http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့်အဖွဲ့အား တရားစွဲဆိုခဲ့သည့် နိုင်/ကျဉ်းဟောင်းတစ်ဦးက ယခု သက်သေအဖြစ်သာ ရပ်တည်တော့မည်

Thursday, April 4, 2013
နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုအောင်ထွန်းသည် အကျဉ်းထောင်အတွင်း ၎င်းကိုနှိပ်စက်ထားမှုများနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်မှူးကြီးဟောင်းများဖြစ်သော ဦးသန်းရွှေ အပါအဝင် ၅၀ဦးတို့အား တရားစွဲဆိုမှုကို ၂၀၁၂ခုနှစ်တွင် ပြုလုပ်ထားခဲ့သော်လည်း ယခုအချိန်တွင် ၎င်းအနေဖြင့် တရားစွဲခြင်း မပြုလုပ်ဘဲ နိုင်ငံတကာမှ တရားဥပဒေဆိုင်ရာ တရားစီစဉ်ရေးအဖွဲ့တချို့နှင့် ပူးပေါင်း၍ သက်သေအဖြစ်သာ ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တစ်ဦးတည်းအနေနဲ့ ထောင်ကျတုန်းက အနှိပ်စက်ခံရတာကို မကျေနပ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ဦးသန်းရွှေအပါအဝင် အစိုးရအဖွဲ့ထဲက လူ ၅၀ကို တရားစွဲပြီး တောင်းပန်ခိုင်းဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်က နိုင်ငံတကာက ICC နဲ့ ICJ တို့ကိုချိတ်မိပြီး ကျွန်တော်က သူတို့ဆီက ပြည်တွင်းနိုင်ငံသား အဖွဲ့ဝင်အဖြစ်နေပြီး သက်သေအဖြစ်နဲ့ပဲ ဆက်လက် လုပ်သွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ယခုကဲ့သို့ International Criminal Court နှင့် International Court of Justice အဖွဲ့တို့နှင့် ချိတ်ဆက်မိသည့်အတွက် ကိုအောင်ထွန်းသည် ယင်းအမှု၏ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ၁၉၈၈ခုနှစ်မှ ၂၀၁၀ခုနှစ်အထိ ဒုက္ခခံခဲ့ရသည့် ပြည်သူလူထုကို တောင်းပန်စေရန် သက်သေအဖြစ်သာ ပြုလုပ်မည်ဟု သိရသည်။ “ဒီလိုမျိုးလုပ်တာက လုပ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ သူ့ခံစားမှု သူ့အခွင့်အရေးပဲ။ အခုလိုမျိုး အစိုးရသစ် လက်ထက်မှာ အရင်အစိုးရကို ပြန်တရားစွဲတာကလည်း အခုလက်ရှိလုပ်ဆောင်နေတဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ထိခိုက်တာမျိုးမရှိဘူး။ ဒါပေမယ့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာကိုက သူတို့ကို ကာကွယ်ထားတဲ့ ဥပဒေတွေက ရှိနေတာဆိုတော့ နိုင်ငံတကာက ICC တို့ ICJ တို့ကတော့ ဘယ်လိုမျိုး နိုင်ငံတကာ ဥပဒေပုဒ်မတွေနဲ့ လုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်”ဟု နိုင်/ကျဉ်းဟောင်းများ အဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံ ဦးတင်ရွှေက ပြောကြားသည်။

ယင်းသို့ နိုင်ငံအသီးသီးမှ ပြည်သူလူထုက မကျေနပ်သော နိုင်ငံရေး ခေါင်းဆောင်များအား တရားစွဲမှု ပြုလုပ်ရာတွင် နိုင်ငံတကာ ဥပဒေပုဒ်မများဖြင့် ကူညီပေးလျက်ရှိသည့် ICC နှင့် ICJ အဖွဲ့က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအား တရားစွဲဆိုရန်ကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသား ၁၀၀နီးပါးကလည်း အဖွဲ့ဝင် သက်သေများအဖြစ် ပါဝင်ထားကြောင်း သိရသည်။

ယခုကဲ့သို့ တရားစွဲဆိုမှု၌ အစိုးရအဖွဲ့အစည်းမှ ပါဝင်မည်ဆိုပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်းနှင့် ၎င်းအမှုအား တဦးတည်း တရားဆွဲဆိုပါက အမေရိကန်ဒေါ်လာ ၅၀၀၀ကုန်ကျမည့်အတွက် အဖွဲ့ဝင်အဖြစ်နေပြီး တရားစွဲဆိုချိန်တွင် သက်သေအဖြစ် နေပေးရန်လိုအပ်ကြောင်း မတ်လ ၃ရက်နေ့၌ ICC နှင့် ICJ အဖွဲ့ခေါင်းဆောင်အချို့က ဦးအောင်ထွန်းအား အကြံပေး ပြောကြားသွားကြောင်း သိရသည်။ TMA
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com