆိုသည်။ အဆိုပါ သံသယရှိသူကို လက်နက်ချရန်အတွက် ပြောကြားခဲ့သော်လည်း ၎င်းက လက်နက်ချရန် ငြင်းဆိုခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

“လှေကိုဖုံးထားတာတွေကို ဖယ်ဖို့အတွက် စက်ရုပ်တစ်ခုကို အသုံးပြုခဲ့တယ်။ ရဟတ်ယာဉ်ပေါ်ကနေ အပူအာရုံခံ ကင်မရာတစ်ခုနဲ့ သူ့ကို စောင့်ကြည့်ခဲ့တယ်။ သွေးထွက်လွန်နေတဲ့ အတွက်ကြောင့် သူအရမ်း အားနည်းနေတယ်” ဟု မက်ဆာချူးဆက်ပြည်နယ် ရဲအဖွဲ့မှ David Procopio က ပြောကြားခဲ့သည်။

ဘော်စတွန်မြို့ ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားခဲ့ပြီး ဗုံးဖောက်ခွဲမှုအတွက် သံသယရှိသူကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ နှစ်ဦးသည် ပေါင်းအိုးကို အသုံးပြုပြီး ဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

“ဒီဖြစ်ရပ်ဆိုးရဲ့ အရေးပါတဲ့ အထောက်အထားတစ်ခုကို ကျွန်တော်တို့ အဆုံးသတ်ခဲ့ပါပြီ” ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ရုပ်သံမှ မိန့်ခွန်းပြောကြားမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဗုံးဖောက်ခွဲမှုအတွက် သံသယရှိသူကို ဖမ်းဆီးရရှိခဲ့သည့် သတင်းကို ထုတ်ပြန်ခဲ့ပြီးနောက်တွင် ၀ါတားတောင်းမြို့မှ ဒေသခံများက ဘော်စတွန် SWAT အဖွဲ့ဝင်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

သံသယရှိသူနှစ်ဦး၏ ဓာတ်ပုံများကို အက်ဖ်ဘီအိုင်က ထုတ်ပြန်ခဲ့ပြီးနောက် နာရီအနည်းငယ် အတွင်းတွင် ပြစ်မှုကျူးလွန်သူများကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့် Tamerlan Tsarnaev (အသက် ၂၆ နှစ်) သည် ပေါက်ကွဲစေသော ပစ္စည်းများကို ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားခဲ့သည်ဟု အမည်မဖော်သည့် သတင်းရင်းမြစ် တစ်ဦးက စီအင်န်အင်န် သတင်းဌာနသို့ ပြောကြားခဲ့သည်။
Ref: CNN
EMG

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com